Friday, April 3, 2026

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဗဟိုဘဏ်မှ CMP...

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော် လည်း အချုပ်အခြာအာဏာကိုထိပါးစေမည့်...

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာကိုထိပါးစေမည့် မည်သည့်ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုမဆိုလက်မခံဟု ယနေ့ ဧပြီ ၂ ရက်ကထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၃...

ရန်ကုန်သင်္ကြန်အတွက် ရေဆက်သွယ်ကစားရန် ခွင့်ပြုမိန့် လျှောက်ထားရမည်ဟု...

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွင်း ရေကစားမဏ္ဍပ်များတွင် ရေကိုစနစ်တကျ ဆက်သွယ်အသုံးပြုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရေဆက်သွယ်ကစားလိုသူများအနေဖြင့် ကော်မတီပိုင် ရေပိုက်လိုင်းများ၊ အင်းလျားကန်နှင့်...

သင်္ကြန်ပိတ်ရက်အတွင်း မြန်မာ့မီးရထားလမ်းကြောင်းများ ပုံမှန်ပြေးဆွဲမည်ဖြစ်ပြီး ရှုခင်းကြည့်ရထားများလည်း...

သင်္ကြန်ပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန် မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် လမ်းပိုင်းများအပါအဝင် နိုင်ငံတစ်ဝန်းရှိ လူစီးရထားများကို နေ့စဉ်ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရှုခင်းကြည့်ရထားများလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း...
HomeNewsLocal Newsမဲစာရင်း မှန်ကန်ပြည့်စုံအောင် နည်းပညာဖြင့်...

မဲစာရင်း မှန်ကန်ပြည့်စုံအောင် နည်းပညာဖြင့် ဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲကော်မရှင် ပြော

မဲစာရင်းများပြုစုရာတွင် မဲဆန္ဒနယ်များအလိုက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများအတွက် မဲဆန္ဒရှင်စာရင်းများ၊ ရွေးကောက်ပွဲတစ်ရပ်၏ အချက်အလက်များကို အလွယ်တကူသတ်မှတ်ကာ မဲစာရင်းမှန်ကန်ပြည့်စုံရေး နည်းပညာအရ စာရင်းပြုစုနိုင်သည့် ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) ကို အဆင့်မြှင့်တင် အသုံးပြုနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထံမှသိရသည်။

ယမန်နေ့ စက်တင်ဘာ ၆ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) ကို အဆင့်မြှင့်တင်သည့်အကြောင်း ရှင်းလင်းသည့်အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အထက်ပါ စီမံခန့်ခွဲမှုစနစ် (CVLMS) သည် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းများကို မှန်ကန်ပြည့်စုံအောင် နည်းပညာဖြင့် ဆောင်ရွက်နိုင်ခြင်း၊ မဲရုံများလွယ်ကူစွာသတ်မှတ်နိုင်ခြင်း၊ မဲစာရင်းတွင် အသက် ၁၈ နှစ် မပြည့်သေးသူများ၊ ‌ေ-သဆုံးသူများ မပါဝင်စေရန်နှင့် မဲစာရင်းများမထပ်စေရန် စိစစ်ဆောင်ရွက်နိုင်ခြင်းတို့အပြင် FPTP ၊ PR ရွေးကောက်ပွဲစနစ် နှစ်မျိုးလုံးတွင် အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု လည်းဆိုသည်။

ထို့အပြင် ကော်မရှင်အဖွဲ့ ခွဲအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားနိုင်ခြင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာနယ်မြေများကို ပြောင်းလဲပြင်ဆင် ထပ်တိုးပယ်ဖျက်ခြင်းများရှိပါက အချက်အလက်များ ထိခိုက်မှုမရှိဘဲ ပြင်ဆင်နိုင်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။

ယင်းအဆင့်မြှင့်တင်သည့် ရှင်းလင်းပွဲတွင် စနစ်ရေးဆွဲခဲ့သည့် နည်းပညာအဖွဲ့ အဖွဲ့ခေါင်းဆောင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) မှ ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်က အဆင့်မြှင့်တင်ထားသည့် ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်နှင့်စပ်လျဉ်း၍ စနစ်တည်ဆောက်ထားမှု၊ လုံခြုံရေးစနစ်တည်ဆောက်ထားမှု၊ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ကြည့်ရှုခြင်း၊ စိစစ်ခြင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟို အဆင့်ဆင့်က သတ်မှတ်တာဝန်များဆောင်ရွက်နိုင်မှု၊ မဲရုံအလိုက် မဲစာရင်းများရရှိအောင်ဆောင်ရွက်မှု၊ စနစ်အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲစနစ် FPTP နှင့် PR နှစ်မျိုးလုံးအတွက် ဆောင်ရွက်နိုင်မှုတို့ကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်းလည်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှ ပဉ္စမမြောက်လုပ်ငန်းဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၃၅၉,၀၀၀.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၄,၁၀၆,၇၂၀.၀၀ အား စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ လည်းကောင်း ဧပြီ ၂ ရက်နေ့က ရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။ ဧပြီ ၂ ရက်နေ့တွင် FX Trading ၌ စားသုံးဆီမှ (၁၆)ရာခိုင်နှုန်း ၊...

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော် လည်း အချုပ်အခြာအာဏာကိုထိပါးစေမည့် ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုလက်မခံ

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာကိုထိပါးစေမည့် မည်သည့်ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုမဆိုလက်မခံဟု ယနေ့ ဧပြီ ၂ ရက်ကထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၃၁ ရက်အထိ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၆၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအ နေများကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဘက်လိုက်မှုကင်းစွာရှုမြင်သုံးသပ်ရန်ပျက်ကွက်နေကာ ဆန့်ကျင်ဖက်အဖွဲ့အစည်းများထံမှရရှိသည့် ခိုင်လုံမှုမရှိသောသတင်းအ ချက်အလက်များကိုအခြေခံသည့် ဆွေးနွေးနေမှုများပြုလုပ်ခဲ့သည်မှာစိတ်ပျက်ဖွယ်ဖြစ်သည်ဟု ထုတ်ပြန်ရေးသားထားသည်။ မြန်မာနိုင်ငံအနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်  ပြည်တွင်းငြိမ်းချမ်းရေး၊...

ရန်ကုန်သင်္ကြန်အတွက် ရေဆက်သွယ်ကစားရန် ခွင့်ပြုမိန့် လျှောက်ထားရမည်ဟု အသိပေး

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွင်း ရေကစားမဏ္ဍပ်များတွင် ရေကိုစနစ်တကျ ဆက်သွယ်အသုံးပြုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရေဆက်သွယ်ကစားလိုသူများအနေဖြင့် ကော်မတီပိုင် ရေပိုက်လိုင်းများ၊ အင်းလျားကန်နှင့် ကန်တော်ကြီးကန်တို့မှ ရေကို ယာယီဆက်သွယ်အသုံးပြုလိုပါက ၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နေ့လည် ၁၂ နာရီမတိုင်မီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) သို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်သည်။ လျှောက်လွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများရှိ (ရေ/သန့်) တာဝန်ခံရုံးများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင် အခမဲ့ထုတ်ယူနိုင်ပြီး လျှောက်ထားရာတွင် သတ်မှတ်ပုံစံအတိုင်း ဖြည့်စွက်ကာ သက်ဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071