Wednesday, August 12, 2026

ကမာရွတ်တွင် ဘဏ်ရှေ့ရပ်ထားသည့် ကားပေါ်မှ ငွေကျပ်...

ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသွားသူအား သက်သေခံ...

ငဝန်တာတမံပြုပြင်ရာ၌ ​Sheet Pile ရိုက်ရမည့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့်နေရာအား ​ဆောက်လုပ်​ရေးဝန် ကြီးဌာနမှစီမံကြီးကြပ်၍  Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများအား အ ချိန်တိုအတွင်းပြီးစီးနိုင်​ရေးအတွက်အ ရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း...

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) ပထမနေ့အား မနက်ဖြန်...

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစ ကားပြောကြားပြီးနောက်...

အာဆီယံအတွင်းရေးမှူးချုပ်နှင့်အာဆီယံဆိုင်ရာမြန်မာသံရုံးတာဝန်ခံတို့ တွေ့ဆုံ

ဩဂုတ် ၁၂ ရက် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်း သည် အာဆီယံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမြဲတမ်းကိုယ်စားလှယ်ရုံးယာယီတာဝန်ခံ ဦး မန်ဟောက်ထန်...
HomeMoviesမဲခေါင်မြစ်ရေ စိုးရိမ်ရေမှတ်ရောက်ခါနီးဖြစ်နေပြီး ထိုင်း-လာအို...

မဲခေါင်မြစ်ရေ စိုးရိမ်ရေမှတ်ရောက်ခါနီးဖြစ်နေပြီး ထိုင်း-လာအို နယ်စပ်ဈေးကို ရေလွှမ်း

​သြဂုတ်လ ၁၂ ရက်နေ့မှာ မဲခေါင်မြစ်ရေဟာ ကမ်းကို‌ကျော်ကာ လျှံတက်လာပြီးတော့ နခွန်ဖနုံ (Nakhon Phanom) မြို့မှာရှိတဲ့ ထိုင်း-လာအို နယ်စပ်ဈေးကို ရေဝင်သွားပါတယ်။ ရေမှတ်က ၁၁.၉၈ မီတာအထိ ရောက်နေပြီး စိုးရိမ်ရေမှတ်ရောက်ဖို့ ၂ စင်တီမီတာပဲ လိုပါတော့တယ်။

​ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီ ရေတိုင်းတာရေး တာဝန်ရှိသူတွေရဲ့ မှတ်တမ်းတွေအရဆိုရင် မနေ့ကထက် ရေက ၁၅ စင်တီမီတာ ပိုတက်လာတယ်လို့ သိရပါတယ်။ နေ့လယ်ပိုင်းလောက်ဆိုရင် စိုးရိမ်ရေမှတ်ကို ရောက်သွားနိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

​မဲခေါင်မြစ်ရေတွေ မြို့ထဲကို ပြန်မဝင်လာအောင် နခွန်ဖနုံ စည်ပင်သာယာရေး အာဏာပိုင်တွေက အဓိက ရေစုပ်စက်ရုံတွေမှာရှိတဲ့ ရေတံခါး (၄) ခုစလုံးကို ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။

​ဘွန်ကန် (Bueng Kan) ခရိုင်နဲ့ လာအိုဘက်ခြမ်းကနေ စီးဆင်းလာတဲ့ ရေတွေကြောင့် နခွန်ဖနုံမြို့နဲ့ ၂၈ ကီလိုမီတာလောက်ဝေးတဲ့ မောင်း (Muang) မြို့နယ်၊ ဘန်ကလန်း (Ban Klang) ကျေးရွာအုပ်စုက မြစ်ကမ်းဘေး စိုက်ပျိုးရေးခြံတွေလည်း ရေမြုပ်သွားပါတယ်။

​ငှက်ပျော၊ ဝါး နဲ့ အုန်းမွှေး စိုက်ခင်း ဧက ၄၀ (၁၀၀ ရိုင်) ကျော် ရေမြုပ်သွားပြီး ရေအနက် ၁ မီတာလောက်အထိ ရှိနေပါတယ်။ ၃ ကီလိုမီတာကျော် ရှည်တဲ့ ကွန်ကရစ်လမ်းတစ်ခုလည်း ရေအောက်ရောက်သွားပါတယ်။

​ယာယီ နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ ဒေသထွက် ကုန်ပစ္စည်းရောင်းတဲ့ အဆောက်အဦးတွေကတော့ ပိုပြီး ထိခိုက်နစ်နာကြပါတယ်။ ဈေးသည်တွေဟာ ပစ္စည်းတွေ အချိန်မီ မရွှေ့နိုင်လိုက်တာကြောင့် အမှိုက်ပုံး ၅ ပုံး၊ ၆ ပုံးလောက် ရေထဲမျောပါသွားပြီး ရေခဲပုံး၊ စားပွဲ၊ ကုလားထိုင်တွေလည်း ရေပေါ်မှာ မျောနေကြပါတယ်။ တချို့ကတော့ ကိုယ့်ပစ္စည်းတွေကို ကြိုးတွေနဲ့ ချည်ပြီး ထိန်းထားရပါတယ်။

​အသက် ၅၉ နှစ်အရွယ် ဒေါ်ဒေါင်စဝမ် (Daosawan) ကတော့ သူ့မှာ ဝါးရုံ ၂၀၀ ကျော်ရှိတဲ့ ဝါးစိုက်ခင်း ၃ ခု (ရိုင် ၃၀ ကျော်) ရှိတယ်လို့ ဆိုပါတယ်။ မဲခေါင်မြစ်ရေ ရုတ်တရက် တက်လာတာကြောင့် သြဂုတ်လ ၉ ရက်နေ့ကတည်းက သူ့ရဲ့ စိုက်ခင်း ၂ ခုက ရေ ၁ မီတာလောက်အထိ နစ်မြုပ်သွားခဲ့တာပါ။ ပုံမှန်ဆိုရင် သူက မြို့ပေါ်က ဈေးတွေကို မျှစ်တွေ ခုတ်ရောင်းလေ့ရှိပြီး တစ်နေ့ကို အနည်းဆုံး ကီလို ၅၀ လောက် အော်ဒါရလေ့ရှိတယ်လို့ ဆိုပါတယ်။

​ဗုဒ္ဓဟူးနေ့မှာတော့ ဖောက်သည်တစ်ယောက်က ကီလို ၂,၀၀၀ အော်ဒါမှာထားပါတယ်။ ဒါပေမဲ့ ရေမမြုပ်ဘဲ ကျန်နေတာက ဝါးရုံ ၅၀ လောက်ရှိတဲ့ စိုက်ခင်းတစ်ခုပဲ ကျန်တော့တာဆိုတော့ အော်ဒါကိုမီပါ့မလားလို့ သူက စိုးရိမ်နေပါတယ်။ တော်တော်လေး အရှုံးပေါ်နိုင်ပြီး ရေမြုပ်သွားတဲ့ စိုက်ခင်းနှစ်ခုကနေ ဝါးတွေခုတ်ဖို့ လှေကိုပဲ အသုံးပြုရနိုင်တယ်လို့လည်း သူက ပြောပါတယ်။

​ဘန်ကလန်း ကျေးရွာအုပ်စုက အသက် ၆၇ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဘွန်းချာရွန် ဖရွန်ဘွတ် (Booncharoen Phrombutr) ကတော့ အထက်ပိုင်းကနေ ရေတွေ အရှိန်နဲ့ စီးဆင်းလာတာရယ်၊ မိုးသည်းထန်တာရယ်ကြောင့် လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်ကတည်းက မဲခေါင်မြစ်ရေ တဖြည်းဖြည်း လျှံတက်လာတာလို့ ပြောပါတယ်။ တချို့နေရာတွေမှာ ရေအနက် ၁ မီတာလောက်ရှိပြီး တချို့နေရာတွေမှာတော့ ၁.၅ မီတာလောက်အထိ နက်နေပါပြီ။

​လာအိုဘက်ခြမ်းမှာလဲ ရေကြီးနေတဲ့အတွက် ဘန်ကလန်း ကျေးရွာအုပ်စု၊ ဘန်နတ် (Ban Nad) ရွာရဲ့ တစ်ဖက်ကမ်း လာအိုဘက်က ပါပန် (Pak Peng) ရွာက ဈေးသည်တွေဟာ တောကြွက်၊ ရှဉ့်၊ မှို နဲ့ ပိုးကောင်တွေလို တောထွက်ပစ္စည်းတွေကို လာရောင်းဖို့ နယ်စပ်ဖြတ်ကျော်ရတာ အခက်တွေ့နေကြပါတယ်။

​ယာယီနယ်စပ်ကုန်သွယ်ရေး အဆောက်အဦးတွေကနေ ဈေးသည်တွေ အချိန်မီ မရွှေ့ပြောင်းနိုင်လိုက်တဲ့ ပစ္စည်းတချို့လည်း ရေထဲမျောပါသွားပြီး ရေပေါ်မှာ ပေါလောဖြစ်နေတဲ့အတွက် လှေတွေနဲ့ လိုက်ဆယ်ယူဖို့ စောင့်နေရပါတယ်။

​တစ်ချိန်တည်းမှာပဲ စီဆောင်ခရန် (Si Songkhram) မြို့နယ်က ဆောင်ခရန်မြစ်ရေ ဟာလည်း သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ကမ်းလျှံတက်လာခဲ့ပါတယ်။

​ထာဘိုဆောင်ခရန် (Tha Bo Songkhram) ရွာနဲ့ ပက်အွန်း (Pak Un) ရွာတွေမှာ ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပါတယ်။ မြစ်ကမ်းနံဘေးမှာ ဆောက်ထားတဲ့ အိမ်တွေထဲကို ရေဝင်သွားပြီး အိမ် ၈ လုံးကနေ ၁၀ လုံးလောက်အထိက ရေအနက် ၅၀ စင်တီမီတာကနေ ၁ မီတာလောက်အထိ ရေမြုပ်နေပါတယ်။

​စီဆောင်ခရန် မြို့နယ်အုပ်ချုပ်ရေးမှူး ကွန်ကန် ကောင်းဒီ (Kornkan Kaewdee) က ကျန်းမာရေးဌာနနှစ်ခုက ဝန်ထမ်းတွေ၊ ကျေးရွာခေါင်းဆောင်တွေနဲ့အတူ အောက်ခြေပြားတဲ့ လှေတွေနဲ့ ရေဘေးသင့်ဒေသတွေကို သွားရောက်ပြီး ဒေသခံတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အကူအညီတွေ သွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်။

​အခြေအနေတွေ ပုံမှန်ပြန်မဖြစ်မချင်း ရေကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေအပြင် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ အထူးဂရုစိုက်ဖို့ လိုအပ်တဲ့ လူနာတွေရဲ့ လိုအပ်ချက်တွေကို အထူးဂရုစိုက်ပေးဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်။

​နခွန်ဖနုံ မြို့တော်ဝန် နီဝပ် ချီယာဝီရီယာဘွန်ယာ (Niwat Chiawiriyabunya) ကတော့ မဲခေါင်မြစ်ရေဟာ ဆက်လက်တက်လာနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

​ပုံမှန်ဆိုရင် မြို့ထဲကရေတွေကို မြစ်ထဲပြန်စုပ်ထုတ်ပေးနေတဲ့ မဲခေါင်မြစ်ကမ်းတစ်လျှောက် (သတ်ဆာပရာဒစ် လမ်း၊ စမွတ်ဘန်ဟန် လမ်း၊ စာတိုက်လမ်းဆုံ နဲ့ ဝပ်ဖိုစီ ကျောင်းတိုက်ရှေ့) က အလိုအလျောက် ရေစုပ်စက်ရုံ ၄ ရုံ ရှိပါတယ်။ ဒါပေမဲ့ အခုတော့ မြစ်ရေက စက်ရုံတွေ စုပ်ထုတ်နိုင်တဲ့ ပမာဏထက် ပိုများနေတဲ့အတွက် အဲ့ဒီနေရာ ၄ ခုစလုံးက ရေတံခါးတွေကို ပိတ်ထားလိုက်ရပါတယ်။

​အဲဒီအစား စခွန်နခွန် (Sakon Nakhon) ဒေသဆိုင်ရာ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေး ဦးစီးဌာနကနေ အဝေးထိန်း ရေစုပ်စက်တွေနဲ့ ကြီးမားတဲ့ ရွှေ့ပြောင်းနိုင်တဲ့ ရေစုပ်စက် ၁၀ လုံးကျော်ကို ချထားပေးသွားမှာပါ။ အကယ်လို့ မိုးသည်းထန်လို့ ရေတွေ မြို့ထဲကို ပြန်ဝင်လာမယ်ဆိုရင် မြစ်ထဲကို ချက်ချင်းပြန်စုပ်ထုတ်နိုင်အောင် အဲ့ဒီစက်တွေကို အရေးကြီးတဲ့ နေရာတွေနဲ့ မဲခေါင်မြစ်ကမ်းတစ်လျှောက်မှာ အဆင်သင့် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမာရွတ်တွင် ဘဏ်ရှေ့ရပ်ထားသည့် ကားပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသူကို သက်သေခံပစ္စည်းများနှင့်အတူ ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ

ရန်ကုန်၊ ဩဂုတ် ၁၂ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသွားသူအား သက်သေခံ ရွှေထည်နှင့် ငွေကျပ် သိန်း ၃၄၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းများအရ သိရသည်။ ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဩဂုတ်လ ၅ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် YGN 8F/2F----- NISSAN MARCH အမျိုးအစား...

ငဝန်တာတမံပြုပြင်ရာ၌ ​Sheet Pile ရိုက်ရမည့် သံချောင်း(၂၈၆)ချောင်းအနက် ယ​နေ့ သြဂုတ် ၁၂ ရက်အထိ (၇၂)ချောင်းရိုက်သွင်းပြီးဖြစ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့်နေရာအား ​ဆောက်လုပ်​ရေးဝန် ကြီးဌာနမှစီမံကြီးကြပ်၍  Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများအား အ ချိန်တိုအတွင်းပြီးစီးနိုင်​ရေးအတွက်အ ရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ Sheet Pile ရိုက်ရာတွင် ရိုက်ရမည့် သံချောင်းအရေအတွက်(၂၈၆) ချောင်းအနက် ယနေ့ သြဂုတ် ၁၂ ရက်အထိ သံချောင်း(၇၂)ချောင်းကိုရိုက်သွင်းပြီးဖြစ်ကာ Sheet Pile ဆက်ခြင်းလုပ်ငန်းများကိုဆက်လက်​ဆောင် ရွက်​လျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများကို လူအင်အား၊ စက်ယာဉ်/ယန္တ ရားများဖြင့် ​နေ့ညမပြတ်အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်   အထူးအစည်းအဝေး၌ အဆိုပြုတင်ပြခြင်း(၂)ခုပြု လုပ်မည်

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစ ကားပြောကြားပြီးနောက် ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းလျာထားချက်တို့နှင့်ပတ် သက်၍ တိုင်းအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ် တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာ ရင်းပူးပေါင်းကော်မတီတွင်ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ဥက္ကဋ္ဌနှင့် အတွင်းရေး မှူးတို့၏အမည်စာရင်းတို့ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071