မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများတွင်နေထိုင်သူများအတွက် မေးခိုင်ကာကွယ်ဆေးနှင့် ကာလ ဝမ်းရောဂါကာကွယ်ဆေးများကို တရုတ်နိုင်ငံမှ ဧပြီ ၂၆ ရက်ကပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးများသည် တရုတ်နိုင်ငံမှ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ်ပေးပို့မှုများအနက် (၉)ကြိမ်မြောက်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုအအေးခန်းဂိုထောင်သို့ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ သံမှူး Mr.Ouyang Daobing ကလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံမှ (၉)ကြိမ်မြောက်အဖြစ်ပေးပို့လှူဒါန်းသည့် ပစ္စည်းများမှာ မေးခိုင်ကာကွယ်ဆေး (၆၈၀၀၀)လုံး၊ အရွယ်ရောက်သူများအတွက် ကာ လဝမ်းရောဂါကာကွယ်ဆေး(၅၇၀၀၀၀)လုံး၊ က လေးများအတွက် ကာလဝမ်းရောဂါကာကွယ်ဆေး (၇၇၉၁၀)လုံးတို့ဖြစ်ကြောင်း သိရသည်။