မွန်ပြည်နယ်၊ မော်လမြိုင်နှင့် မုတ္တမ ဆက်သွယ်ထားသော မော်လမြိုင်သံလွင်တံတားကို ယနေ့ ဇူလိုင် (၁၆) ရက် မှစတင်၍ ဖြတ်သန်းသွားလာခွင့် အချိန်ပြောင်းလဲလိုက်ကြောင်း သိရသည်။
ယခင် နံနက် (၅)နာရီမှ ည (၉)နာရီအထိ ဖြတ်သန်းသွားလာခွင့်အား ယခုအခါ နံနက် (၆) နာရီမှ ည (၈)နာရီသို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။
” ညဘက်က ပြဿနာမရှိပေးမယ့် မနက်ပိုင်း ဖွင့်ချိန်က နောက်ကျတဲ့အတွက် ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေတဲ့ ကားတွေ အဝင်နောက်ကျကုန်တာပေါ့။ ပြီးတော့ ဒေသကဟိုဘက်ဒီဘက် ဈေးရောင်းဈေးဝယ်သွားတဲ့ သူတွေ အဆင်မပြေတာမျိုးတွေဖြစ်တာပေါ့။ ဘာ့ကြောင့်ပိတ်တယ်ဆိုတာက သိသလောက်ဆို လုံခြုံရေးအရလို့ပဲပြောရမှာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ဘားအံသံလွင်တံတားမှာလည်း နံနက် (၆) နာရီမှ ည (၇)နာရီအထိ ဖြတ်သန်းခွင့်ပြုထားသည်ဟုကြားသိရသည်။
