Saturday, May 30, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal Newsမော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်များအား ပြေးဆွဲမှုယာယီရပ်ဆိုင်းထား

မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်များအား ပြေးဆွဲမှုယာယီရပ်ဆိုင်းထား

မော်လမြိုင်-ရန်ကုန်ပြေးဆွဲနေသည့် ရထားခရီးစဥ်များအား ဇန်နဝါရီ ၂၇ ရက်(ယနေ့)မှစတင်၍ ပြေးဆွဲမှု ယာယီရပ်နားခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။

ထိုသို့ ရထားပြေးဆွဲမှုယာယီရပ်နားခဲ့ရခြင်းမှာ ဇန်နဝါရီ ၂၆ ရက်မွန်းတည့် ၁၂ နာရီကျော်ခန့်က မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်း၏ မုပ္ပလင်ဘူတာနှင့်ကျိုက္ကသာဘူတာကြားရှိ ခလွန်ချောင်းကူးတံတားအမှတ်(၄၁)၊မိုင်တိုင်အမှတ်(၈၈)တွင် မိုင်းပေါက်ကွဲခဲ့၍ ရထားဖြတ်သန်းမရသဖြင့် ရပ်နားရခြင်းဖြစ်ကြောင်း သိရသည်။

ရထားလမ်းတံတားကြံ့ခိုင်မှုမရှိသည့် အခြေအနေကြောင့် ဇန်နဝါရီ ၂၇ ရက်(ယနေ့)တွင် မော်လမြိုင်ဘူတာမှထွက်ခွာမည့် အမှတ် ၈၂ အစုန် RBE ရထားနှင့်အမှတ် ၉၀ အစုန်လေအိတ်အမြန်ရထားခရီးစဥ်များကိုလည်း ယာယီဖျက်သိမ်းခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။

ထို့ကြောင့် ဇန်နဝါရီ ၂၇ ရက်အတွက် ရထားလက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအား မော်လမြိုင်ဘူတာကြီး၏ နေ့ချင်းလက်မှတ်ရုံတွင် လက်မှတ်ခငွေများပြန်လည်ပေးချေပေးလျက်ရှိကြောင်း သိရသည်။

“ဒီနေ့ မနက် ၆ နာရီကစပြီး ဒီနေ့ခရီးစဥ်အတွက် ရထားလက်မှတ်ဝယ်ထားတဲ့လူတိုင်းကို နေ့ချင်းလတ်မှတ်ရုံမှာ လက်မှတ်ခပြန်ပေးနေပါတယ် ခန့်မှန်း ရထားပြေးဆွဲမှု တစ်ပတ်လောက်တော့ရပ်နားရမှာပါ”ဟု မော်လမြိုင်ဘူတာကြီးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် ကြံ့ခိုင်မှုအားနည်းသွားသည့် ရထားလမ်းတံတားအား မြန်မာ့မီးရထားမှတာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရန်ဆောင်ရွက်လျက်ရှိပြီး လမ်းပိုင်းပြန်ပွင့်၍ ရထားများပြန်လည်ပြေးဆွဲမည့် နေ့ရက်အားပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071