မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲအဖြစ် ဆွမ်းခြောက်လောင်းလှူပွဲအား မနက်ဖြန်(ဒီဇင်ဘာ ၂၆ ရက်)နံနက် ၈ နာရီမှစတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွမ်းခြောက်လောင်းလှူပွဲ၌ သံဃာတော်(၁၀၁) ပါးအား စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် အလှူရှင်များက လောင်းလှူသွားမည်ဖြစ်ကာ ဆွမ်းခြောက်လောင်းလှူနိိုင်ရန် ခုံတန်းများကိုလည်း အဆင်သင့်ပြင်ဆင်ပေးထားကြောင်း သိရသည်။
ထို့ပြင် နံနက်ပိုင်းမှစတင်၍ တစ်နေကုန်သည်အထိ ဆွမ်းခြောက်လောင်းလှူသူများနှင့် ဧည့်ပရိသတ်များအား စတုဒိသာအဖြစ် ရေခဲမုန့်၊ အချိုပွဲများကို ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဆရာ တော်/သံဃာတော်ကြီးများမှ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကိုလည်း ဆင်ယင်ကျင်းပခဲ့ပြီး ဘုရားဖူးလာရောက်သူများကိုလည်း နဂါးမောက်စေတီတော်မြတ်ကြီး၏ စတုဒီသာမဏ္ဍာပ်တွင် နေ့စဥ်စတုဒီသာများ၊ အချိုပွဲများ၊ နိဗ္ဗာန်စျေးများဖြင့် ဧည့်ခံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
