မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယနေ့ သြဂုတ် (၂၉) ရက် မွန်းတည့်ပိုင်းက လေအိတ်အမြန်ရထားမောင်းနှင်လာစဥ် တွဲဆိုင်းပြုတ်ထွက်သွားသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ မွန်းတည့် (၁၂) နာရီခွဲခန့်က မောင်းနှင်လာသည့် လေအိတ်အမြန်ရထားသည် မော်လမြိုင်မြို့ရှိ တောင်စွန်းဘူတာနှင့် နှင်းပုလဲဘူတာကြား ရထားလမ်း မိုင်တိုင်အမှတ် မိုင်တိုင် ၁၁၃/၆ နှင့် ၁၁၃/၇ ကြားအရောက်တွင် တွဲဆိုင်းပြုတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လေအိတ်ရထားက မောင်းလာတုန်း တွဲနံပတ် (၆) နဲ့ (၇) ကြားနေရာကနေ ပြုတ်ထွက်သွားတာပါ။ ထိခိုက်မိသူတစ်ယောက်မှ မရှိပါဘူး။ ရထားဝန်ထမ်းတွေက တွဲကိုပြန်ပြီး ချိတ်ဆက်ပေးခဲ့ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြုတ်ထွက်သွားခဲ့သည့် ရထားတွဲဆိုင်းအား မီးရထားဝန်ထမ်းများမှ ပြန်လည်ချိတ်ဆက်ခဲ့ကြရာ နေ့လည် (၁) နာရီခန့်တွင် ချိတ်ဆက်ပြီးစီးခဲ့သဖြင့် ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။