မော်စကို၊ ဇူလှိုင် ၁
မော်စကိုသည် ရုရှားနိုင်ငံရှိ မီဒီယာအများအပြားကို ဥရောပ၏ ပိတ်ဆို့အရေးယူမှုကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံ၌ လုပ်ငန်းလုပ်ဆောင်နေသော ဥရောပမီဒီယာ ၁၅ ခုကို အပြန်အလှန် ကန့်သတ်ချက်များ ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
“ယခုနှစ် ဖေဖော်ဝါရီလတွင် ဥရောပသမဂ္ဂ ကောင်စီ၏ ၁၆ ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှု အစီအစဉ်က ချမှတ်ခဲ့သော ရုရှားမီဒီယာနှင့် သတင်းရုပ်သံချန်နယ် ၈ ခု ကို ထပ်မံကန့်သတ်ချက်များအတွက် တုံ့ပြန်အရေးယူမှုအဖြစ် ရုရှားဘက်က ဥရောပသမဂ္ဂ ၁၅ နိုင်ငံက ပိုင် သော မီဒီယာအဖွဲ့အစည်း များ၏ ဝက်ဘ်ဆိုဒ်များအပေါ် မဟုတ်မမှန်လုပ်ကြံသတင်းဖြန့်ခြင်း၊ အန္တရာယ်ရှိသည့် သတင်းအချက်အလက်များဖြန့်ဝေခြင်းနှင့် ဆက်စပ်နေသောကြောင့်၊ ၎င်းတို့ကို နိုင်ငံအတွင်း ၌ကန့်သတ်မှုများ ချမှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
“ရုရှားမီဒီယာနှင့် သတင်းရုပ်သံချန်နယ်များကို ချမှတ်ထားသော ဤကန့်သတ်ချက်များကို ဖယ်ရှားလိုက်ပါက၊ ရုရှားဘက်ကလည်း ဥရောပမီဒီယာအဖွဲ့အစည်းများကို ချမှတ်ထားသော ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း” ဟုသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: ရှင်းဟွာ
