၂၀၂၆ ခုနှစ်၊ မေလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ အဆင့်ဆင့်ဝင်ရောက်လာမည်ဖြစ်ကာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
မုတ်သုံလေဝင်ရောက်မည့် ကာလများအနေဖြင့် မေ (၁၃) ရက်မှ မေ (၁၈) ရက်အထိ မြန်မာနိုင်ငံတောင်ပိုင်း၊ မေ (၁၉) ရက်မှ (၂၄) ရက်အထိ မြစ်ဝကျွန်းပေါ်ဒေသ ၊ မေ (၂၅) ရက်မှ မေ (၃၀) ရက်အထိ မြန်မာနိုင်ငံအလယ်ပိုင်း၊မေ (၃၁) ရက်မှဇွန် (၅) ရက်အထိ မြန်မာနိုင်ငံမြောက်ပိုင်းတို့ဖြစ်ကြောင်း ဆိုသည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါ အဝင် မြို့ကြီးအချို့တွင် ပုံမှန်ထက် အပူချိန် ၁.၅ ဒီဂရီဆဲလ်စီးယပ်ခန့် ပိုနိုင်ကြောင်းအသိပေးထားသည်။
ထို့အပြင် မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေများသည် လက် ရှိရေမှတ်ထက် (၅) ပေမှ (၁၂) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းသိရသည်။
