Saturday, May 23, 2026

လူငယ်များဘောလုံးအားကစားကို ပိုမိုချစ်ခင်မြတ်နိုးစေမည့် AFC Grassroots...

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)တို့၏ လူငယ်များဘောလုံးအားကစားကို ပိုမိုချစ်ခင်မြတ်နိုးစေမည့် AFC Grassroots Football Day 2026 ကို ယနေ့ မေ ၂၃...

မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အား ဆုကြေးငွေများပေးအပ်ချီးမြှင့်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်နေသော မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအ ဖွဲ့အား ဆုကြေးငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးရဲဝင့်ထွဋ်တင်က မလေးရှားရင်းဂစ်(၄,၅၀၀)၊ မြန်မာနိုင်ငံခြင်း လုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌဦးကျော်စွာစိုးက အမေရိကန်ဒေါ်လာ(၁,၀၀၀)နှင့် မလေးရှားနိုင်ငံရောက် မြန်မာပ...

စမတ်ကတ် ပျေ-ာက်ဆုံး/ပျ-က်စီးပါက လဝကရုံးများတွင် Biometric...

စမတ်ကတ် (UID) များ ပျေ-ာက်ဆုံးခြင်း သို့မဟုတ် ပျ-က်စီးမှုများ ဖြစ်ပေါ်ပါက နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေးမြို့နယ်ဦးစီးမှူးရုံးများတွင် ကိုယ်တိုင်သွားရောက်၍ Biometric စနစ်ဖြင့် စနစ်တကျ...

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲမှ မြန်မာအသင်း နှုတ်ဆက်ခဲ့ရသော်လည်း...

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ ISTAF ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အသင်းလိုက်(၃)ယောက်တွဲ (Regu Event) ကွာတားဖိုင်နယ်ပွဲစဉ်၌ မြန်မာ့လက်ရွေးစင်အသင်းသည် တောင်ကိုရီးယားအသင်းကို(၂)ပွဲ...
HomeNewsLocal Newsမေလတတိယ (၁၀) ရက်ပတ်အတွင်း...

မေလတတိယ (၁၀) ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေ မြို့ (၈) မြို့တွင် (၅) ပေအထိ မြင့်တက်နိုင်

၂၀၂၆ ခုနှစ် မေလ တတိယ (၁၀) ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြို့ (၈) မြို့တွင် (၂) ပေမှ (၅) ပေခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၂) ပေမှ (၅) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင်မူ မြစ်ရေသည် ပေဝက်မှ (၁) ပေခန့်အထိ လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အခြားသော မြစ်များ၏ ရေမှတ်များလည်း မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူငယ်များဘောလုံးအားကစားကို ပိုမိုချစ်ခင်မြတ်နိုးစေမည့် AFC Grassroots Football Day 2026 

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)တို့၏ လူငယ်များဘောလုံးအားကစားကို ပိုမိုချစ်ခင်မြတ်နိုးစေမည့် AFC Grassroots Football Day 2026 ကို ယနေ့ မေ ၂၃ ရက်နံနက် ၇ နာရီခွဲက သုဝဏ္ဏကွင်းတွင်ကျင်းပခဲ့သည်။ အဆိုပါ AFC Grassroots Football Day 2026 ကို ဘောလုံးနည်းပြဆရာများ၊ လူငယ်လက်ရွေးစင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများပါဝင်ဆင်နွှဲခဲ့ကြသည်။

မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အား ဆုကြေးငွေများပေးအပ်ချီးမြှင့်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်နေသော မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအ ဖွဲ့အား ဆုကြေးငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးရဲဝင့်ထွဋ်တင်က မလေးရှားရင်းဂစ်(၄,၅၀၀)၊ မြန်မာနိုင်ငံခြင်း လုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌဦးကျော်စွာစိုးက အမေရိကန်ဒေါ်လာ(၁,၀၀၀)နှင့် မလေးရှားနိုင်ငံရောက် မြန်မာပ ရိတ်သတ်တစ်ဦးက မလေးရှားရင်းဂစ်(၃၅၀)တို့ကိုချီးမြင့်ခဲ့ကြသည်။

စမတ်ကတ် ပျေ-ာက်ဆုံး/ပျ-က်စီးပါက လဝကရုံးများတွင် Biometric ဖြင့် ပြန်လည်ထုတ်ယူနိုင်

စမတ်ကတ် (UID) များ ပျေ-ာက်ဆုံးခြင်း သို့မဟုတ် ပျ-က်စီးမှုများ ဖြစ်ပေါ်ပါက နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေးမြို့နယ်ဦးစီးမှူးရုံးများတွင် ကိုယ်တိုင်သွားရောက်၍ Biometric စနစ်ဖြင့် စနစ်တကျ ပြန်လည်ထုတ်ယူနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်အရ စမတ်ကတ်ပြန်လည်ထုတ်ပေးရာတွင် ကာယကံရှင်၏ အမှန်တကယ်ပိုင်ဆိုင်သူဖြစ်ကြောင်း သေချာစေရန်အတွက် မြို့နယ်ရုံးများရှိ Biometric Enrollment and Verification စနစ်ကို အသုံးပြုမည်ဖြစ်သည်။ ထိုစနစ်တွင် မျက်နှာ၊ လက်ဗွေ၊ မျက်စိသူငယ်အိမ် စသည့် ဇီဝအချက်အလက်များကို e-ID စနစ်အတွင်းရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071