Monday, July 6, 2026

ဒီဇယ်ဆီ HSD (500 ppm)၊...

ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအတွက်ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန် သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို ဇူလိုင် ၃၁ ရက်အထိ...

(၇၉)နှစ်မြောက် အာဇာနည့်နေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်ရောက်ရှိ

လာမည့် ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၊  ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၊...

မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့သော စစ်ကိုင်းတောင်ရိုးပေါ်ရှိ “ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်”များကို...

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့သော စစ် ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ သမိုင်းဝင် "ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်"များကို ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ထားသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြုပြင်တည်ထားနိုင်ရန် "မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအ...

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင်...

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅...
HomeNewsLocal Newsမေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့်...

မေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီ FC ၏ လာမည့်ပွဲစဉ် ၃ ပွဲ ဖြင့် လွဲချော်မည်

ဧရာဝတီ FC အမျိုးသမီးအသင်းက ကစားသမား မေထက်လူသည် ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် လာမည့် လိဂ်ပွဲစဉ် (၄)၊ (၅) နှင့် (၆) တို့တွင် အသင်းအတွက် ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း အသင်းက တရားဝင် ထုတ်ပြန်ကြေညာထားသည်။

အသင်း၏ ထုတ်ပြန်ချက်အရ မေထက်လူသည် လက်ရှိတွင် ပြည်ပ၌ ပညာသင်ကြားနေပြီး မြန်မာနိုင်ငံနှင့် ပညာသင်ကြားနေသည့် နိုင်ငံအကြား အချိန်ကွာဟမှုအပြင် အသင်းသို့မရောက်ရှိမီကတည်းက စီစဉ်ထားခဲ့သည့် လုပ်ငန်းတာဝန်များနှင့် တိုက်ဆိုင်နေခြင်းကြောင့် ယင်းပွဲစဉ်များတွင် အပြည့်အဝ အာရုံစိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အခက်အခဲများ ရှိနေကြောင်း ဆိုသည်။

ဧရာဝတီ FC အမျိုးသမီးအသင်း ကစားသမားများ၏ ကွင်းတွင်းစွမ်းဆောင်ရည်သာမက ရေရှည်ပညာရေးနှင့် ဘဝတိုးတက်ရေးကိုလည်း အစဉ်တစိုက် အားပေးပံ့ပိုးသည့် မူဝါဒအတိုင်း မေထက်လူ၏ ပညာရေးနှင့် လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့စေရန် နားလည်ညှိနှိုင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မေထက်လူသည် ပညာရေးနှင့် လုပ်ငန်းကိစ္စများကို စနစ်တကျ ပြီးမြောက်သည့်အခါ ရာသီပိတ်လက်ကျန် အရေးကြီးပွဲစဉ်များတွင် အသင်းနှင့် ပြန်လည်ပူးပေါင်းကာ အစွမ်းကုန်ပါဝင်က စားသွားမည်ဖြစ်ကြောင်းလည်း အသင်းက အသိပေးထားသည်။

ဧရာဝတီ FC အမျိုးသမီးအသင်းအနေ ဖြင့် ကျန်ရှိသည့် ပွဲစဉ်များတွင်လည်း ပရိသတ်များအတွက် ရလဒ်ကောင်းများရရှိစေရန် အကောင်းဆုံးဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး မေထက်လူ၏ ပညာရေးနှင့် လုပ်ငန်းကိစ္စများ အောင် မြင်ချောမွေ့စေရန်လည်း ဆုမွန်ကောင်းတောင်းထားသည်။

မေထက်လူကို ချစ်သည့် ပရိတ်သတ်များအကြားတွင်လည်း မေထက်လူပါဝင် မကစားနိုင်သည့်ပွဲစဥ်များအတွက် အားမလိုအားမရ ဖြစ်နေကြသော်လည်း သူမ၏ပညာရေးအတွက်အကောင်းဆုံးကျော်ဖြတ်နိုင်ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ရာသီပိတ်ပွဲစဉ်များတွင်ပါဝင်ကစားစေလိုသည့် ဆန္ဒများရှိနေကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒီဇယ်ဆီ HSD (500 ppm)၊ ဓာတ်မြေသြဇာနှင့် LNG တင်သွင်းမှုများအတွက် ဇူလိုင် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်ရ

ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအတွက်ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန် သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို ဇူလိုင် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်အားထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းနှင့် သဘာဝ ဓာတ်ငွေ့ရည်(LNG)တင်သွင်းမှုအပေါ်ကောက်ခံသော အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကိုလည်း ဇူလိုင် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်တို့အား ထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

(၇၉)နှစ်မြောက် အာဇာနည့်နေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်ရောက်ရှိ

လာမည့် ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၊  ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အာဇာနည်ဗိမ္မာန်နေရာများအားကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ အပြီးသတ်အဆင့်ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါ ပြင်ဆင်နေမှုများကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၆ ရက်မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ Photo- ရန်ကုန်တိုင်းအစိုးရ

မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့သော စစ်ကိုင်းတောင်ရိုးပေါ်ရှိ “ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်”များကို ပြန်လည်ပြုပြင်မည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့သော စစ် ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ သမိုင်းဝင် "ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်"များကို ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ထားသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြုပြင်တည်ထားနိုင်ရန် "မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအ သင်း"(AMJSEDC)မှဦးဆောင်၍ မတည်လှူဒါန်းမှုများပြုလုပ်လျက်ရှိရာ ကုသိုလ်ယူလှူဒါန်းလိုသူများအနေဖြင့် အသင်းသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ လက်ရှိအချိန်၌ AMJSEDC ၏ မတည်လှူဒါန်းငွေများဖြင့် ပြန်လည်ပြုပြင်တည်ဆောက်မှုလုပ်ငန်းများကိုစ တင်ဆောင်ရွက်လျက်ရှိပြီး စတင်ဆောင်ရွက်သည့်အ ချိန်မှ (၁)နှစ်အတွင်းပြီးစီးအောင်ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော "ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်"များကို ရှေးမူမပျက်ပြန်လည်ပြုပြင်ခြင်းသည် မြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သမိုင်းဝင်အမွေအနှစ်များကို ရေ ရှည်ထိန်းသိမ်းရာရောက်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071