ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ၊ မူလ D.K. B.A အဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်တွင်စတင်ကျင်းပမည့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စေရန် တပ်မတော်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု ယနေ့ စက်တင်ဘာ (၁၇) ရက်က အသိပေးထုတ်ပြန်ခဲ့သည်။
တည်ငြိမ်အေးချမ်းစွာဖြင့် တရားမျှတမှုကို အခြေခံပြီး လွ တ်လပ်စွာရွေးချယ်တင်မြောက်သည့် ရွေးကောက်ပွဲအောင်မြင်စွာဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးခဲ့သည်။
ထို့ပြင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန်ဆောင်ရွက်ချက်များအား ကြာအင်းပေါ်တော်မူငြိမ်းချမ်းရေးနယ်မြေ၊ ဦးစီးပဓာန နာယကချုပ်ဆရာတော်၏ ဩဝါဒလမ်းညွှန်မှုဖြင့်ဖွဲ့စည်းထားသော မူလ D.K.B.A စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘိုဘိ ဦးဆောင်သည့် ကြာအင်းပေါ်မူငြိမ်းချမ်းရေးအထူးဒေသ မှ အထူးအလေးထားကြိုဆိုထောက်ခံသည်ဟုလည်း ထုတ်ပြန်ချက်၌ ရေးသားထားသ ည်။
ထို့အတူ ပြည်တွင်းပဋိပက္ခတွင် ပါဝင်လျက်ရှိသော လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ တိုက်ပွဲဖော်ဆောင်နေမှုများအားရပ်တန့်၍ နိုင်ငံတော်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းမှုရရှိစေပြီး ရွေးကောက်ပွဲမှသည် ပြည်သူလူထုမှ ရွေးကောက်တင်မြောက်သည့် ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ပေါက်စေပြီး တိုင်းရင်းသားအားလုံးတန်းတူညီမျှအခွင့်အရေးရမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ထောင်နိုင်မည်ကို မမှိတ်မသုန်ယုံကြည်သည်ဟုလည်း ရေးသားဖော်ပြခဲ့သည်။
ထို့ကြောင့် အခက်အခဲအကြပ်အတည်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တပ်မတော်အစိုးရဘက်မှ အစဉ်တစိုက်ခိုင်မာစွာရပ်တည်ခဲ့သည့်အဖွဲ့အစည်းဖြစ်၍ ကျင်းပမည့်ရွေးကောက် ပွဲများအား အပြည့်အဝထောက်ခံပြီး ကရင်ပြည်နယ်အတွ င်းမှ ရွေးကောက်ပွဲဝင်ရောက်မည့် လူ၊ ပုဂ္ဂိုလ်၊ နိုင်ငံရေးပါ တီများအား တရားမျှတစွာ ရွေးကောက်ပွဲဝင်နိုင်စေရန် တ တ်စွမ်းသမျှ ကူညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြခဲ့သည်။
