Wednesday, August 13, 2025

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး နှင့် (WFP)...

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေးကိစ္စများနှင့် ရွေးကောက်ပွဲကိစ္စများဆွေးနွေးခဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ...

ဆီမီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းဖြင့်ယှဉ်ပြိုင်ရမည်

ယနေ့ ဩဂုတ် ၁၃ ရက် ည ၇ နာရီအချိန်တွင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ASEAN Women's Championshipအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာ-ဖိလစ်ပိုင်အသင်းတို့...

မော်လမြိုင်မြို့ အဆင့်မြင့်ငါးဈေးသစ်တွင် အ​အေးခန်းစက်ရုံပါထပ်မံ တည်​ဆောက်မည်

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျောက်မီးသွေးရုံလမ်း နှင့် ကမ်းနားလမ်းကြားတွင်ရှိသည့် စည်ပင်သာယာရေးအဖွဲ့ပိုင် ရတနာထွန်းငါးဈေးသည် မြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ကမ်းနားလမ်းအဆုံးတွင် တည်ရှိပြီး အနံ့အသက်များထွက်ခြင်း၊ ရေခဲရေသုံးစွဲမှုများကြောင့်...

AFC Challenge League ပြိုင်ပွဲဝင်ရောက်ခွင့်နှင့်...

AFC Challenge League ပြိုင်ပွဲဝင်ရောက်ခွင့်နှင့် ဝေးကွာခဲ့ရပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးကျော်ဒွန်းမှာ ယနေ့ ဩဂုတ် ၁၃ ရက်တွင်အသင်းနှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီဖြစ်သည်။ ယမန်နေ့ ဩဂုတ်...
HomeNewsLocal Newsမုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား...

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ၅၀၅ အမှု (၅) မှုအတွက် ထောင် (၁၀) နှစ်ချမှတ်

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား  ၅၀၅ အမှု (၅) မှုအတွက် ထောင် (၁၀) နှစ်ချမှတ်

မုံရွာမြို့မှ ‌‌ နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ဆွဲဆိုထားသည့် အမှုများထဲမှ ပုဒ်မ  ၅၀၅ အမှု (၅) မှုအတွက် ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ကိုဝေမိုးနိုင်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုအပြင်  လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု၊ မတရားသင်းဆက်သွယ်မှုတွေအပါအဝင် နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့်အမှုများနှင့် တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။

ကိုဝေမိုးနိုင်အား ဩဂုတ်လ (၁၂) ရက် ရုံးချိန်းတွင် ပုဒ်မ ၅၀၅ အမှု (၅) မှု အတွက် (၁) မှုလျင် ထောင်ဒဏ် (၂) မှုစီဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

ရတနာပုံရပ်ကွက်တွင် နေထိုင်သူ တစ်ဦးအား ဖမ်းဆီးရိုက်နှက်ကာ မိသားစုအား နယ်နှင်ဒဏ်ပေးသည့် ဖြစ်စဉ်တွင် ကိုဝေမိုးနိုင် ဦးဆောင်ပါဝင်သည်ဟုဆိုကာ  ရာဇသ တ်ကြီး ဥပဒေ ပုဒ်မ ၃၉၅ (ဓားပြမှု) ၊   မတရားချုပ်နှောင်ထားမှု ပုဒ်မ ၃၄၂ ၊အပြင်းအထန် နာကျင်စေရန် သိလျက်နှင့်ပြုခြင်း ပုဒ်မ ၃၂၅ ၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ စသ ည့် ပုဒ်မများဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ထို့အပြင်  ၂၀၂၁ မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပုလဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦး သတ်ဖြတ်ခံရမှုတွင်လည်း ကိုဝေမိုးနိုင်ဟာ ဦးဆောင်ပါဝင်သည်ဆိုသည့် စွဲချက်ဖြင့် ရာ ဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားခြင်း ဖြစါသည်။

CRPH/NUG တို့နှင့် ဆက်သွယ်မှုအတွက် ပုဒ်မ ၅၀၅ (က) ၊ မုံရွာမြို့မှ လူငယ်အချို့အား PDF သင်တန်းတက်ရန် ဆ က်သွယ်ပို့ဆောင်ပေးသည့်အတွက် မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပါအဝင် ပုဒ်မ ၁၂၄ ၊ ၅၁၁ အရ အမှုဖွင့် အရေးယူထားခြင်း ဖြစ်သည်။

ထို့အပြင် ကိုဝေမိုးနိုင်သည် မုံရွာမြို့ပေါ်  ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့်အတွက် သဘာဝဘေး စီမံခန့်ခွဲရေးဆိုင် ရာဥပဒေ ပုဒ်မ ၂၅ ဖြင့်လည်း အမှုဖွင့်ခံထားရခြင်းဖြစ် သည်။

ကိုဝေမိုးနိုင်သည် ၂၀၂၁ ၊ ဧပြီ ၁၅ ရက်က မုံရွာမြို့၊ သာစည်လမ်း ၊ ရွှေယင်းမာ သီလရှင် ကျောင်းတိုက်အနီး ဆ န္ဒပြနေစဉ် ကားဖြင့်တိုက်၍ ဖမ်းဆီးခြင်း ခံရကာ မုံရွာအကျဉ်း ထောင်၌ ထိန်းသိမ်းခြင်း ခံထားရသူဖြစ်သည်။

ပြီးခဲ့သည့် လအတွင်းက ကိုဝေမိုးနိုင်နှင့် မိသားစုဝင်များကို ပထမအကြိမ် တွေ့ဆုံခွင့် ပေးခဲ့ပြီး လက်ရှိအချိန်တွင် ကိုဝေမိုးနိုင်မှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး နှင့် (WFP) ဌာနေကိုယ်စားလှယ်တို့ နေပြည်တော်တွင် တွေ့ဆုံ

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေးကိစ္စများနှင့် ရွေးကောက်ပွဲကိစ္စများဆွေးနွေးခဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Michael Dunford နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးတို့ ယနေ့ ဩဂုတ် (၁၃)ရက်နေ့တွင်တွေ့ဆုံခဲ့သည်။ အမှန်တကယ်လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးကိစ္စရပ်များ အထွေထွေရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်များ သဘာဝဘေး၊ပြန်လည်ထူထောင်ရေးကိစ္စရပ်များ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်ဝန်းဖော်ဆောင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)က တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆီမီးဖိုင်နယ်တက်ရောက်သွားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းဖြင့်ယှဉ်ပြိုင်ရမည်

ယနေ့ ဩဂုတ် ၁၃ ရက် ည ၇ နာရီအချိန်တွင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် ASEAN Women's Championshipအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာ-ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ပွဲပြီးဆုံးချိန်တွင် တဖက် ၁ ဂိုးစီဖြင့် သရေ ရလာဒ်ထွက်ပေါ်ခဲ့သည်။ ယင်းအတွက် မြန်မာအမျိုးသမီးအသင်းသည် အုပ်စု(ခ)တွင် ရှုံးပွဲမရှိဘဲ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ယခုလ ဩဂုတ်လ ၁၆ ရက်တွင် ထိုင်းအသင်းဖြင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။ ယနေ့ ပွဲစဉ် ပထမပိုင်းပွဲချိန် ၃၃ မိနစ်တွင် တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း...

မော်လမြိုင်မြို့ အဆင့်မြင့်ငါးဈေးသစ်တွင် အ​အေးခန်းစက်ရုံပါထပ်မံ တည်​ဆောက်မည်

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျောက်မီးသွေးရုံလမ်း နှင့် ကမ်းနားလမ်းကြားတွင်ရှိသည့် စည်ပင်သာယာရေးအဖွဲ့ပိုင် ရတနာထွန်းငါးဈေးသည် မြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ကမ်းနားလမ်းအဆုံးတွင် တည်ရှိပြီး အနံ့အသက်များထွက်ခြင်း၊ ရေခဲရေသုံးစွဲမှုများကြောင့် ကတ္တရာလမ်း ပျက်စီးမှုများဖြစ်ပေါ်လာခြင်း၊ ငါးကား အဝင်/အထွက်နှင့် ငါးပုံးများကြောင့် ယာဉ်သွားလာမှု၊ ယာဉ်ရပ်နားမှု အခက်အခဲများရှိလာသည့်အတွက် မုပွန် တိုးချဲ့ အိမ်ရာတွင် အဆင့်မြင့်ငါးဈေးသစ်ကို ပြီးခဲ့သည့် ဇွန်လတွင် ပြောင်းရွှေဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြောင်းရွှေ့ဖွင့်လှစ်ပြီးနောက် အဆင့်မြင့်ငါးဈေးသစ်ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယနေ့ ဩဂုတ်(၁၃)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဈေးသူဈေးသားများ၏ တင်ပြချက်များကိုလည်း လိုအပ်သည့်အရာများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071