Tuesday, May 19, 2026

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာအသင်း၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ...

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ကမ္ဘာ့ဖ လား ပိုက်ကျော်ခြင်း (ISTAF World Cup) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် အ...

ကျေးရွာ ၂၁၄ ရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့်...

ရန်ကုန်၊ မေ ၁၉ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း (၂၁၄)...

ငလျင်လှုပ်ခတ်မှုများစိတ်နေသဖြင့် ငလျင်လှုပ်ခတ်ပါက အရေးပေါ်လုပ်ဆောင်ရမည့်အချက်များကို ICRC...

မန္တလေးငလျင်ကြီးလှုပ်ပြီးချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငလျင်လှုပ်ခတ်မှုများခပ်စိတ်စိတ်ဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့ မေ ၁၈ ရက်ကလည်း ရန်ကုန်တိုင်း ၊ ကျောက်တန်းမြို့နယ်ကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့ (၅...

အိမ်ဖြူတော်တွင် ကျင်းပမည့် UFC ပွဲကြီးတွင်...

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော် (White House) ၌ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် ပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံဖွား UFC...
HomeNewsLocal Newsမုံရွာမြို့ ရပ်ကွက်အချို့ လျှပ်စစ်ဓါတ်အား...

မုံရွာမြို့ ရပ်ကွက်အချို့ လျှပ်စစ်ဓါတ်အား ယာယီပြတ်တောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ရပ်ကွက်အချို့တွင် လျှ ပ်စစ်မီးများ ယာယီပြတ်တောက်လျှက်ရှိကြောင်းသိရသည်။

မုံရွာမြို့၊ ပြည်ထောင်စုလမ်းမ၊ ကန်သာယာအရှေ့ဘက်ခြ မ်း၊ မုဒြာဟိုတယ်အနီးရှိ လက်ပံပင်သည် မေလ (၁၈)ရက် ၊ည (၁၀) နာရီခွဲခန့်က လဲကျပြီး 33 kV Line ၊ Feeder 2 နှင့် Feeder 3 ပေါ်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လဲကျခဲ့သည့်အတွက် 33 kV ၊15 M (၂) တိုင် ကျိုးသွားသည့်အတွက် 33 kV ၊ 20 MVA နန္ဒဝန် ဓါတ်အားခွဲရုံ၊ 33 kV 10+10+5 MVA စက်မှုဇုံခွဲရုံ၊ 33 kV 10MVA မြေနဲခွဲရုံ တို့တွင် ဓါတ်အားပြတ်တောက်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်ဓါတ်အားလိုင်းများ ထိခိုက်မှုကြောင့် တိုင်းအဆင့်ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်များ၊ စက်မှုဇုန်ရပ်ကွက်၊ နန္ဒဝန်ရပ်ကွက်၊ သလ္လာရပ်ကွက်၊ ချမ်းမြဝတီရပ်ကွက်၊ နတ်လူထိပ်ပန်ရပ်ကွက်၊ ထန်းတော ၊ မုံရွာတောင်၊ အောင်မင်္ဂလာ၊ အေးသာယာရပ်ကွက်များနှင့် ကျေးရွာများ ဓါတ်အားပြတ်တောက်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်ဓါတ်အားများ ပြန်လွှတ်နိုင်ရေးအတွက် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများက လက်ပံပင်အား ရှင်းလင်းဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာအသင်း၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ ယနေ့ယှဉ်ပြိုင်မည်

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ကမ္ဘာ့ဖ လား ပိုက်ကျော်ခြင်း (ISTAF World Cup) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် အ မျိုးသား (၃) ယောက်တွဲနှင့် (၄)ယောက်တွဲ ပြိုင်ပွဲနှစ်ခုလုံးတွင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်ထားပြီး ယနေ့ မေ လ (၁၉) ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယနေ့ ယှဉ်ပြိုင်မည့် ပွဲစဉ်ဇယားများမှာ အမျိုးသား (၄) ယောက်တွဲ (Premier Division Quad)တွင် မြန်မာနှင့် အိန္ဒိယအသင်း၊ အမျိုးသား...

ကျေးရွာ ၂၁၄ ရွာ၌ မိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဆက်လက်ဖော်ဆောင်မည်

ရန်ကုန်၊ မေ ၁၉ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း (၂၁၄) ရွာ၌ “ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုဦးစီးဌာနမှ သိရသည်။ အဆိုပါစီမံကိန်းသည် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ကျား/မ အလိုက် သင့်လျော်မည့် အသက်မွေးဝမ်းကျောင်း နည်းပညာသင်တန်းများကို အခမဲ့ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်သည်။ ပို့ချပေးမည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ အမျိုးသမီးများအတွက် အထည်ချုပ် (စက်ချုပ်) သင်တန်းများ၊ ဒေသထွက်ကုန်အခြေခံ စားသောက်ကုန်ထုတ်လုပ်မှု...

ငလျင်လှုပ်ခတ်မှုများစိတ်နေသဖြင့် ငလျင်လှုပ်ခတ်ပါက အရေးပေါ်လုပ်ဆောင်ရမည့်အချက်များကို ICRC အသိပေး

မန္တလေးငလျင်ကြီးလှုပ်ပြီးချိန်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငလျင်လှုပ်ခတ်မှုများခပ်စိတ်စိတ်ဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့ မေ ၁၈ ရက်ကလည်း ရန်ကုန်တိုင်း ၊ ကျောက်တန်းမြို့နယ်ကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့ (၅ ဒသမ ၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။ ထို့ကြောင့် ငလျင်လှုပ်ပါကအရေးပေါ်လုပ်ဆောင်ရမည့် အချက်များကို ICRC ကအသိပေးခဲ့ကာ ယင်း အ ချက်များကိုသိရှိထားပါက ငလျင်ကြောင့်ဖြစ်ပေါ်နိုင်သော ထိခိုက်မှုအန္တရာယ်များကိုလျှော့ချပေးနိုင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071