သီတင်းကျွတ် လပြည့်နေ့ ညနေတွင် ကျင်းပမည့် မုံရွာမြို့ ပြည်သူ့ဥယျာဥ်ဖွင့်ပွဲတွင် နိုင်ငံကျော် အဆိုတော်များ ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
စင်မြင့်ဖျော်ဖြေရေးတွင် တေးသံရှင်များ ဖြစ်ကြသည့် အဆို တော် Lဆိုင်းဇီ ၊ တန်ခွန်ကျော်၊ ကောင်းမိုးယံ၊ ယွန်းသီရိကျော် နှင့် အဆိုတော်များစွာပါဝင် သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ည သီတင်းကျွတ်ပွဲတော်တွင် ပြည်သူများပျော်ရွှင်စေရေးအတွက် စီစဥ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သီဆိုဖျော်ဖြေမှုများ အစီအစဥ်များကို မုံရွာမြို့ ပြည်သူ့ဥယျာဉ်တွင် မွန်းလွဲ (၁) နာရီမှ စတင်ဖျော်ဖြေတင်ဆက်သွားမည်ဟု သိရသည်။
