မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ အခမဲ့မျက်စိကုသပေးမည်ဖြစ်ကြောင်းသိရသည်။
အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များကို မျက်စိအထူးကုဆရာဝန်များက အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မျက်စိအထူးကုဆရာဝန်များက (၅) ဖွဲ့ခွဲ၍ တစ်ရက်လျှင် မျက်စိဝေဒနာရှင် (၅၀၀) ခန့်အား ကုသပေးမည်ဖြစ်ပြီး မျက်စိစမ်းသပ်သည့် ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် (၂၅၀၀၀) ကျပ်၊ မျက်စိခွဲစိတ်ကုသသည့် ဆေးဖိုးကျသင့်ငွေ တစ်ဦးလျှင် (၂၅၀,၀၀၀) ကျပ်တို့အတွက် သဲဖြူဆရာတော်ကြီးက ငွေကျပ် သိန်း (၁၀၀၀) မတည် လှူဒါန်းထားကြောင်း သိရသည်။
မျက်စိဝေဒနာရှင်များ လာရောက်ဆေးကုသမှုခံယူရာတွင် အခမဲ့ ဆေးကုသမှုခံယူနိုင်သလို စားသောက်ရေးများကိုပါ စီစဥ်ပေးထားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင်မည်သူမဆို လာရောက်ကုသမှုခံယူနိုင်ကြောင်း ကြော်ငြာအသိပေးထားသည်။
မျက်စိအခမဲ့ ကုသရာတွင် လူနာဦးရေ ကန့်သတ်ထားသဖြင့် သြဂုတ်လ (၂၈) ရက် နောက်ဆုံးထားကာ ၀၉-၉၈၈၈၄၃၅၉၃ သို့ ရုံးချိန်အတွင်း ကြိုတင်စာရင်းပေးနိုင်ပြီးမျက်စိဆိုင်ရာ ကုသိုလ်ယူလိုသူ အလှူရှင်များအနေဖြင့်လည်း မျက်စိစမ်းသပ်သည့် ဆေးဖိုးကုန်ကျငွေများ၊ မျက်စိခွဲစိတ်သည့် ဆေးဖိုးကုန်ကျငွေများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားသည်။
