စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကောသလဥာဏ၏ ဝိဇာတမွေးနေ့ မင်္ဂလာနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာကို ဖေဖော်ဝါရီလ (၁) ရက်၊ တပို့တွဲလပြည့်နေ့က သုဓမ္မစာရီ ကလေးဝဗိမာန်တွင် ကျင်းပခဲ့သည်။
ပူဇော်ပွဲသို့ သက်တော်ရှည်ဆရာတော်ကြီးများအပါအဝင် ဆရာတော်ကြီး (၁၀) ပါးပင့်ဆောင်တော်မူပြီး နမောတဿ မဟာပဏာမ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခန်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကသာမြို့၊ ကျောက်ထုံးကြီး ကျောင်းတိုက်ဆရာတော်ထံမှ ပရိသတ်များက (၅) ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ဘုတလင်မြို့နယ် သက်တော်ရှည် တောဝေးဆ ရာတော်ကြီးနှင့် မုံရွာမြို့၊ သက်တော်ရှည် မဟာဝိဇ္ဇာသိပ္ပံ ကျောင်းတိုက်ဆရာတော်များထံမှ သြဝါဒကထာနာယူကြ ည်ညိုကြပြီး မုံရွာမြို့ အရှေ့လေးထပ်ကျောင်းတိုက် တိုက် အုပ်နာယက ဆရာတော်က ဂုဏဝိသိဌ ပူဇာဂါထာဖြင့် ချီး မြှောက်ပူဇော်တော်မူသည်။
ဆက်လက်၍ မွေးနေ့ရှင်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိကထာကို ဆရာကြီးဦးကျော်သောင်းက ဖတ်ကြားပူဇော်ပြီး ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ အဂ္ဂမဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော်ကို စစ်ကိုင်းတိုင်းဒေသကြီး သာ
သနာရေးမှုး ဦးသိန်းဇော်က မွေးနေ့ရှင်ဆရာတော်ကြီးထံ ဆက်ကပ်ပူဇော်ခဲ့သည်။
ထို့နောက်ဆရာတော်ကြီးများအား လှုဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မွေးနေ့ရှင်ဆရာတော်ကြီးကို ဒါယကာ၊ ဒါယိကာမများက လှုဒါန်းပူဇော်ကြ ကာ မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေမှုအပြီးတွင် ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခန်းအနားပြီးမြောက်သည်။
ပူဇော်ပွဲတွင် စိန်ထွန်းဝေ တေးဂီတနှင့်တွဲဖက်၍ တေးသံရှင်ကြည်သာသန့်က ထူးမခြားနားသီချင်းခံ (၃) ပိုဒ်ဖြင့် သီကျူးပူဇော်သလို မွေးနေ့ရှင်ဆရာတော်ကြီးကို ပိုဒ်စုံရတု၊ (၈၀) ပေါ်တေးထပ်တို့ဖြင့် ချီးကျူး သီကျူး သီဆိုပူဇော်သည်။
ဝိဇာတမွေးနေ့မင်္ဂလာနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာအထိမ်းအမှတ်အဖြစ် မွေးနေ့ရှင်ဆရာတော်က ပင့်သံဃာအပါး (၁၀၀) ကို ဆွမ်းဆက်ကပ်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပထမလယ်တီဆရာတော်ဘုရားကြီး၏ မဟာသရဏဂုံတော်ကြီး (ပါဠိမြန်မာပြန်) စာအုပ်နှင့် မွေးနေ့ရှင်၏ ထေရုပတ္တိစာအုပ် (၃၀၀) စီ မေတ္တာလက်ဆောင်ဝေငှခဲ့ကြောင်း သိရသည်။
