မုံရွာမြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်အား လူတစ်စုမှသေနတ်ပြခြိမ်းခြောက်၍ ဖုန်းနှင့်ဆိုင်ကယ်များအားယူဆောင်သွား
စစ်ကိုင်းတိုင်း၊မုံရွာမြို့၊မြဝတီရပ်၊သစ္စာလမ်းပေါ် လမ်းသွယ်(၂)ရှိ “အဆွေတော်”အာမခံ(Second) ဆိုင်ကယ်နှင့်ဖုန်းမျိုးစုံ အလဲ/အထပ် ရောင်းဝယ်ရေးဆိုင်၌ ဇူလိုင် ၂၃ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ဆိုင်သို့ နံနက် ၈ နာရီခန့်တွင် လူ ၁၀ ဦးခန့်သည် ကားဖြင့်ရောက်ရှိလာကာ ဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ဆိုင်ရှိ ဖုန်းများနှင့်ဆိုင်ကယ်များအား ဓားမြတိုက်လုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
“ဖုန်းအလုံးရေ ၁၀၀ လောက်နဲ့ဆိုင်ကယ်တွေပါသွားတယ်ကြားတယ် ဆိုင်ဝန်ထမ်းကလေးတွေက စျေးလာဝယ်တဲ့လူတွေလို့ထင်နေကြတာ နောက် သေနတ်ပြမှဓားမြတိုက်ခံရပြီဆိုတာကိုသိသွားကြတာ”ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။
အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo CJ