စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ “စိန်လင်းလက်”ဆီဆိုင်တွင် ယနေ့ သြဂုတ် ၂၆ ရက်ညနေ ၅ နာရီကျော်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ်မီးသ-တ်ဦးစီးဌာနထံမှ သိရသည်။
မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်၊ သာစည်လမ်းရှိ “စိန်လင်းလက်”ဆီဆိုင်တွင်မီးလေ-ာင်မှုဖြစ်ပွား၍ မုံရွာခရိုင်/မြို့နယ်မီးသ-တ်စခန်း၊ သလ္လာအရန်မီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် သုခဟိတလူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြရာ ည နေ ၅ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
