Tuesday, June 16, 2026

မြန်မာ-တရုတ် ဆက်ဆံရေး အခန်းကဏ္ဍသစ်ဆီသို့ ဦးတည်သည့်...

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေးနွေးသဘောတူခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များနှင့် စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲကို ဇွန် ၁၆ ရက်က ပေကျင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ...

မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် (၄)ဆိုင်ကို ရှောင်တခင်စစ်ဆေး

မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်ကို ဇွန် ၁၅ ရက်တွင် ရေနံထွက်ပ စ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မန္တလေးတိုင်း ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးက မန္တလေးတိုင်း ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီး ကြပ်ရေးဆပ်ကော်မတီ၏ကြီးကြပ်မှုဖြင့်...

ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် Great Hall...

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Great Hall...

Great Hall အတွင်း မြန်မာနိုင်ငံတော်သမ္မတအား...

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံက တရားဝင်ကြိုဆိုဂုဏ်ပြုမည့် အခမ်းအနားအတွက် ပေကျင်းမြို့ရှိ Great Hall of...
HomeNewsLocal Newsမုံရွာမြို့တွင် နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ...

မုံရွာမြို့တွင် နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ ကလေ-းများနေ့အခမ်းအနားများကျင်းပ

နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ ကလေ-းများနေ့ ပျော်ပွဲရွှင်ပွဲကို ဖေဖော်ဝါရီလ (၁၃)ရက် နံနက်(၈)နာရီက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပသည်။

ပျော်ပွဲရွှင်ပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာမြို့ နန္ဒဝန်မူလတန်းကြိုကျောင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။

၂၀၂၅-ခုနှစ် မြန်မာနိုင်ငံ ကလေ-းများနေ့ အကြောင်းကိုစစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်ကရှင်းလင်းပြောကြားပြီး နန္ဒဝန်မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များကဂုဏ်ပြုကြစို့၊ဘယ်လိုက၊ လက်တွဲညီညာနေ့၊ ပြည်ထောင်စုပျော်ပွဲ၊ ရှမ်းအိုးစည်၊ ကစားဖော်များ၊ ရခိုင်ပြည်နယ်အလည်သွား၊ ကရင်ဒုံးယိမ်းအကတို့ဖြင့် ကပြသီဆိုဖျော် ဖြေကြသည်။

ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် တာဝန်ရှိသူများက နန္ဒဝန်မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ် စုစုပေါ င်း (၁၀၀)ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် အာဟာရမုန့်မျိုးစုံ ပေးအပ်ချီးမြှင့်ခဲ့ပြီး နန္ဒဝန်မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ် စုစုပေါင်း (၁၀၀) ဦးတို့သည် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးသို့လေ့လာရေးသွားရောက်ခဲ့သည်။

မီးသတ်ဦးစီးဌာန ခန်းမတွင် တိုင်းဒေသကြီး မီးသတ်ဦး စီးမှူး ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးနှင့် တာဝန်ရှိသူများက သားငယ်သမီးငယ်များအား ရေခဲလူသား Video Clip ကို ပြသပြီး အာဟာရ သာကူယိုများ တိုက်ကျွေးခဲ့ကြပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးနှင့် တာ ဝန်ရှိသူများက အဆိုပါရုံးရှေ့တွင် မီးငြိမ်းသတ်နည်းများကို သားငယ်သမီးငယ်များအား လက်တွေ့ပြသဆောင်ရွ က်ပေးရာ သားငယ်သမီးငယ်များက စိတ်ပါဝင်စားစွာ မီးငြိမ်းသတ်မှုသရုပ်ပြသမှုအား ပါဝင်ဆောင်ရွက်ခဲ့ကြ
သည်။

အလားတူ ယနေ့ မွန်းလွဲ (၁)နာရီက မုံရွာမြို့ ရုံးကြီးရပ်ကွက်ရှိ မုံရွာမူလတန်းကြိုကျောင်းခန်းမတွင်လည်း ၂၀ ၂၅ ခုနှစ်၊ မြန်မာနိုင်ငံ ကလေ-းများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ သားငယ်သမီးငယ် (၁၆၃) ဦးက ကလေ-းများနေ့၊ ပြည်ထောင်စု‌ပျော်ပွဲ၊ မူကြိုကျောင်း၊ တို့ဗိုလ်ချုပ်၊ ဗိုလ်တေဇ၊ လက်တွဲညီညာနေ့၊ Head, Shoul de, Knee and Toes၊ Three Little Bears စသည့် တေး သီချင်းပေါင်း (၈)ခုဖြင့် ပျော်ရွှင်စွာ ပါဝင်ကပြသီဆိုဆင်နွဲခဲ့ကြပြီး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် တာဝန်ရှိသူများက အမှတ်တရပစ္စည်းလက်‌ဆောင်များပေးအပ်ခဲ့ ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ် ဆက်ဆံရေး အခန်းကဏ္ဍသစ်ဆီသို့ ဦးတည်သည့် သဘောတူညီချက်များ လက်မှတ်ရေးထိုး

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေးနွေးသဘောတူခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များနှင့် စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲကို ဇွန် ၁၆ ရက်က ပေကျင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တက်ရောက်ခဲ့ကြသည်။ ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံကြား သဘောတူစာ ချုပ်နှင့်နားလည်မှုစာချွန်လွှာ(၁၈)ခုကို သက်ဆိုင်ရာကဏ္ဍအလိုက် နှစ်နိုင်ငံတာဝန်ရှိသူများက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်တို့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် (၄)ဆိုင်ကို ရှောင်တခင်စစ်ဆေး

မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်ကို ဇွန် ၁၅ ရက်တွင် ရေနံထွက်ပ စ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မန္တလေးတိုင်း ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးက မန္တလေးတိုင်း ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီး ကြပ်ရေးဆပ်ကော်မတီ၏ကြီးကြပ်မှုဖြင့် ရှောင်တခင်စစ်ဆေးခဲ့ကြကြောင်း သိရသည်။ စက်သုံးဆီအရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချနေသော စက်သုံးဆီများ၏ အရည်အသွေးပြည့်မီမှန်ကန်မှုရှိ/မရှိ၊ အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိ/မရှိနှင့် သတ် မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိတို့အား ဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့်စစ်ဆေးခဲ့ကြကြောင်း သိရသည်။ စက်သုံးဆီအရောင်းဆိုင်များတွင် အရည်အသွေးပြည့် မီမှုမရှိခြင်း၊ အခြင်အတွယ်ပြည့်မီမှုမရှိခြင်း၊ သတ် မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုမရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိရပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ခေါင်းဆောင်များကို လက်ခံကြိုဆိုသည့် Great Hall ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရှီကျင့်ဖျင် တွေ့ဆုံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Great Hall of the People (ပြည်သူ့ခန်းမဆောင်ကြီး) တွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲမတိုင်မီ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပြီး နိုင်ငံတော်အလံအား အလေးပြုကာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့သည်။ တွေ့ဆုံပွဲ ကျင်းပရာ Great Hall of the People...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071