Sunday, May 3, 2026

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း...

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...
HomeNewsLocal Newsမုံရွာမြို့တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတို-က်ကျွေးရေး ရက်သတ္တပတ်...

မုံရွာမြို့တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတို-က်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ် ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့တော်ခန်းမတွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆) အထိမ်းအမှတ် အခမ်းအနားကို ဧပြီလ (၂၈) ရက်က ကျင်းပခဲ့သည်။

“ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးတဲ့လုပ်ငန်းဟာ နှစ်စဉ်အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်လာမှုတွေရဲ့ အောင်မြင်မှု ပြယုဂ်တစ်ခုဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးတဲ့ လုပ်ငန်းတွေအရှိန် အဟုန်မြှင့် ဆောင်ရွက်တဲ့နေရာမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့အရည်အသွေးပြည့်ဝမှုရှိစေဖို့ စွမ်းဆောင်ရည်မြှင့်တင်သင်တန်း‌တွေကိုအရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ ဒေသနဲ့ လိုက်လျောညီထွေရှိတဲ့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးတဲ့ လုပ်ငန်းတွေကို စနစ်တကျ အကောင်းအထည်ဖော်ဆောင်ရွက်ပြီး အရည်အသွေးပြည့်မီတဲ့ ကာကွယ်ဆေးတွေကို သက်ဆိုင်ရာ ဦးတည်အုပ်စု‌တွေကို အချိန်မီထိုးနှံတိုက်ကျွေးပေးသွားကြဖို့ တာဝန်ရှိသူတွေကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားကြဖို့ လိုအပ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ပြောကြားသည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်အတူ မိခင်နှင့်ကလေးများအတွက် အခြားကျန်းမာရေးစောင့်ရှောက်မှုများ ပူးပေါင်းဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည်အကောင်းဆုံးဆုရမြို့နယ် (၃) မြို့နယ်ကို ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်သည်ဟု ထရန့်ပြောပြန်

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်ခြေ ရှိနေသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စနေနေ့တွင် ပြောကြားခဲ့သည်။ အီရန်အဆင့်မြင့်အရာရှိတစ်ဦးက စနေနေ့တွင် ပြောကြားရာ၌ ယခုအချိန်အထိ ထရန့်ဘက်က ငြင်းပယ်ထားသည့် အီရန်၏ အဆိုပြုချက်သည် ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများကို ဖွင့်ပေးမည်ဖြစ်ပြီး အမေရိကန်၏ အီရန်အပေါ် ရေလမ်းပိတ်ဆို့မှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်း၊ အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုမူ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်း စာအုပ်များဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M Hangor အမည်ရှိ အဆင့်မြင့်ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကြာသပတေးနေ့က ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်မြို့ ဆန်ယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီနှင့် ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာဗစ် အက်ရှ်ရက်ဖ်တို့သည် ပါကစ္စတန်နှင့် တရုတ်ရေတပ်နှစ်ခုလုံးမှ အကြီးတန်းအရာရှိများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ဇာဒါရီက ရေငုပ်သင်္ဘောကို တပ်‌တော်ဝင်ခြင်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071