စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ KTV ဆိုင်များကို ပူးပေါင်းအဖွဲ့များမှ သြဂုတ်လ (၁၉)ရက် နေ့လယ် (၁၂)နာရီအချိန်တွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ခရိုင်အဆင့်စစ်ဆေးရေးအဖွဲ့သည် မုံရွာမြို့ပေါ်ရှိ KTV ဆိုင်များတွင် မူးယစ်ဆေးဝါးများရောင်းဝယ်ခြင်း မရှိစေရေးများကို ရှောင်တခင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ All Star KTV ၊ Century KTV နှင့် ကန်သာဦးရပ်ကွက်ရှိ Kyaw KTV ဆိုင်များသို့စစ်ဆေးရေးအဖွဲ့ရောက်ရှိပြီး တရားဝင်ဖွင့်လှစ်ခွင့် KTV လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ စည်ပင်သာယာရေးလုပ်ငန်းလိုင်စင်ရှိ/မရှိ၊ ယစ်မျိုးလိုင်စင် ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု ရှိ/မရှိ နှင့် မူးယစ်ဆေးဝါးများရောင်းဝယ် ခြင်းရှိ/ မရှိတို့ကို ရှောင်တခင်ကြည့်ရှစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုဆောင်ရွက်ထားရှိရန် အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
