Thursday, June 25, 2026

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)

ဂျပန်တွင် ရစ်ခ်တာစကေး ၇ ဒသမ...

တိုကျို၊ ဇွန်လ ၂၅ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကြာသပတေးနေ့ နံနက်ပိုင်းက ရစ်ခ်တာစကေး ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူလေးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း...
HomeNewsLocal Newsမုံရွာမြို့က စာမေးပွဲပြန်ဖြေမည့် ကျောင်းသား/ကျောင်းသူ...

မုံရွာမြို့က စာမေးပွဲပြန်ဖြေမည့် ကျောင်းသား/ကျောင်းသူ (၃၅၀) ကျော်အား စခန်းသွင်းသင်ကြား

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို မုံရွာမြို့ရှိ စာသင်ကျောင်း (၂) ကျောင်းတွင် စခန်းသွင်းသင်ကြားလျက်ရှိကြောင်း သိရသည်။

မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့်အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တို့တွင် ကျောင်းသား၊ ကျောင်းသူ (၃၅၄) ဦးကို စခန်းသွင်းသင်ကြားလျက်ရှိကြောင်း သိရသည်။

“စခန်းသွင်းစာသင်နေချိန်ကာလအတွင်း စိတ်အေးချမ်းသာ နေထိုင်စားသောက်တာတွေ လိုအပ်ချက်မရှိ ပြည့်စုံဖို့ တာဝန်ရှိသူတွေက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနေပါတယ်။သောက်သုံးရေ၊ လျှပ်စစ်မီးပျက်တောက်မှုမရှိစေဖို့၊ ကျန်းမာရေး စောင့်ရှောက်လုပ်ငန်းတွေပေးထားပြီးအိပ်ဆောင်၊ စားဆောင်၊ စာသင်ဆောင်သန့်ရှင်းသပ်ရပ်မှုရှိစေဖို့နဲ့ စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း လုံခြုံအေးချမ်းဖို့ တာဝန်ရှိသူတွေအနေနဲ့ အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။မုံရွာမြို့ တက္ကသိုလ်/ဒီဂရီကောလိပ် ဆရာ၊ ဆရာမ တွေကလည်း သင်ကြားပေးနေပါတယ်” ဟု မုံရွာမြို့နယ်ပညာရေးမှူးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်က စခန်းသွင်းသင်ကြားနေချိန်ကာလ အတွင်း ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် ငွေကျပ် သိန်း (၁၀၀၀) နှင့် ကျောင်းသား၊ကျောင်းသူ (၄၅၄) ဦး အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို ဧပြီ (၂၈) ရက်က ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မုံရွာမြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စခန်းသွင်း ကျောင်းသား၊ ကျောင်းသူ (၁၇၀) ဦး နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ) တွင် စခန်းသွင်း ကျောင်းသား၊ ကျောင်းသူ (၁၈၄) ဦးရှိကြောင်း သိရသည်။

၂၀၂၅ခုနှစ်၊ တက္ကသိုလ်စာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၁) မြို့နယ်ဖြေဆိုခဲ့ရာ ၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်တွင် ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်း ထန်သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်၌ အဖြေလွှာများ စာစစ်လုပ်ငန်းဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ မုံရွာမြို့နယ် အပါအဝင်(၁၃)မြို့နယ် စာစစ်ဌာန (၂၅) ခုမှ ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ (၈၂ ၀၂) ဦး၏ တက္ကသိုလ်ဝင်တန်း အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်သည်။ ယမန်နေ့ နံနက် ၉ နာရီခွဲမှ ယနေ့ နံနက် ၉ နာရီခွဲအထိ ၂၄ နာရီအတွင်း မွန်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးခဲ့ပြီး နေပြည်တော်တွင်လည်း နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။ မှတ်သားဖွယ် မိုးရေချိန်များအနေဖြင့် ကျိုက်မရောမြို့တွင် ၃ ဒသမ...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်တွင် ကျင်းပ

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သိင်္ဂီယဥ်ထွန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071