Friday, May 15, 2026

ပြိုင်ဘက်ကို အလဲထိုးဖြင့် အနိုင်ယူပြီး ၂၀၂၆...

ယနေ့ မေ (၁၅)ရက် ညပိုင်းမှာ ONE FF- 154 ပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူ စပိန်ဖိုက်တာ မာတီနက်ကို ရိုးရာဖိုက်တာထွန်းမင်းနိုင်က အလဲထိုးအနိုင်ယူခဲ့ပြီး...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၁၄၆)ဦးကို...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် PDF အဖွဲ့ဝင် အမျိုးသား(၁၃၃)ဦးနှင့် အမျိုးသမီး (၁၃)ဦး(စုစုပေါင်း ၁၄၆ ဦး)ကို ယနေ့ မေ ၁၅ ရက်က...

ဂျပန် Knock Out ပြိုင်ပွဲတွင်...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာမည်ကျော် ကိုလခုအန်ခမ်းမ (Korakuen Hall) တွင် ယနေ့ မေလ (၁၅)ရက်၌ ကျင်းပပြုလုပ်သည့် Knock Out...

ဂျပန် Knock Out ပြိုင်ပွဲတွင်...

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Korakuen Hall ၌ ယနေ့ မေလ (၁၅) ရက်တွင် ကျင်းပပြုလုပ်သည့် Knock Out မွေထိုင်းပြိုင်ပွဲတွင်...
HomeNewsLocal Newsမုံရွာမြို့ကန်သာယာ သင်္ကြန်ပွဲတော်ကို နိုင်ငံကျော်အနုပညာရှင်များ...

မုံရွာမြို့ကန်သာယာ သင်္ကြန်ပွဲတော်ကို နိုင်ငံကျော်အနုပညာရှင်များ ဝန်းရံဖွင့်လှစ်

၂၀၂၄ ခုနှစ်(၁၃၈၅ ခုနှစ်) စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မုံရွာမြို့ကန်သာယာတွင် နိုင်ငံကျော်အနုပညာရှင်များဝန်းရံ၍ ဧပြီလ၁၃ရက် နံနက်ပိုင်းက ဖွင့်လှစ်လိုက်သည်။

သင်္ကြန်ပွဲတော်ဖွင့်ပွဲကို ကန်သာယာရှိ ဗဟိုမဏ္ဏပ်တွင်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်္ကြန်ပွဲတော်ဖွင့်လှစ်လိုက်ကြောင်း စကားချွေပြီး နိုင်ငံကျော် ရုပ်ရှင်မင်းသားမင်းသမီးများခြံရံကာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများနှင့် ဝန်ကြီးချုပ်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့မဟာသင်္ကြန်ပွဲတော် ဖွင့်လှစ်အပြီးတွင် ယိမ်းအလှအကလှပျိုဖြူများက နိုင်ငံကျော်ရုပ်ရှင်မင်းသားမင်းသမီးများ၊နိုင်ငံကျော် အဆိုတော်များ သီဆိုမှုများဖြင့် ကပြဖျော်ဖြေကြသည်။

သင်္ကြန်ပွဲတော်ဖွင့်လှစ်ပြီးချိန်မှစ၍ မုံရွာကန်သာယာတွင်ရှိသော ဝန်ကြီးဌာနမဏ္ဏပ်များက သီဆိုကပြဖျော်ဖြေမှုများနှင့်အတူ စတုဒီသာ မဏ္ဍပ်များတွင် စားသောက်ဖွယ်ရာများ၊ အချိုရည်များ၊ အဖျော်ယမကာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိသည်။

မုံရွာမြို့မဟာသင်္ကြန်ပွဲတော်တွင် နိုင်ငံကျော် အနုပညာရှင်များဖြစ်သော နေအောင်၊ စိုးသူ၊ ရန်အောင်၊ ရဲအောင်၊ ခန့်စည်သူ၊ မင်းခန့်ထည်၊ မေသဥ္ဇာဦး၊ ကုဋာခင်၊ မေ့ချစ်သက်၊ တင်နီလာစိုး၊ ချိမ့်စန္ဒီလတ်၊ ချော၊ စနိုး၊ အင်ကြင်းမြင့်မြတ်၊ မိုးပြည့်သက်ချယ်၊ မိုးဖူးဖူးခင်၊ မိုးပြည့်ပြည့်ခင်တို့ကဖျော်ဖြေတင်ဆက်လျက်ရှိသည်။

မုံရွာမြို့ကန်သာယာတွင်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ကျန်းမာရေးဆေးကုအဖွဲ့က ပွဲတော်ကွင်းအတွင်းအချိန်ပြည့်တာဝန်ယူစောင့်ရှောက်ပေးနေသလို မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကလည်း လိုအပ်သော လူမှုကူညီမှုများကို အချိန်ပြည့်တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြိုင်ဘက်ကို အလဲထိုးဖြင့် အနိုင်ယူပြီး ၂၀၂၆ ခုနှစ်အတွက် ရလဒ်အကောင်းဆုံး မြန်မာဖိုက်တာအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ထွန်းမင်းနိုင်

ယနေ့ မေ (၁၅)ရက် ညပိုင်းမှာ ONE FF- 154 ပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူ စပိန်ဖိုက်တာ မာတီနက်ကို ရိုးရာဖိုက်တာထွန်းမင်းနိုင်က အလဲထိုးအနိုင်ယူခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်အတွက် ရလဒ် အကောင်းဆုံး ရိုးရာဖိုက်တာအ ဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ ပွဲစဥ်အစပိုင်း၌ ထွန်းမင်းနိုင် ခြေထောက် ဒဏ်ရာအနည်းငယ်ရခဲ့သော်လည်း အသာစီးထိုးသတ်ခဲ့ပြီး နောက်ဆုံးအချီတွင်ပြိုင် ဘက်ဖြစ်သူကို အလဲထိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ရိုးရာဖိုက်တာ ထွန်းမင်းနိုင်၏ ONE တကျော့ပြန်ခရီး၌ (၂)ပွဲဆက်တိုက် အနိုင်ရယူခဲ့ကာ ယခု၂၀၂၆ ခုနှစ်အတွက် ရလဒ် အကောင်းဆုံး မြန်မာဖိုက်တာအဖြစ်မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၁၄၆)ဦးကို မိဘများထံပြန်လည်အပ်နှံ

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် PDF အဖွဲ့ဝင် အမျိုးသား(၁၃၃)ဦးနှင့် အမျိုးသမီး (၁၃)ဦး(စုစုပေါင်း ၁၄၆ ဦး)ကို ယနေ့ မေ ၁၅ ရက်က မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ မုံရွာတပ် နယ်၊ စစ်ကိုင်းတပ်နယ်၊ ကလေးတပ်နယ်၊ ရွှေဘိုတပ် နယ်တို့တွင် မိဘအုပ်ထိန်းသူများထံသို့ အခမ်းအနားဖြင့်ပြန်လည်အပ်နှံရာ အလင်းဝင်လာသူများက ၎င်းတို့ပါရှိလာသော လက်နက်ခဲယမ်းများကို တာဝန်ရှိသူများထံအပ်နှံခဲ့ကြကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများက လက်နက်ခဲယမ်းများအ တွက် ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး အလင်းဝင်လာသူများကို ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

ဂျပန် Knock Out ပြိုင်ပွဲတွင် မြန်မာဖိုက်တာ စူပါရေချမ်းနှင့် ဒေါင်းမိုက်သွေးတို့ အမှတ်ဖြင့် ရှုံးနိမ့်​​

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နာမည်ကျော် ကိုလခုအန်ခမ်းမ (Korakuen Hall) တွင် ယနေ့ မေလ (၁၅)ရက်၌ ကျင်းပပြုလုပ်သည့် Knock Out မွေထိုင်းပြိုင်ပွဲ၌ သွား ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာကိုယ် စားပြု ရိုးရာဖိုက်တာ ‌ဒေါင်းမိုက်သွေးနှင့် စူပါရေချမ်းတို့ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ့လက်ဝှေ့ကျော် စူပါရေချမ်းသည် ​၆၃ ကီလိုတန်းတွင် ထိုင်းနိုင်ငံသားဖိုက်တာ ကွန်နာပါနှင့် ရင်ဆိုင်ခဲ့ရာတွင် သတ် မှတ်သုံးချီအထိ အကြိတ်အနယ် ယှဉ် ပြိုင်ထိုးသတ်ခဲ့သော်လည်း သုံးချီအပြီးတွင် ဒိုင်များ၏ အဆုံးအဖြတ်အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အလားတူ ၅၁...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071