မွန်ပြည်နယ်၊ မုဒုံမြို့ရှိ “ရွှေရတနာဦး”ရွှေဆိုင်တွင် ယနေ့ ဇူလိုင် ၁၁ ရက်မွန်းတည့် ၁၂ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားကာ ရွှေထည်ပစ္စည်းများယူဆောင်သွားခြင်းရှိ/မရှိကို စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
ဆိုင်ကယ်ဦးထုပ်ဆောင်းကာ မျက်မှန်တပ်ဆင်ထားသော အမည်မသိအမျိုးသားတစ်ဦးသည် မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ ရွှေဟင်္သာစျေးအတွင်း၌ဖွင့်လှစ်ထားသော “ရွှေရတနာဦး”ရွှေဆိုင်သို့ဝင်ရောက်လာကာ အသင့်ပါလာသော ေ-သနတ်ဖြင့်ဆိုင်အတွင်းသို့ပ-စ်ခ-တ်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ေ-သနတ်ပ-စ်ခ-တ်ခဲ့မှုကြောင့် “ရွှေရတနာဦး”ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ အသက်(၇၀)နှစ်ခန့်ရှိ အမျိုးသားကြီးမှာ ကျည်ထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)နှင့် ၎င်း၏ သမီးဖြစ်သူတွင်လည်း ကျည်ထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ရွှေဆိုင်ပိုင်ရှင်အမျိုးသားကြီးနှင့် သမီးဖြစ်သူတို့အား မုဒုံမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ရွှေဆိုင်ပိုင်ရှင်အမျိုးသားကြီးမှာ စိုးရိမ်ရသဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ ဆောင်စဥ် ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်သွားခြင်းရှိ/မရှိကို စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
