Sunday, July 19, 2026

ဗီယက်နမ်မှာ ရေကြီးလို့ လူ လေးဦး‌ေ-သဆုံးပြီး...

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း လိုင်ချောင်ပြည်နယ်ရှိ တောင်ပေါ်ရွာတစ်ရွာတွင် ရေကြီးရေလျှံခဲ့၍ လူလေးဦးထက်မနည်း ‌ေ-သဆုံးပြီး လေးဦးပျောက်ဆုံးလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက စနေနေ့တွင် သတင်းဖော်ပြခဲ့သည်။ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် ရက်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် သောကြာနေ့အစောပိုင်းတွင်...

အိန္ဒိယက ပထမဆုံး ပုဂ္ဂလိက ကမ္ဘာပတ်ဒုံးပျံ...

အိန္ဒိယ အာကာသစွန်းဦးတီထွင်ကုမ္ပဏီ Skyroot Aerospace သည် နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပိုင် ကမ္ဘာပတ်ဒုံးပျံကို လွှတ်တင်ခဲ့ပြီး ကမ္ဘာ့စီးပွားဖြစ် ဒုံးပျံလွှတ်တင်ရေးဈေးကွက်၏ ပိုမိုကြီးမားသော...

ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊အကြမ်းဖက်ဖြစ်စဉ်များကြောင့်...

ဖလမ်း၊ ဇူလိုင်-၁၈ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဖလမ်းမြို့တွင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ...

" ပြည်သူတွေ စားရေးအဆင်ပြေအောင် စိုက်ပျိုးမွေး မြူရေးဇုန်တွေကို ဒေသအလိုက်မဖြစ်မနေအကောင်အ ထည်ဖော်ဆောင်ရွက်နေတာပါ"ဟု နိုင်ငံတော်သမ္မတပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းက...
HomeMoviesမုဒုံမြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အ...

မုဒုံမြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အ စာချက်စက်ရုံနှင့် ရွှေဇီဝမြေဩဇာထုတ်စက်ရုံများတည်ဆောက်မည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ ခ လောက်ပေါ်ရွာကွင်း၏ ကွင်းအမှတ်-၈၁၆(ခ)ရှိ နိုင်ငံ တော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အစာချက်စက်ရုံနှင့် ရွှေဇီဝမြေဩဇာထုတ်စက်ရုံများတည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ စက်ရုံများကို မွန်ပြည်နယ်အတွင်း ဒေသထုတ် ကုန်များပိုမိုမြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးတို့အတွက်တည် ဆောက်ရန်စီစဥ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တည်ဆောက်မည့်မြေနေရာများအား မွန်ပြည် နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးပြီး စက်ရုံများရေရှည်လည်ပတ်နိုင်ရန်လိုအပ်မည့်လျှပ် စစ်မီးရရှိရေး၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူစေရေး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်ကြိုတင်ပြင်ဆင်ရန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်ရုံဆောက်လုပ်မည့်မြေနေရာများတွင် ဥပ ဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဖြစ်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်းအကောင်အ ထည်ဖော်ဆောင်ရွက်ရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ လှိုင်ရတနာတိုးချဲ့ကွက်သစ်၊ အိမ်ရာမြေ၌ မွန်ပြည်နယ်အတွင်း သစ်ပင်သစ်တောများဖြင့်စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတုပြောင်းလဲမှုကာကွယ်နိုင်ရေးအတွက်ပြုလုပ်သည့် ၂ဝ၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်ပြီး တက်ရောက်လာကြသူများနှင့်အတူ စိန်ပန်းနီ၊ စိန်ပန်းဝါ၊ ရေတမာ၊ ခရေ၊ ငုရွှေဝါ၊ ကံ့ကော်၊ အနန်း၊ ရင်ခတ်၊ ပျဉ်းမ သစ်အမျိုးအစား(၁,၂၀၀)ပင်အားစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်မှာ ရေကြီးလို့ လူ လေးဦး‌ေ-သဆုံးပြီး လေးဦး ပျောက်ဆုံး

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း လိုင်ချောင်ပြည်နယ်ရှိ တောင်ပေါ်ရွာတစ်ရွာတွင် ရေကြီးရေလျှံခဲ့၍ လူလေးဦးထက်မနည်း ‌ေ-သဆုံးပြီး လေးဦးပျောက်ဆုံးလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက စနေနေ့တွင် သတင်းဖော်ပြခဲ့သည်။ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် ရက်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် သောကြာနေ့အစောပိုင်းတွင် မွမ်သန်ရွာ၌ ရေကြီးရေလျှံခဲ့ပြီး လူ ခုနစ်ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ဖော်ပြခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် မိုးရာသီအတွင်း အဓိကအားဖြင့် ဇူလိုင်လမှ စက်တင်ဘာလအထိကာလတွင် အသက်ဆုံးရှုံးမှုများသော မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများနှင့် တွေ့ ကြုံရလေ့ရှိသည်။ အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ ပြီးခဲ့သည့်နှစ်က နိုင်ငံတွင် ရေကြီးရေလျှံမှု အများစုပါဝင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် လူပေါင်း ၄၈၉ ဦး...

အိန္ဒိယက ပထမဆုံး ပုဂ္ဂလိက ကမ္ဘာပတ်ဒုံးပျံ လွှတ်တင်

အိန္ဒိယ အာကာသစွန်းဦးတီထွင်ကုမ္ပဏီ Skyroot Aerospace သည် နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပိုင် ကမ္ဘာပတ်ဒုံးပျံကို လွှတ်တင်ခဲ့ပြီး ကမ္ဘာ့စီးပွားဖြစ် ဒုံးပျံလွှတ်တင်ရေးဈေးကွက်၏ ပိုမိုကြီးမားသော ဈေးကွက်ဝေစုအတွက် ယှဉ်ပြိုင်ရန် နိုင်ငံအဆင့်ကြိုးပမ်းအားထုတ်မှု၏ အဓိကစမ်းသပ်မှုတစ်ခုဖြစ်သည်။ ဗစ်ကရမ်-၁ ဒုံးပျံကို ဂရင်းနစ်စံတော်ချိန် နံနက် ၆း၃၅ နာရီတွင် စရီဟာရီကိုတာ ရှိ ဆာတစ်ရှ် ဒါဝမ် အာကာသစင်တာ က လွှတ်တင်ခဲ့သည်။ မစ်ရှင်အဂ္ဂမန် ဟု အမည်ပေးထားသော ၎င်း၏ ပထမဆုံး ကမ္ဘာပတ်လမ်းကြောင်းမစ်ရှင်တွင် ဖောက်သည်များ၏ ပစ္စည်းကိရိယာများနှင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း စမ်းသပ်ချက်များကို...

ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အဦများ ပြန်လည်တည်ဆောက်ခြင်းကိုလည်း နေ့စဉ်ဆောင်ရွက်လျက်ရှိ

ဖလမ်း၊ ဇူလိုင်-၁၈ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် ဌာနဆိုင်ရာများ ပူးပေါင်းကာ ဖလမ်းမြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြကြောင်း သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဦးဆောင်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေး ကော် မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် အတူ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။ ဖလမ်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071