မြန်မာ့ကမ်းရိုးတန်းတွင် လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိရှိနိုင်ဟု မိုးဇလသတိပေး
နေပြည်တော်၊ ဇူလိုင်-၂၅
ကပ္ပလီလယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် မုတ်သုံလေအားကောင်းလာနိုင်ပြီး ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မုတ်သုံလေအား ကောင်းလာနိုင်ခြင်းနှင့် လေထုမငြိမ်မသက်ဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၂ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး အချိုဒေသများတွင် နေရာကွက်၍ မိုးကြီနိုင်ကြောင်း အသိပေးသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေအထိ မြင့်တက်နိုင်ကြောင်း မိုးဇလက သတိပေးထားသည်။
ထို့အပြင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅မိုင်အထိရှိနိုင်ခြင်းကြောင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေ ယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုဆောင်ရွက်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းကဲ့သို့ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ချောင်းအနီး နေထိုင်သူများအနေဖြင့် အထူးသတိပြုကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးခရီးစဉ်များလည်း သတိပြုရန် တိုက်တွန်းနှိုးဆော်ထားသည်။
