နယ်စပ်ဖြ-တ်ကျော် မီးခိုးမြူပြဿနာအား မြန်မာ – လာအို – ထိုင်း (၃)နိုင်ငံအနေဖြင့် မီးခိုးမြူတို-က်ဖျ-က်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းကပြောသည်။
International Symposium on Haze Governance in Thailand အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်၍ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ချင်းမိုင်မြို့၊ ရှန်ဂရီလာဟိုတယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းနိုင်ရေးနည်းလမ်းများ ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့က ကမကထပြု၍ ထိုင်းနိုင်ငံ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ “Bre athe together, Same Destiny: International Seminar on Solving the Haze Problem in the Northern Region” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စာတမ်းဖတ်ပွဲသည် ၂၀၂၅ ခုနှစ်တွင် ကျရောက်သည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ် (၅၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် လှုပ်ရှားဆောင်ရွက်မှု အစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ယနေ့ခေတ်တွင် မီးခိုးမြူပြဿနာသည် ကမ္ဘာ့နိုင်ငံအများအပြား ရင်ဆိုင်နေရသည့် ကျန်းမာရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်လည်း မီးခိုးမြူကြောင့် လေထုညစ်ညမ်းမှုပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊ စက်ရုံအလုပ်ရုံများနှင့် မော်တော်ယာဉ်များ၊ တောင်ယာမီးရှို့ခြင်းကဲ့သို့သော လူတို့၏လှုပ်ရှားဆောင်ရွက်မှုများကြောင့် မီးခိုးမြူဖြစ်ပေါ်သကဲ့သို့ တောမီးလောင်ကျွမ်းခြင်းကဲ့သို့သော သဘာဝအကြောင်းတရားများကြောင့်လည်း မီးခိုးမြူများ ဖြစ်ပေါ်လာကြောင်း၊ မီးခိုမြူများသည် နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်ကျော်လွန်၍ ဖြစ်ပေါ်လေ့ရှိသဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာအား မြန်မာ-လာအို-ထိုင်း (၃)နိုင်ငံ အနေဖြင့် မီးခိုးမြူတို-က်ဖျ-က်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိကြောင်းကောင်စစ်ဝန်ချုပ်က ပြောကြားခဲ့သည်။
ထို့ပြင် မီးခိုးမြူပြဿနာ ဖြေရှင်းရေးအတွက် အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု တစ်ခုတည်းဖြင့် လုံလောက်မှုမရှိကြောင်း၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးကြောင်း၊ ဤနေရာတွင် ပြည်သူလူထုကို အသိပညာပေးရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများနှင့် ပညာရှင်များ၏ အခန်းကဏ္ဍသည် အလွန်ပင် အရေးပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။
စာတမ်းဖတ်ပွဲမှတစ်ဆင့် အတွေ့အကြုံများကို ဖလှယ်ခြင်းနှင့် မီးခိုးမြူပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သိရသည်။