Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeArticlesမိကျောင်းကုန်း ကျောင်းတိုက်

မိကျောင်းကုန်း ကျောင်းတိုက်

မိုးအကုန် ဆောင်းအကူး ပွင့်လင်း

ရာသီဖြစ်သဖြင့် ညီနှစ်ယောက် နှင့်အတူ မြဝတီ-မဲဆောက်-ဘားအံ ဘုရားဖူးထွက်ခဲ့သည်။ မြဝတီသို့ ရောက်ရှိသူတိုင်း မဖြစ်မနေ ဝင် ရောက်ဖူးမြော်ကြလေ့ရှိသည့် မိ ကျောင်းကုန်း ကျောင်းတိုက်သို့ ၁၈.၁၁.၂ဝ၁၇ ရက်နေ့ နံနက်တွင် ရောက်ရှိခဲ့သည်။

မိကျောင်းကုန်းကျောင်းတိုက် သည် မြဝတီမြို့ ၄ ရပ်ကွက်၊ နတ် သျှင်နောင်လမ်းတွင် တည်ရှိသည်။ ကျောင်းတိုက် ပရဝဏ်အတွင်း ခံ့ ညားထည်ဝါလှသည့် ပေ ၁၅ဝ ခန့်ရှိ မိကျောင်းရုပ်၊ သပ္ပာယ်လှသော ကိုးတောင်ပြည့် ဆုတောင်းပြည့် စေတီတော်၊ ကြည်ညိုဖွယ်သာမည ဆရာတော်စံကျောင်း၊ စိတ်ဝင်စား ဖွယ် မဟာဗုဒ္ဓဝင် ရုပ်လုံးကြွ ရုပ်တုပြ ခန်းတို့ကို ဖူးတွေ့ရသည်။

ဤမိကျောင်းကုန်း ကျောင်း တိုက်ကြီးကို ဆရာတော် ဘဒ္ဒန္တ ဝိ ရောစန ကြိုးပမ်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဆရာတော် လောင်းလျာ သည် မြဝတီမြို့၊ ဗမာစုရပ်ကွက်နေ ဦးလှအောင်-ဒေါ်မြခင်တို့၏သား သမီး ၇ ယောက်အနက် စတုတ္ထ မြောက်ဖြစ်သည်။ ငယ်နာမည် မောင်ဝင်းစိန် ဖြစ်သည်။

မြဝတီမြို့၊ ဘုရားကြီးကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တဝိမလအား ဥပဇ္ဈာယ်ပြု၍ မောင်ဝင်းစိန် အသက် ၁၅ နှစ်အရွယ်တွင် ရှင်သာ မဏေဝတ်ပြီး သာသာနာ့ဘောင်ဝင် ခဲ့သည်။ သက်တော် ၂ဝ တွင် ယင်း ဆရာတော် ထံ၌ မိဘနှစ်ပါး ပစ္စယာ နုဂ္ဂဟဖြင့် ဘုရားကြီးကျောင်း တိုက် ခဏ္ဍ သိမ်တော်တွင် ရဟန်းဘဝသို့ ရောက်ရှိတော်မူခဲ့သည်။

ကျေးဇူးတော်ရှင် သက်တော် ရှည်သာမညတောင် ဆရာတော်ကြီး သည် သက်တော်ထင်ရှား ရှိစဉ်က မြဝတီမြို့၏ ကျက်သရေဆောင် ရွှေ မြင်းဝန်စေတီတော်၏ တောင်ဘက် အရပ်ရှိ တောအုပ်ကြီးသည် သာသ နာတော် ထွန်းလင်းတောက်ပရာဌာန ဖြစ်လာလိမ့်မည်ဟု မိန့်ကြားတော် မူခဲ့သည်။ ထို့ကြောင့် ဆရာတော် ဘဒ္ဒန္တဝိမလသည် ဆရာတော်ဘဒ္ဒန္တ ဝိရောစနရဟန်းဘဝ ၁ဝ ဝါရချိန် တွင် ယင်းနေရာသို့ ကြွ ရောက် သာ သနာပြုရန်တာဝန်ပေးခဲ့သည်။

ဆရာတော် ဘဒ္ဒန္တဝိရော စနသည် သာမည ဆရာတော် ညွှန် ပြတော်မူသည့် မြဝတီမြို့ ကျက်သရေ ဆောင် ရွှေမြင်းဝန် စေတီတော်မြတ် ၏ တောင်ဘက် လူသူပေါက်ရောက်မှု နည်းပါးသော စိမ့်စမ်းလျှိုမြောင် တောကြီးရှိ ကျောက်စရစ်ကုန်းကို ရှင်းလင်းလေသည်။ ထိုအခါ ရှေး ခေတ် ကျောက်ဖြင့် ထုလုပ်ထားသည့် မိကျောင်းရုပ်တု တစ်ခုကို တွေ့ရှိရ သည်ကို အစွဲပြု၍ မိကျောင်းကုန်း အမည်သမုတ်ခဲ့သည်။ ဆရာတော် သည် ယင်းနေရာတွင် ကျောင်းတိုက် တည်ကာ ဘာသာသာသနာကိစ္စ ရပ်များကို စတင်ဆောင်ရွက်သည်။

ဆရာတော်သည် နေ့ည မပြတ် စီမံကွပ်ကဲကာ မိကျောင်းကုန်း ကျောင်းတိုက်ဝင်းအတွင်း ၁၃၄၉ ခုနှစ်တွင် ကိုးတောင်ပြည့် ဆုတောင်း ပြည့် စေတီတော်မြတ်၊ ရုပ်ပွားတော် လေးဆူ ကိန်းဝပ်စံပယ်ရာ ဇိနမာရ် အောင် လိုဏ်ဂူစေတီတော်မြတ်ကြီး ပေ ၁၅ဝ ခန့်ရှိသည့် မိကျောင်း ရုပ် တုနှင့် မိကျောင်းကန်၊ ၁၃၆၅ ခုနှစ် တွင် ဒက္ခိဏာရာမ သုံးထပ်တိုက် ကျောင်း၊ ၁၃၇ဝ ပြည့်နှစ်တွင် မင်္ဂလာရေသိမ်တော်၊ ၁၃၇၂ ခုနှစ် တွင် ရုပ်လုံးကြွ များဖြင့် စီရင်ထား သော အခန်းပေါင်း ၃၂ခန်း ပါရှိ သော မဟာဗုဒ္ဓဝင် ပြတိုက်တို့ကို တည်ထောင်ခဲ့သည်။ မိကျောင်းကုန်း ကျောင်းတိုက်ဝင်းအတွင်း ယင်းသို့ တည်ဆောက်နေသည့် ကာလ၌ ၁၃၆၂ ခုနှစ်တွင် မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၏ တောင်ဘက် ၄ ဖာလုံခန့်၌ ရှိသော တောင်ကုန်း ပေါ်တွင် ဓိဋ္ဌာန်အောင် စေတီတော် မြတ်ကိုလည်း တည်ထားကိုးကွယ် တော် မူခဲ့သည်။

မဟာ ဗုဒ္ဓဝင် ပရဝဏ် အလယ် တွင် ဘဝနတ်ထံ ပျံလွန်တော်မူပြီး သော သာမည ဆရာတော်ဘုရား ကြီး၏ စံကျောင်းတော်ရှိသည်။ ဆရာတော်ဘုရားကြီး သက်တော် ထင်ရှားရှိစဉ်က ရံဖန်ရံခါ သီတင်း သုံးခဲ့သည်ဟုဆိုသော စံကျောင်း တော်အတွင်း၌ သာမညဆရာတော် ဘုရားကြီး၏ ပုံတူဖယောင်းရုပ်တုကို ဆရာတော်ဘုရားကြီး၏ အသုံး အဆောင် ပစ္စည်းများနှင့်အတူ ဖူးမြော်တွေ့ ရှိရသည်။ ဆရာတော် ဘုရားကြီး၏ ပုံတူဖယောင်းရုပ်တု သည် ဦးခေါင်းတော်မှ ခြေဖျားတော် ထိ ဥာဏ်တော်အမြင့် ၄၉ လက်မရှိ သည်။ စံကျောင်းတော် အမိုးပေါ်တွင် မဟာဗုဒ္ဓဝင် ကိုးနဝင်းစေတီတော် မြတ်ကို ဖူးတွေ့ရသည်။ စံကျောင်း တော်၏ နောက်ဘက်တွင် ဆရာတော် ဘဒ္ဒန္တဝိရောဓန၏ ထေရုပ္ပတ္တိ ကျောက်စာတိုင်ကို တွေ့ရမည် ဖြစ် သည်။

သာမည ဆရာတော် ဘုရားကြီး ၏ ပုံတူဖယောင်းရုပ်တုမှာ ထိုင်း နိုင်ငံ၊ နခွန်းပထုံမြို့မှ ပန်းပညာရှင် မြ.ဗည သြပ ၏ လက်ရာဖြစ်ပြီး၊ မဲဆောက်မြို့မှ ဦးကံချား-ဒေါ်စူဖင် မိသားစုတို့က ထိုင်းဘတ်ငွေ ၂၇ဝဝဝ ကုန်ကျခံ လှူဒါန်းခြင်းဖြစ်သည်။ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ပုံတူတော်ကို ဦးကံချား ၏ နေအိမ်မှ စံကျောင်းတော်သို့ ပင့်ဆောင်သည်။ ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ ၇ရက် နေ့တွင် ပူဇော်ပွဲကို ခမ်းနားစည်ကားစွာ ကျင်းပခဲ့ကြသည်။

မဟာဗုဒ္ဓဝင် ပြခန်းကို အခန်း ပေါင်း ၃၂ ခန်း ဖွဲ့စည်းထားသည်။ ဒီပင်္ကရာ မြတ်စွာ ဘုရား၏ ခြေတော် ရင်း၌ သုမေဓာ ရှင်ရသေ့ ဘုရား ဆုပန် ဗျာဒိတ်ခံယူသည်မှ စတင်ပြီး လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ ဘုရား လောင်း သိဒ္ဓတÄကို မီးရှူးသန့်စင် ဖွားမြင်တော်ခန်း၊ ဘုရားလောင်း တော်သည် အသက် ၁၆ နှစ် အရွယ် ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြား လက်ထပ်ခန်း၊ ဘုရားလောင်းတော် သည် ၂၉ နှစ်အရွယ်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တ်ာမူ သဖြင့် တောထွက်၍ ရဟန်းပြုခန်း၊ ဘုရားလောင်းတော်သည် အလွန် ပြုနိုင်ခဲသော ဒုက္ကရ စရိယအကျင့်ကို ခြောက်နှစ် ပတ်လုံး ကျင့်တော်မူခန်း၊ သုဇာတာအမည်ရှိ သူဌေးသမီး လှူဒါန်းသော နို့ဃနာဆွမ်းကို အဇပါလ ညောင်ပင်ရင်း၌ အလှူခံ ဘုန်းပေးခန်း၊ သောတÄိယ မြက်ထမ်း သမား လှူဒါန်းသော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သောအခါ မဟာဗောဓိ ပင်ရင်း၌ ဆန်းကြယ်စွာဖြစ်ပေါ်လာ သော ”အပရာဇိတ ရတနာပလ္လင်” ထက်၌ ဘုရားဖြစ်တော်မူခန်း၊ ဘုရား အဖြစ်ရရှိပြီးနောက် ဓမ္မစကြာ တရားဦး ဟောကြားတော်မူခန်း၊ ၄၅ ဝါကာလပတ်လုံး သတ္တဝါတို့၏ အ ကျိုးစီးပွားကို မနားမနေ စွမ်းဆောင် မှုအခန်းများ၊ သက်တော် ၈ဝ အရွယ် ရောက် သော အခါ မဟာသက္ကရာဇ် ၁၄၈ခု၊ ကဆုန်လပြည့်နေ့ဝယ် ကုသိ နာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူခန်းတို့ကို ရုပ် ပုံပြစာတန်းများနှင့်အတူ ပြသထား သည်မှာ မဟာဗုဒ္ဓဝင် ဇာတ်တော်ကို အချိန်တိုအတွင်း ဖတ်ရှုရဘိသကဲ့သို့ ကြည်ညိုသဒ္ဓါပွားမိပါသည်။

မိကျောင်းကုန်း ကျောင်းတိုက် ဝင်းအတွင်း စံပယ်တော်မူလျက် ရှိသည့် ကိုးတောင်ပြည့် ဆုတောင်း ပြည့် စေတီတော်သည် ရွှေရောင် တဝင်းဝင်းနှင့် တင့်တယ် သပ္ပာယ်လှ သည်။ ဝတ်ပြုဆုတောင်းကြသည့် ဘုရား ဖူးများနှင့် စည်ကားလှသည်။

သာမည ဆရာတော် ဘုရားကြီး မိန့်ကြားတော် မူခဲ့သည်နှင့်အညီ ဆရာတော် ဘဒ္ဒန္တဝိရောစန၏ နေ့ည မပြတ် ကွပ်ကဲကြိုးပမ်းမှုကြောင့် မြဝတီမြို့၏ အထင်ကရဖြစ်သော ရွှေမြင်းဝန် စေတီတော်မြတ်၏ တောက်ဘက်အရပ်၊ မြဝတီ ၄ ရပ် ကွက်၊ နတ်သျှင်နောင် လမ်းတွင် ယခုအခါ ဗုဒ္ဓဘာသာ သာသနာတော် သည် ထွန်းလင်းတောက်ပ ဖြစ်တည် လျက်ရှိနေပြီဖြစ်သည်။ ဗုဒ္ဓဘာ သာဝင်တိုင်းသည် ကြည်ညိုသဒ္ဓါ ထက်သန် ပြည့်စုံစွာဖြင့် အစဉ်ထာဝ ရ တည်တံ့စည်ကားအောင် ထိန်း သိမ်းသွားကြမည်မှာ မလွဲဧကန် ဖြစ်ပေသည်။

မြတ်မင်းလှိုင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071