Monday, June 23, 2025

ဖနောင်ပင်က ထိုင်းနှင့်နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိ-တ်ပြီ

ဖနောင်ပင်၊ဇွန် ၂၂ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် နယ်နိမိတ်အငြင်းပွားမှုအတွင်း ထိုင်းနှင့်ဆက်‌နေသည့် နောက်ထပ်နယ်စပ်ဂိတ်နှစ်ခုကို လုံးဝပိ-တ်ပ-စ်လိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ထိုင်းစစ်တပ်သည် ချေက်ဘ်ကော်ကီ နယ်စပ်စစ်ဆေးရေးဂိတ်ကို တနင်္ဂနွေနေ့မှစ၍ပိတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု...

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...
HomeNewsLocal Newsမိုးဦးကာလ ရေယာဉ်များ အန္တရာယ်ကင်းစွာ...

မိုးဦးကာလ ရေယာဉ်များ အန္တရာယ်ကင်းစွာ ခု-တ်မောင်းသွားလာနိုင်ရန် ရေလမ်းညွှန်အမှတ်အသားများကို ပြသထားမည်

မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အန္တရာယ်ကင်းစွာ ခု-တ်မောင်းသွားလာနိုင်ရန် ရေလမ်းညွှန်အမှတ်အသားများကို ပြသထားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတို-က်ခ-တ်ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက်လာမည်ဖြစ်သည်။

ထို့ကြောင့် မြစ်ရေတက်လာမှုပေါ်မူတည်၍ ရေယာဉ်များအန္တရာယ်ကင်းစွာ ခု-တ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေ လမ်းညွှန်အမှတ်အသားများကို ပြသထားမည်ဖြစ်သည်။

ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန် အမှတ်အသားများ တစ်ခါတစ်ရံ ပျ-က်စီးပျေ-ာက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန်လည်း သတိပေးထားသည်။

ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် မြစ်ရေတက်လာမှုကြောင့် ရေနည်းကာလတွင် ပေါ်ထွန်းခဲ့သော သောင်နှင့်ကျွန်းများ ရေမြုပ်၍ ရေမြွှာပေါက် ဖြတ်လမ်းများ ဖြစ်ပေါ်လာမည်ဖြစ်သည့်အတွက် ရေအနက်မလုံလောက်သော ရေမြွှာပေါက် ဖြတ်လမ်းများကို ဖြတ်သန်းခုတ်မောင်းခြင်းမပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့်ရေစီးနှုန်းကို ချင့်ချိန်၍ သတ်မှတ်ရေလမ်းအတိုင်းသာ သတိပြုခုတ်မောင်းရန် အသိပေးထားသည်။

ထို့ပြင် မြစ်ကူးတံတား ရေလမ်းများတွင် ရေယာဉ်များဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါအစိမ်းရောင် တြိဂံအမှတ်အသား ပြသထားပြီး ညအခါ မီးစိမ်းထွန်း ပြသထားမည်ဖြစ်ကြောင်းနှင့် မဝင်ရမည့်ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ်အမှတ်အသား ပြသထားပြီး ညအခါ မီးနီထွန်း ပြသထားမည်ဖြစ်ကြောင်း သိရသည်။

ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင်အုတ်ခုံများမှာ ရေမြုပ်နေပြီး ရေလယ်တိုင်( ၂ )တိုင်အကြားတွင် ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတားရေလမ်းကို ဖြတ်သန်းရာတွင် စက်နှင့် တက်မစနစ်များကို ကြိုတင်စစ်ဆေးပြီး လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ဖြတ်သန်းခုတ်မောင်းကြရန်နှင့် တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်ခု-တ်မောင်းခြင်းမပြုကြရန် လိုအပ်သည်။

အထူးသဖြင့် သယ်ဆောင်ဝန်နှင့်စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခု-တ်မောင်းကြရန်နှင့် မနိုင်ဝန်ကို သယ်ဆောင်ခြင်းမပြုကြရန်၊ မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရမည်ဖြစ်ကြောင်း သိရသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက်လေပြင်းတိုက်ခ-တ်မှုနှင့် မိုးမှောင်ကျမှု ဖြစ်ပေါ်သည့်အခါ ရေယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက် သတိပြု ခု-တ်မောင်းကြရန်နှင့် လေပြင်းတို-က်ခတ်စဉ် ရေယာဉ်များလိုက်နာရမည့် ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖနောင်ပင်က ထိုင်းနှင့်နယ်စပ်ဂိတ်နှစ်ခုကို ထပ်ပိ-တ်ပြီ

ဖနောင်ပင်၊ဇွန် ၂၂ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် နယ်နိမိတ်အငြင်းပွားမှုအတွင်း ထိုင်းနှင့်ဆက်‌နေသည့် နောက်ထပ်နယ်စပ်ဂိတ်နှစ်ခုကို လုံးဝပိ-တ်ပ-စ်လိုက်ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ထိုင်းစစ်တပ်သည် ချေက်ဘ်ကော်ကီ နယ်စပ်စစ်ဆေးရေးဂိတ်ကို တနင်္ဂနွေနေ့မှစ၍ပိတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ အော့ဒါ မီယန်ချေ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ စနေနေ့ညက အကြောင်းကြားခဲ့သည်ဟုလည်း၎င်းကပြောကြားခဲ့သည်။ "အဲဒီနယ်စပ်ဂိတ်ကို ကျွန်တော်တို့ဘက်ကလည်း အပြီးတိုင်ပိတ်ပစ်မယ်ဆိုတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့တုန့်ပြန်မှုကို ကျွန်တော်လည်းသဘောတူပါတယ်” ဟု ဟွန်မာနက်က ၎င်း၏ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်ပို့စ်တွင်ရေးသားခဲ့သည်။ "ဆက်လက်ပြီးကမ္ဘောဒီးယားဘက်ကလည်း ချိုအမ်း မှာရှိတဲ့ နောက်ထပ်စစ်ဆေးရေးဂိတ်တစ်ခုကိုပါ ချောက်ဘ် ကော်ကီ စစ်ဆေးရေးဂိတ်နဲ့အတူ ဒီနေ့ကစပြီး ပိတ်ဖို့ဆုံးဖြတ်ထားပါတယ်၊အဲ့ဒါကိုလည်းထိုင်းအုပ်ချုပ်ရေးမှူးကို အကြောင်းကြားဖို့ညွှန်ကြားထားပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဇွန်လ ၇ ရက် နေ့မှစပြီး...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပိုင်ရှင်မဲ့ဆေးဝါးနှင့်ဆက်ဆပ်ပစ္စည်းများအား ပြည်သူ့ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်းလှိုင်ကရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဇင်ထွန်းက ဆေးဝါးနှင့် ဆက်ဆပ်ပစ္စည်းများကို သူနာပြုဆရာမကြီးဒေါ်မိုးသီတာဝင်းထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းသည့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော(လူသုံး)အင်္ဂလိပ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသည် ငွေကျပ်သိန်း(၂၀၀)ခန့်ရှိကြောင်း သိရသည်။ Photo- Lin Lin , Yangon Sport

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု ဆောင်ညွှန်ကြားရေးမှူးတို့တွေ့ဆုံ

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge Manuel Lopes Moreira Da Silva အားလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ၊ UNOPS မှစီမံခန့်ခွဲလျက်ရှိသည့်ရန်ပုံငွေများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများနှင့်ဆက်လက်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071