Sunday, June 21, 2026

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန် မလေးရှားနှင့် တရုတ်ကို သွားမည်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်သည် ရာထူးတာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ပြည်ပအလုပ်အကိုင်များကိုမြှင့်တင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒဦးစားပေးမှုများကို အချက်ပြရန် ရည်ရွယ်သည့်ခရီးစဉ်တစ်ခုအနေဖြင့်...

မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်မှုများပြုလုပ်ထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေ ကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်များကြံ့ခိုင်မှုရှိစေရန်ပြုလုပ်ထားကြောင်း သိရသည်။ မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိရန်ဆောင်ရွက်ထားပြီး အမြန်ရေယာဉ် Speed Boat များကိုလည်းကြိုတင်စီမံထားကာ...

ဖားကန့်မြို့၌ ဥရုချောင်းရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ကာ ယနေ့ ဇွန် ၂၁ ရက်နံနက်အစောပိုင်းမှစတင်၍ ဖားကန့်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ "ချောင်းရေတက်လာတာအရမ်းမြန်တယ်။...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အား သထုံလူမှုကူညီရေးအသင်းက ဆန်များလှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ဒေသခံအိမ်ထောင် စု(၃၀၀)အား သထုံလူမှုကူညီရေးအသင်းက အိမ် ထောင်စုတစ်စုလျင် ဆန်(၁၂)ပြည်နှုန်းဖြင့် ဇွန် ၂၀ ရက်တွင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ " ကော့ကရိတ်မြို့ပေါ်...
HomeNewsLocal Newsမိုးဦးကာလတွင် မြိတ်ဒေသထွက် ငါးခြောက်၊...

မိုးဦးကာလတွင် မြိတ်ဒေသထွက် ငါးခြောက်၊ ပုစွန်ခြောက်နှင့် ငါးပိစျေးနှုန်းများ မြင့်တက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသထွက် ငါးခြောက်၊ ပုစွန်ခြောက်နှင့် ငါးပိစျေးနှုန်းများသည် မိုးဦးကာလတွင် စျေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဒေသခံများမှ သိရသည်။

သို့သော် ငါးသားပေါက်ရာသီနှင့် မိုးဦးကာလဖြစ်သည့်အတွက် ပင်လယ်ငါးဖမ်းလုပ်ငန်းများနှင့် ကျွန်းခရီးသွားလုပ်ငန်းများမှာ ခေတ္တရပ်နားထားရပြီး ပင်လယ်ထွက်ကုန်ရရှိမှု နည်းပါးလျက်ရှိသည်။

ထို့အပြင် မိုးများသည့်ဒေသဖြစ်သည့်အတွက် စိုစွတ်မှုများကာ နေရောင်ခြည်ရရှိမှုနည်းပါးသဖြင့် ငါးခြောက်၊ ပုစွန်ခြောက်နှင့် ငါးပိထုတ်လုပ်ရေးလုပ်ငန်းများတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး လုပ်ငန်းအနည်းငယ်သာ လုပ်ကိုင်နိုင်ကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာစျေးကြီးများတွင် ရောင်းချလျက်ရှိသော ငါးခြောက်၊ ပုစွန်ခြောက်နှင့် ငါးပိစျေးနှုန်းများမှာ ယခုနှစ် ဇွန်လပထမအပတ်အတွင်း စျေးမြင့်တက်လျက်ရှိကြောင်း သိရသည်။

လက်ရှိစျေးနှုန်းများအရ ငါးအူမျှင်းခြောက်(အူကြီးခြောက်) တစ်ပိဿာလျှင် ကျပ် ၉၀,၀၀၀၊ ငါးရောင်ခြောက်(ဇလုံးခြောက်) တစ်ပိဿာလျှင် ကျပ် ၆၀,၀၀၀၊ smart ဝိုင်းခြောက်(ငါးလိပ်ကျောက်) တစ်ပိဿာလျှင် ကျပ် ၁၂၀,၀၀၀၊ ငါးတံခွန်ခြောက် တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀၊ အာပြဲခြောက် တစ်ပိဿာလျှင် ကျပ် ၅၀,၀၀၀ နှင့် ရေကြည်ငယ်ခွဲခြောက် တစ်ပိဿာလျှင် ကျပ် ၆၀,၀၀၀ဖြင့် ရောင်းချလျက်ရှိသည်။

ထို့ပြင် ပုစွန်ခြောက်စျေးနှုန်းများမှာ အကောင်သေးတစ်ပိဿာလျှင် ကျပ် ၉၀,၀၀၀ မှ ၁၀၀,၀၀၀၊ အလတ်ဆိုဒ်တစ်ပိဿာလျှင် ကျပ် ၁၂၀,၀၀၀ မှ ၁၃၀,၀၀၀ နှင့် အကောင်ကြီးတစ်ပိဿာလျှင် ကျပ် ၁၆၀,၀၀၀ မှ ၁၈၀,၀၀၀အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

ငါးပိစျေးနှုန်းများအနေဖြင့် ရိုးရိုးငါးပိတစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀ နှင့် မျှင်ငါးပိ(ဂွေးငပိ) ရှယ်တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ဖြင့် ရောင်းချလျက်ရှိပြီး ဒေသတွင်းသာမက ရန်ကုန်၊ မန္တလေးနှင့် အခြားဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ဒေသခံလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ မိုးကာလအတွင်း ပင်လယ်ထွက်ကုန်ရရှိမှု ပိုမိုနည်းပါးလာနိုင်သည့်အတွက် ငါးခြောက်၊ ပုစွန်ခြောက်နှင့် ငါးပိစျေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် တောင်ကုန်းတောင်တန်းများ ပေါများပြီး ပင်လယ်နှင့်နီးကပ်စွာတည်ရှိသည့် ဒေသဖြစ်ရာ ရှေးယခင်ကတည်းက ဥယျာဥ်ခြံမြေစိုက်ပျိုးရေးနှင့် ပင်လယ်ရေလုပ်ငန်းများကို အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လျက်ရှိသည်။

မြိတ်ဒေသတွင် ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ နာနက်၊ ရေငန်း၊ ဓနိ၊ အုန်း၊ ကွမ်းရွက်၊ သင်္ဘောပင်နှင့် အခြားဟင်းသီးဟင်းရွက်များ စိုက်ပျိုးလျက်ရှိသကဲ့သို့ ကွမ်းသီး၊ ရာဘာ၊ သီဟိုဠ်၊ ဆီအုန်းနှင့် ဆေးဖက်ဝင်ကမ်းဇော်ပင်များကိုလည်း စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပင်လယ်နှင့်နီးစပ်သည့် ဒေသဖြစ်သည့်အတွက် ပုလဲ၊ ပုစွန်၊ ကမာ၊ ဂဏ္ဏန်းနှင့် ငါးအမျိုးမျိုးအပါအဝင် ပင်လယ်ထွက်ကုန်များစွာ ထွက်ရှိလျက်ရှိပြီး ယခုအခါ ပုစွန်နှင့် ဂဏ္ဏန်းပျော့ မွေးမြူရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေသထွက်ကုန်များကို ဒေသတွင်းစားသုံးမှုအပြင် ရန်ကုန်၊ မန္တလေးနှင့် မွန်ပြည်နယ်များသို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ပြည်ပသို့လည်း တင်ပို့လျက်ရှိရာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေတိုးတက်စေရန် အထောက်အကူပြုလျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိကာလတွင် မြိတ်မြို့၌ ရာသီပေါ်သီးနှံများဖြစ်သည့် ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်၊ ရေငန်းများအပြင် ဆေးဖက်ဝင်ကမ်းဇော်သီးများလည်း ရင့်မှည့်ကာ ကမ်းဇော်စေ့များ လှိုင်လှိုင်ထွက်ရှိလျက်ရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန် မလေးရှားနှင့် တရုတ်ကို သွားမည်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်သည် ရာထူးတာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ပြည်ပအလုပ်အကိုင်များကိုမြှင့်တင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒဦးစားပေးမှုများကို အချက်ပြရန် ရည်ရွယ်သည့်ခရီးစဉ်တစ်ခုအနေဖြင့် မလေးရှားနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။     ရာမန်၏ အစိုးရသည် အာရှအဓိကမိတ်ဖက်များနှင့် ဆက်ဆံရေးခိုင်မာစေသည့်အပြင် ရည်မှန်းချက်ကြီးမားသော စီးပွားရေးအစီအစဉ်ကို ပံ့ပိုးရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေချိန်တွင် ခြောက်ရက်ကြာခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။       ရာမန်သည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်နှင့် တွေ့ဆုံရန်အတွက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ကွာလာလမ်ပူရ်သို့ ထွက်ခွာမည်ဖြစ်ပြီး ထို့နောက် တရုတ်ဝန်ကြီးချုပ် လီကျန်း၏ ဖိတ်ကြားချက်အရ တနင်္လာနေ့တွင်...

မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်မှုများပြုလုပ်ထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေ ကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်များကြံ့ခိုင်မှုရှိစေရန်ပြုလုပ်ထားကြောင်း သိရသည်။ မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိရန်ဆောင်ရွက်ထားပြီး အမြန်ရေယာဉ် Speed Boat များကိုလည်းကြိုတင်စီမံထားကာ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး ရေဝင်ရောက်နိုင်သည့်နေရာများအား သဲအိတ်များဖြင့်ကာရံထားကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ထားရှိမှုများကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးကိုလေးက ဇွန် ၂၀ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး ချင်းတွင်းမြစ်ရေကြီးချိန်အတွင်း သက်ဆိုင်ရာများ၊ ဌာနများအလိုက် ရှာဖွေကယ်ဆယ်ရေးနှင့် သက်ကယ်ပစ္စည်းများပြည့်စုံလုံလောက်မှုရှိစေရေး၊ ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိစေရေးအတွက် စနစ်တကျကြိုတင်ပြင်ဆင်ထားရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့၌ ဥရုချောင်းရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ကာ ယနေ့ ဇွန် ၂၁ ရက်နံနက်အစောပိုင်းမှစတင်၍ ဖားကန့်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ "ချောင်းရေတက်လာတာအရမ်းမြန်တယ်။ ပထမဆုံးစပြီး ရေတွေဝင်လာတာက ကျောက်ဝိုင်းရပ်ကွက်ထဲကိုပါ။ အိမ်အနိမ့်လေးတွေဆိုရင် ကြမ်းခင်းတွေလည်းမြုပ်ကုန်တယ်။ လမ်းတွေမှာဆိုရင်လည်း တစ်ချို့နေရာတွေဆိုရင် ခါးလယ်ရောက်အထိ ရေတွေရောက်နေပြီ"ဟု ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြော သည်။ လက်ရှိအချိန်၌ ရေဝင်ရောက်မှုများပြားသည့် နေအိမ်များအတွင်းနေထိုင်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးလျက်ရှိကာ သဘာဝဘေးအန္တရာယ်နှင့်အတူကြုံတွေ့လာနိုင်သောဖြစ်စဥ်များကိုသတိပြုကြရန်လည်း သတိပေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo-Ko Myat Soe Han

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071