လတ်တလောမှာ မိုးအောင်ရင်က အနုပညာအလုပ်တွေ နားနေပြီး gym ကိုတစ်ပတ်မှာ ခြောက်ရက် ဆော့ဖြစ်ပြီး DJ လည်းတီးဖြစ်နေပါတယ်။ DJ တီးတာကို ၀ါသနာအဆင့်ပဲရှိပြီး professionalလုပ်ဖို့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသေးဘူးလို့ဆိုပါတယ်။
မိုးအောင်ရင် ရဲ့ ကိုဗစ်တတိယလှိုင်းအတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့ အခုလိုပဲပြောပြခဲ့ပါတယ်။ အဖေဆို ကိုဗစ်ရဲ့ နောက်ဆက်တွဲ heart attack တွေလည်းဖြစ်ပြီးဆေးရုံတက်ရတယ်။ ဦးလေးတွေဆိုလည်း တစ်မိသားစုလုံးဆေးရုံတက်ရတယ်။ မိတ်ဆွေအပေါင်းအသင်းတွေမှာလည်းဆုံးတဲ့သူကဆုံး နဲ့ မျိုးစုံကိုဖြစ်တာ။ ကျွန်တော်ကတော့ ကိုဗစ်မဖြစ်သေးဘူး။ လူကတော့ သေတစ်နေ့မွေးတစ်နေ့ပေါ့၊ စောတာနဲ့ မြန်တာပဲကွာတယ်။ အသက်အရွယ်လည်းမရွေးဘူး။ အရင်ကတော့အသက်ကြီးမှဖြစ်မယ်ထင်ထားတာ၊ ပြီးတော့တချို့ဆို ရောဂါအခံရှိမှ ဖြစ်မယ်ထင်ထားတာ။ ကျွန်တော့်သူငယ်ချင်းအဖွားဆို အသက် ရ၀ ကျော်ပြီ၊ ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းသွားတယ်။ လူတစ်ယောက်ကအသက်ရှင်နေရင် ကျန်းမာနေရင် ဘာမဆိုလုပ်လို့ရတယ်လို့ ယုံကြည်တယ်။ အဓိကကတော့ကျန်းမာအောင် နေပါလို့ ပြောချင်ပါတယ်။