ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် လမ်ဖန်ပြည်နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် အင်္ဂါနေ့ညပိုင်းမှ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းရောက်သည်အထိ ရေကြီးရေလျှံမှုများဖြစ်ခဲ့သည်။
ရေကြီးမှုကြောင့် ခရိုင်များစွာရှိ လူနေရပ်ကွက်များနှင့် လယ်မြေများ ထိခို-က်ခဲ့သည်ဟု ချင်းမိုင်ပြည်နယ် သဘာဝဘေးလျော့ပါးရေးဌာန အကြီးအကဲ ဒူးဇစ် ပွန်ဆာပီပတ်က ပြောကြားခဲ့သည်။
Chiang Dao ခရိုင်သည် အထိခို-က်ဆုံးဖြစ်ခဲ့ပြီး အထူးသဖြင့် Muang Na နှင့် Thung Khao Phuang မြို့များတွင် မိုးရေချိန်သည် ၁၀၀ မီလီမီတာကျော် ရွာသွန်းခဲ့သည်။
လတ်တလောတွင် လူအေ-သအပျေ-ာက်သတင်းများ မကြားရသေးဘဲ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် မိုးလျော့ပါးသွားကြောင်းနှင့် မကြာခင်တွင် အခြေအနေကောင်းမွန်လာရန် မျှော်လင့်ကြောင်း မစ္စတာ ဒူးဇစ်က ပြောဆိုခဲ့သည်။
လမ်ဖန်ပြည်နယ် Ngao ခရိုင်ရှိ မြို့များစွာတွင် အင်္ဂါနေ့ညနှောင်းပိုင်း၌ ရေကြီးမှုများဖြစ်ခဲ့သည်။ Ban၊ Haeng Ban Rong၊ Luang Tai နှင့် Pong Tao မြို့များတွင် ရေလွှမ်းမိုးလျက်ရှိသည်ဟု ဒေသဆိုင်ရာ ပြည်သူ့ဆက်ဆံရေးရုံးက သတင်းထုတ်ပြန်ထားသည်။
Ref: ဘန်ကောက်ပို့စ်
