စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဇွန် ၂၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လဟယ်-တိုက်ရံ-ပုံညို သွားလမ်းတစ်လျှောက် လမ်းပိုင်းပျက်စီးမှုနှင့် ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မကျန်ကျေးရွာနှင့် တိုက်ရံကျေးရွာအကြား လမ်းပိုင်းအချို့ ပျက်စီးခဲ့သည့်အပြင် တိုက်ရံ-ဆပ္ပလော် လမ်းပိုင်းတွင်လည်း ရေဝပ်နေသည့် နေရာများ ဖြစ်ပေါ်ခဲ့သဖြင့် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းပျက်စီးမှုနှင့် ရေဝပ်နေသည့် အခြေအနေများကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
