Sunday, January 25, 2026

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့်...

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeInternationalမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယီမင်တွင် သမိုင်းဝင်အဆောက်အအုံများပြိုကျ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယီမင်တွင် သမိုင်းဝင်အဆောက်အအုံများပြိုကျ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယီမင်တွင် သမိုင်းဝင်အဆောက်အအုံများပြိုကျ

စင်နားယာ၊ဩဂုတ် ၁၁

ယီမင်နိုင်ငံ၏ မြို့တော်စင်နားယာတွင် မကြာသေးမီရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းမှု‌ေကြာင့်မြို့ဟောင်းရှိ အဆောက်အအုံ ၁၀ လုံး ပြိုကျပျက်စီးခဲ့ကြောင်း ဟူသီတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

ယီမင်ပြည်တွင်းစစ် စတင်ဖြစ်ပွားချိန်မှစ၍ ရှစ်နှစ်ကျော်ကြာ မြို့တော်စင်နားယာကိုထိန်းချုပ်ထားသော ဟူသီအဖွဲ့ဝင်များက နိုင်ငံ၏ရှေးဟောင်းအဆောက်အအုံ  ၈၀ ထက်မနည်းပျက်စီးခဲ့ပြီး အရေးပေါ် ပြုပြင်မှုများ လိုအပ်နေကြောင်း ဗုဒ္ဓဟူးနေ့ကဆိုခဲ့သည်။

စင်နားယာမြို့ဟောင်းသည် ယူနက်စကို၏ ကမ္ဘာ့ယဥ်‌ေကျးမှုအမွေအနှစ်နေရာဖြစ်သည်။ထိုဧရိယာတစ်ဝိုက်တွင် နှစ်ပေါင်းထောင်ချီ၍ လူများနေထိုင်ခဲ့သည်ဟု ယူဆရသည်။ ၎င်း၏ဗိသုကာလက်ရာသည် ထူးခြားကာကမ္ဘာ့ပထမဆုံးအထပ်မြင့်အ‌ေဆာက်အအံုတည်ဆောက်  သည့်နေရာအဖြစ်ယူဆကြသည်။

အဆောက်အအုံများတွင် အဖြူရောင်ဂျစ်ပဆမ်ပုံသွင်းခြင်းများဖြင့် အလှဆင်ထားသော အနီရောင်အုတ်မျက်နှာစာများရှိကာ ယီမင်မြို့တော်ကို ကိုယ်စားပြုသည့်ပုံစံတစ်ခုဖြစ်သည်။အိမ်အများစုသည် ကိုယ်ပိုင်အိမ်များဖြစ်ပြီး အချို့မှာ နှစ်ပေါင်း ၅၀၀ ကျော်သာသက်တမ်းရှိ‌သေးသည်။


ဟူသီ ယဉ်ကျေးမှုဝန်ကြီး အဗ္ဗဒူလာအယ်လ်ကပ်စီ ကဟူသီတပ်ဖွဲ့များသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်နေပြီး ပျက်ဆီးမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီရယူနေကြောင်းပြောကြားခဲ့သည်။ပြိုကျမှုကြောင့် လူသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှု သတင်းများ အတိအကျ မသိရသေးကြောင်းလည်း ၎င်း၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အိမ်များသည် ရာစုနှစ်များစွာကြာအောင် တည်ရှိနေခဲ့သော်လည်း ယခုရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုက အထင်ကရအဆောက်အအံုများကို အကြီးအကျယ်ပျက်စီးစေခဲ့သည်။

အယ်လ်ကပ်စီ က ယူနက်စကိုအနေဖြင့် ဒေသ၏သမိုင်းဝင်မှုအရပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများအတွက် တာဝန်အချို့ကိုထမ်းဆောင်ပေးရန်လည်းအခိုင်အမာပြောကြားခဲ့သည်။ယခင်အစိုးရလက်ထက်က နှစ်ပေါင်းများစွာ လျစ်လျူရှုမှုများကြောင့်လည်း ထိခိုက်နစ်နာခဲ့ရသည်ဟု ၎င်းကဆက်လက်ပြောသည်။

၂၀၁၅ ခုနှစ်က ဆော်ဒီဦးဆောင်သော စစ်တပ်ညွန့်ပေါင်းအဖွဲ့သည် စင်နားယာအပါအဝင် နိုင်ငံ၏နေရာအတော်များများကို ချုပ်ကိုင်ထားနိုင်သော ဟူသီတပ်ဖွဲ့ဝင်များနှင့် မြို့တော်မှတိုက်ထုတ်ခံလိုက်ရ သော နိုင်ငံတကာအသိအမှတ်ပြုထားသည့် တရားဝင်အစိုးရအကြား ကြားဝင်ဖျန်ဖြေရန်ကြိုးပမ်းခဲ့ဖူးသည်။

ယခုလအစောပိုင်းက နှစ်ဖက်တပ်များသည် ဧပြီလကတည်းက စတင်ခဲ့သော အပစ်အခတ်ရပ်စဲရေးကို နောက်ထပ်နှစ်လသက်တမ်းတိုးရန်သဘောတူညီခဲ့ကြသည်။ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က စင်နားယာကို လေကြောင်းမှတိုက်ခိုက်ခြင်းသည် သမိုင်းဝင်အဆောက်အအုံများကို တုန်ခါမှုများဖြစ်စေကာ ၎င်းတို့၏အခြေခံအုတ်မြစ်များ ပျက်စီးသွားနိုင်သည်ဟု လေ့လာသူအချို့ကဆိုသည်။  

သို့သော် ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းသည်လည်း အကြီးမားဆုံး ပြဿနာဖြစ်သည် ဟု ယီမင်၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို အထူးပြုထားသည့် The Green Dream အမည်ရှိဒေသခံအဖွဲ့အစည်းကို ဦးဆောင်သူ Mohamed al-Hakeemi ကပြောကြားခဲ့သည်။

စစ်ပွဲစတင်ကတည်းက ပထမဆုံးအလေးနက်ထားပြုပြင်သော ထိန်းသိမ်းမှုတစ်ခုအဖြစ် ၂၀၂၁ ခုနှစ်တွင် ရာနှင့်ချီသော နေအိမ်များကိုပြုပြင်ပြီး တစ်ဒါဇင်ခန့်ကို ပြန်လည်တည်ဆောက်ခဲ့သည်။

Source – Aljazeera & AP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့် ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက်၊ မဲရုံအမှတ်(၂)တွင် တွေ့ရသည့် မဲရုံပိတ်သိမ်းကာ မဲရလာဒ်များ စတင်ရေတွက်မှုမြင်ကွင်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ ညနေ ၄နာရီအချိန်တွင် မဲပေးမှုများ ပြီးစီးကာ မဲရုံများ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၃)ကို မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင်ကျင်းပခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသ​ကြီးတွင် ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာ တောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ စမ်းချောင်း၊...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071