Wednesday, August 6, 2025

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့်...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)၏ ပြည် ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံ...

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း...

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။ ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC...

သီတဂူဆရာတော်ကြီးမှ ကရင်ပြည်နယ်ရှိ ရေ‌ဘေးသင့်သူများအတွက် ငွေကျပ်သိန်း(၁,၀၀၀)လှူဒါန်း

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ကရင် ပြည်နယ်အတွင်းရှိ ရေဘေးသင့်သူများအတွက် သီတဂူဆရာတော်ကြီးမှ အလှူငွေကျပ်သိန်း(၁,၀၀၀) ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁,၀၀၀)အား သီတဂူဆရာတော်ကြီး၏ညွှန်ကြားမှုဖြင့်...
HomeInternationalမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယီမင်တွင် သမိုင်းဝင်အဆောက်အအုံများပြိုကျ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယီမင်တွင် သမိုင်းဝင်အဆောက်အအုံများပြိုကျ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယီမင်တွင် သမိုင်းဝင်အဆောက်အအုံများပြိုကျ

စင်နားယာ၊ဩဂုတ် ၁၁

ယီမင်နိုင်ငံ၏ မြို့တော်စင်နားယာတွင် မကြာသေးမီရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းမှု‌ေကြာင့်မြို့ဟောင်းရှိ အဆောက်အအုံ ၁၀ လုံး ပြိုကျပျက်စီးခဲ့ကြောင်း ဟူသီတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

ယီမင်ပြည်တွင်းစစ် စတင်ဖြစ်ပွားချိန်မှစ၍ ရှစ်နှစ်ကျော်ကြာ မြို့တော်စင်နားယာကိုထိန်းချုပ်ထားသော ဟူသီအဖွဲ့ဝင်များက နိုင်ငံ၏ရှေးဟောင်းအဆောက်အအုံ  ၈၀ ထက်မနည်းပျက်စီးခဲ့ပြီး အရေးပေါ် ပြုပြင်မှုများ လိုအပ်နေကြောင်း ဗုဒ္ဓဟူးနေ့ကဆိုခဲ့သည်။

စင်နားယာမြို့ဟောင်းသည် ယူနက်စကို၏ ကမ္ဘာ့ယဥ်‌ေကျးမှုအမွေအနှစ်နေရာဖြစ်သည်။ထိုဧရိယာတစ်ဝိုက်တွင် နှစ်ပေါင်းထောင်ချီ၍ လူများနေထိုင်ခဲ့သည်ဟု ယူဆရသည်။ ၎င်း၏ဗိသုကာလက်ရာသည် ထူးခြားကာကမ္ဘာ့ပထမဆုံးအထပ်မြင့်အ‌ေဆာက်အအံုတည်ဆောက်  သည့်နေရာအဖြစ်ယူဆကြသည်။

အဆောက်အအုံများတွင် အဖြူရောင်ဂျစ်ပဆမ်ပုံသွင်းခြင်းများဖြင့် အလှဆင်ထားသော အနီရောင်အုတ်မျက်နှာစာများရှိကာ ယီမင်မြို့တော်ကို ကိုယ်စားပြုသည့်ပုံစံတစ်ခုဖြစ်သည်။အိမ်အများစုသည် ကိုယ်ပိုင်အိမ်များဖြစ်ပြီး အချို့မှာ နှစ်ပေါင်း ၅၀၀ ကျော်သာသက်တမ်းရှိ‌သေးသည်။


ဟူသီ ယဉ်ကျေးမှုဝန်ကြီး အဗ္ဗဒူလာအယ်လ်ကပ်စီ ကဟူသီတပ်ဖွဲ့များသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်နေပြီး ပျက်ဆီးမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီရယူနေကြောင်းပြောကြားခဲ့သည်။ပြိုကျမှုကြောင့် လူသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှု သတင်းများ အတိအကျ မသိရသေးကြောင်းလည်း ၎င်း၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အိမ်များသည် ရာစုနှစ်များစွာကြာအောင် တည်ရှိနေခဲ့သော်လည်း ယခုရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုက အထင်ကရအဆောက်အအံုများကို အကြီးအကျယ်ပျက်စီးစေခဲ့သည်။

အယ်လ်ကပ်စီ က ယူနက်စကိုအနေဖြင့် ဒေသ၏သမိုင်းဝင်မှုအရပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများအတွက် တာဝန်အချို့ကိုထမ်းဆောင်ပေးရန်လည်းအခိုင်အမာပြောကြားခဲ့သည်။ယခင်အစိုးရလက်ထက်က နှစ်ပေါင်းများစွာ လျစ်လျူရှုမှုများကြောင့်လည်း ထိခိုက်နစ်နာခဲ့ရသည်ဟု ၎င်းကဆက်လက်ပြောသည်။

၂၀၁၅ ခုနှစ်က ဆော်ဒီဦးဆောင်သော စစ်တပ်ညွန့်ပေါင်းအဖွဲ့သည် စင်နားယာအပါအဝင် နိုင်ငံ၏နေရာအတော်များများကို ချုပ်ကိုင်ထားနိုင်သော ဟူသီတပ်ဖွဲ့ဝင်များနှင့် မြို့တော်မှတိုက်ထုတ်ခံလိုက်ရ သော နိုင်ငံတကာအသိအမှတ်ပြုထားသည့် တရားဝင်အစိုးရအကြား ကြားဝင်ဖျန်ဖြေရန်ကြိုးပမ်းခဲ့ဖူးသည်။

ယခုလအစောပိုင်းက နှစ်ဖက်တပ်များသည် ဧပြီလကတည်းက စတင်ခဲ့သော အပစ်အခတ်ရပ်စဲရေးကို နောက်ထပ်နှစ်လသက်တမ်းတိုးရန်သဘောတူညီခဲ့ကြသည်။ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က စင်နားယာကို လေကြောင်းမှတိုက်ခိုက်ခြင်းသည် သမိုင်းဝင်အဆောက်အအုံများကို တုန်ခါမှုများဖြစ်စေကာ ၎င်းတို့၏အခြေခံအုတ်မြစ်များ ပျက်စီးသွားနိုင်သည်ဟု လေ့လာသူအချို့ကဆိုသည်။  

သို့သော် ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းသည်လည်း အကြီးမားဆုံး ပြဿနာဖြစ်သည် ဟု ယီမင်၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို အထူးပြုထားသည့် The Green Dream အမည်ရှိဒေသခံအဖွဲ့အစည်းကို ဦးဆောင်သူ Mohamed al-Hakeemi ကပြောကြားခဲ့သည်။

စစ်ပွဲစတင်ကတည်းက ပထမဆုံးအလေးနက်ထားပြုပြင်သော ထိန်းသိမ်းမှုတစ်ခုအဖြစ် ၂၀၂၁ ခုနှစ်တွင် ရာနှင့်ချီသော နေအိမ်များကိုပြုပြင်ပြီး တစ်ဒါဇင်ခန့်ကို ပြန်လည်တည်ဆောက်ခဲ့သည်။

Source – Aljazeera & AP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃)သန်းခန့်ကိုတရားဝင်လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုယန္တရားအောက်မှ စီမံကိန်း(၁၄)ခုအား အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၃)သန်းခန့်ကို ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ(၂၀၂၅)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာလက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် အခြားသော မဲခေါင်နှင့်ဆက်စပ်သောပူးပေါင်းဆောင် ရွက်မှုယန္တရားများအနက် အအောင်မြင်ဆုံးယန္တရားတစ်ခုဖြစ်ကာ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေရန် (၉)နှစ်တာကာလအတွင်း အဖွဲ့ဝင်နိုင်ငံများမှ စီမံ ကိန်းပေါင်း(၉၈၄)ခုကိုပံ့ပိုးကူညီခဲ့ကြသည်ဟု အ ခမ်းအနားတက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ၂၀၁၇...

ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုး သားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်

နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁)၏ ပြည် ထောင်စုဝန်ကြီးဦးတင်အောင်စန်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ယာယီသမ္မတနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများကို ဘက်ပေါင်းစုံမှလေ့လာသုံးသပ်အကြံ ပြုနိုင်ရန်အတွက် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုသို့ ခန်အပ်တာဝန်ပေးခြင်းအား အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရကောင်စီမှ အမိန့်အမှတ် ၆/၂၀၂၅ ဖြင့် ယနေ့ သြဂုတ် ၅ ရက်က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသင်းအ‌နေနဲ့အကောင်းဆုံးရလဒ်ကို ယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းပြော

မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အကောင်းဆုံးရလဒ်ကိုယူပြီး အောင်မြင်မှုရယူနိုင်မယ်ဟု ယုံကြည်ကြောင်း မြန်မာအမျိုးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားသည်။ ယနေ့ ဩဂုတ်(၅)ရက်က ကျင်းပပြုလုပ်သည့် 2026 AFC U-20 Women's Asian Cup ခြေစစ်ပွဲအုပ်စု (D)၏ပွဲကြိုသတင်း စာရှင်းလင်းပွဲအတွင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ "ကျွန်တော့်ကို အခွင့်အရေးထပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေရော၊ ကျွန်တော်တို့ရော စိတ်ပိုင်းဆိုင်ရာ အကောင်းဆုံးပြု ပြင်တည်ဆောက်ပြီးတော့ ပြိုင်ပွဲဝင်သွားမှာပါ။ ယုံကြည်မှုလည်း ရှိပါတယ်။ ကျွန်တော်တို့အသင်းက အကောင်းဆုံးရလဒ်ကို ရယူပြီးတော့ အောင်မြင်မှုရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ ဒီပွဲကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071