Tuesday, February 3, 2026

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု...

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည်...

ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီးတို့တွေ့ဆုံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်နေသည့်...

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်အား နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန် ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့်...

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း...
HomeEntertainmentပြည်တွင်းသတင်း Eventမိုးတွင်းမှာ ရေကြီးရေ လျှံမှု...

မိုးတွင်းမှာ ရေကြီးရေ လျှံမှု လျော့ကျအောင် ရန်ကုန်မြို့တော် စည်ပင် သာယာ အနေနဲ့ စီစဉ် ဆောင်ရွက်နေကြောင်း သိရ

Untitled-1မိုးတွင်းကာလ ရန်ကုန်မြို့ပြရဲ့ ရေမြောင်းတွေ ပိတ် ဆို့မှုနဲ့ ရေကြီးရေလျှံ ဖြစ်မှုကတော့ နှစ်စဉ်လိုလို ကြုံတွေ့ နေရတဲ့ အနေအထားပါ။ အစိုးရသစ် လက်ထက်မှာတော့ ရေကြီးရေလျှံမှုတွေ အထိုက်အလျောက် ဖြေလျော့နိုင် ဖို့အတွက် ရေမြောင်းများကို ပြုပြင် ဆယ်ယူမှုတွေ တစ်စိုက် မတ်မတ်လုပ်ဆောင်လာတာလည်း တွေ့မြင်ရပါတယ်။

သို့သော်လည်း ကြုံတွေ့ရတဲ့ အခက်အခဲနဲ့အတူ ယခုမိုးတွင်းကာလ ရေမြောင်းပိတ်ဆို့မှုနဲ့ ရေကြီးရေလျှံ မှုတွေပြေလျော့စေဖို့ အတွက် ကြိုစား လုပ်ဆောင်နေတယ်လို့ ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဆရာမ ဒေါ်သန်းမြင့်အောင် က အခုလို ပြောပြခဲ့ပါတယ်။

“ရေကြီးရေလျှံမှု ကလည်း နှစ်စဉ် ကျွန်မ တို့ကြုံတွေ့ နေရတယ်။ ယုဇနပလာဇာ တို့ ဝေဇယန္တာလမ်းမ တို့ဆို ရေက ခါး လယ်လောက် ရောက် တာတွေပေါ့။ ဒီနှစ် မိုးတွင်း မှာတော့ ရေကြီးရေလျှံမှု အတတ်နိုင်ဆုံး လျော့ကျအောင် ရယ်၊ တကယ်လို့ ရေလျှံရင်လည်း ရေလျှံလာတဲ့ ပမာဏဟာ နာရီပိုင်း အတွင်း၊ မိနစ်ပိုင်း အတွင်းလေး လျော့ကျသွား အောင်၊ အဲဒီလိုတော့ ကျွန်မတို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီအနေနဲ့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ တချို့နေရာတွေ မှာကျတော့ ရေစီးရေလာတဲ့ မြောင်းတွေရဲ့  အလယ်လောက်မှာကို ဓာတ်တိုင်ကြီး တွေ၊ ပြီးတော့ ပိတ်ဆို့စရာ ပစ္စည်းတွေပေါ့။ အဲဒီလို နေရာမျိုးတွေ ရှိနေ တဲ့အတွက်ကြောင့် မို့လို့ ချက်ချင်း လက်ငင်းမရတဲ့ အနေအထားမျိုး တွေတော့ ရှိတာပေါ့။ အတတ်နိုင်ဆုံး တော့ လျော့ကျအောင် လုပ်ဆောင်နေပါတယ်” လို့ ဆရာမ သန်းမြင့်အောင်က မိုးတွင်း ကာလရေကြီး ရေလျှံမှု လျော့ ကျအောင် လုပ်ဆောင်နေမှု အပိုင်းကို ရှင်းပြပါတယ်။ ရေ ကြီးရေလျှံမှုနဲ့ အတူ စွန့်ပစ်အမှိုက်များကိုလည်း မြင်တွေ့ နေရပါတယ်။ စွန့်ပစ် အမှိုက်များက ရေစီးဆင်းရာ ရေ မြောင်းတွေမှာ ပိတ်ဆို့မှု ရှိသလို ရေကြီး ရေလျှံမှုရဲ့ အစိတ် အပိုင်းတစ်ခု အဖြစ် ပိတ်ဆို့မှု များလည်း ရှိနေတာ မြင်တွေ့ ရပါတယ်။ စွန့်ပစ်အမှိုက်နဲ့ ရေမြောင်းပိတ်ဆို့မှု အပိုင်းကို ဆရာမ ဒေါ်သန်းမြင့်အောင်ကို မေးကြည့်ရာမှာတော့ “ကျွန်မတို့တွေ နိုင်ငံသစ်ကို ထူထောင်နေကြချိန်မှာ လူတိုင်း လူတိုင်းက နိုင်ငံသားကောင်းတွေ လို့ ပြောလိုက် တာနဲ့ တစ်ပြိုင်နက်တည်း အဲဒီလူတွေဟာ  ပြည်သူ့နီတိ ကျေရမယ်။ စည်းကမ်း ရှိရမယ်၊ အနည်းဆုံးတော့ ကိုယ့်ရဲ့ တာဝန်ကို ကိုယ်ကျေပွန်နိုင် ရမှာပေါ့ ။ လူရှိသမျှ အမှိုက် ရှိမှာပဲ။ ကိုယ့် အမှိုက်ကလေးကို ကိုယ် တာဝန်ယူဖို့ လိုတယ်။ တစ်ခါတလေ အမှတ်မထင်ပေါ့။ ဘတ်စ်ကားပေါ်မှာ စီးသွားရင်းနဲ့ တစ်ရှူးလေး သုတ်ပြီး ပစ်ချလိုက်တာမျိုး၊ ကွမ်းယာစားပြီး ကွမ်းယာထည့်တဲ့ ပလတ်စတစ်ကို ပစ်ချ တာမျိုး၊ ကြွပ်ကြွပ်အိတ် ပစ်ချလိုက်တာမျိုးတို့ပေါ့။ အဲဒါ လေးတွေ သတိထားပြီး လမ်းမမှာဆို ကိုယ့်အမှိုက်ကို ကိုယ်သိမ်းထားမယ်။ အမှိုက်ပုံး ရှိတဲ့နေရာမှာ ပစ်မယ်။ ပြီး တော့ လူတိုင်းလူတိုင်းမှာ ဒီလိုမျိုး အသေးအဖွဲ လေးတွေက စပြီး ဂရုစိုက်တယ် ဆိုရင် ကျွန်မတို့ တစ်မြို့လုံး သန့်ရှင်း သွားမှာပါပဲ။ အခု ကျွန်မတို့ မြောင်းကျယ်တွေ ဖောက် တဲ့အခါမျိုးမှာ အိမ်တွေက သုံးတဲ့ ဆိုဖာကြီးတွေကို မြောင်း ထဲပစ်ထားတာမျိုး၊ ဗီရိုပျက်ကြီးတွေ ဒါမျိုးတွေတွေ့ ရတယ်ပေါ့။ အမှန်ကတော့ ဒါမျိုးတွေက အမှိုက်ပုံမှာ ပစ်လို့တော့ မရပါဘူး။ သို့သော် ကိုယ့်အိမ်ရှေ့မှာ စုထား မယ်။ အဲဒီလို အမှိုက်တွေ များ လာရင် မြို့တော်စည်ပင် ကို On Call ခေါ်မယ်ဆိုရင် ကားနဲ့လာ သယ်ပေးမှာပေါ့။ အဲဒီလို အသိလေးတွေလည်း လူထုကြားမှာ ပြန့်ပွားဖို့လိုပါ တယ်” လို့ ဆရာမဒေါ်သန်းမြင့်အောင်က အမှိုက်စွန့်ပစ်မှု ကြုံတွေ့ခဲ့ရတဲ့ အနေအထားနဲ့ အမြင်ကို ပြောပြခဲ့ပါ တယ်။

မျိုးကျော် (ကနောင်သွေး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071