Monday, June 23, 2025

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...

ငလျင်ဒဏ်ထိ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန်...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူ ရှင်များဖိတ်ခေါ်ထားသည်။ မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊...

အမေရိကကိုလက်တုန့်ပြန်မည်–အီရန်သမ္မတ

တေရန်၊ဇွန် ၂၂ အီရန်နျူကလီးယားစက်ရုံများကို အမေရိက,က တို-က်ခို-က်ခဲ့သည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ဒ် ပီဇက်ခီယန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်သမ္မတနှင့်...
HomeInternationalမိုးကြီး၍ ယူနန်တွင် ရေကြီး...

မိုးကြီး၍ ယူနန်တွင် ရေကြီး မြေပြို

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် မိုသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးကာ ရွှံ့မြေပြိုခဲ့သဖြင့် လမ်းများ၊ အဆောက်အအုံများနှင့် တံတားများ ပျ-က်စီးခဲ့ပြီး ပိတ်ရက်ရှည်ကာလတွင် ထိခို-က်ပျ-က်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

လူအ‌ေ-သအပျေ-ာက်မရှိသော်လည်း Gongshan စီရင်စုတွင် လူဦးရေ ၄,၈၀၀ ကျော်သည် သဘာဝဘေးဒဏ်ကို ကြုံတွေ့ခဲ့ကြရပြီး ၎င်းတို့ထဲမှ သုံးပုံတစ်ပုံခန့်ကို အရေးပေါ်နေရာရွှေ့ပြောင်းပေးခဲ့ရသည်ဟု နိုင်ငံပိုင်သတင်းဌာန ရှင်းဟွာက ပြောဆိုသည်။

မေလ ၃၁ ရက် နေ့က အဆိုပါ ဧရိယာရှိ ကျေးလက်ဓလေ့စရိုက်များကို လာရောက်လေ့လာနေသည့် ကမ္ဘာလှည့်ခရီးသွား ၆၀၀ ကျော်သည် သဘာဝဘေးအတွင်း ပိ-တ်မိခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် ၎င်းတို့ထဲမှ ၅၀၀ ခန့်ကို ကယ်ထုတ်ပေးထားခဲ့သည်ဟု ရှင်းဟွာက ဆက်လက် ဖော်ပြခဲ့သည်။

Bingzhongluo မြို့နှင့် Yubeng ကျေးရွာကဲ့သို့ တောက်တက်ခရီးသည်များအကြား ရေပန်းစားသည့် တောင်ပေါ်နယ်မြေများသို့ သွားရောက်ရာ လမ်းကြောင်းသည် ပိတ်ဆို့ပြတ်တောက်သွားခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံ စီစီတီဗီက ဖော်ပြသည်။

Dulong မြစ်ရေမြင့်တက်မှုသည့် စံချိန်တင်အဆင့်အထိ ရောက်ရှိခဲ့သည်ဟု ဇလဗေဒစောင့်ကြည့်ရေးစခန်း၏ မှတ်တမ်းမှတ်ရာများအရ သိရသည်။

မြစ်ကြောင်းတလျှောက်ရှိ လေးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့သည်ဟု စီစီတီဗီက ဖော်ပြသည်။ ၁၂ နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ပြီး လမ်းများနှင့် ဓါတ်အားလိုင်းများကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ကိုဆောင်ရွက်နေကြောင်း နိုင်ငံပိုင်မီဒီယာက ဆက်လက် ဖော်ပြခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင် ငံသား (၄၁)ဦးကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ သတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား (၄၁) ဦးအနက် မလေးရှားနိုင်ငံသို့ ဆတ်လက်ထွက်ခွာမည့် အမျိုးသား (၃၃) ဦးပါဝင်ပြီး၊ အမျိုးသမီး (၈)ဦးမှာ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှတဆင့် မလေးရှာနိုင်ငံသို့ ဆက်လက် ထွက်ခွာမည့်အမျိုးသား (၃၃)ဦးမှာ တစ်ဦးလျှင် ပွဲစားခဘတ် (၅၅,၀၀၀)ပေးခဲ့ရပြီး ၊ အမျိုးသမီး (၈)ဦးမှာ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁) အဆင့်ရှိ ငလျင်လှုပ်

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု ထိုင်းမြေငလျင် သတင်းဌာနက ဆိုသည်။ ထိုသို့လှုပ်ခတ်မှုကို နေပြည်တော်တွင် နေထိုင်သည့် မြို့ခံများလည်း ခံစားသိရကြောင်း လူမှုကွန်ရက်များတွင် မျှဝေထားကြသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းတစ်စုံတရာ ထုတ်ပြန်ထားခြင်းတော့ မရှိသေးပေ။ အလားတူ ယနေ့ နံနက်အစောပိုင်းကလည်း ပဲခူးတိုင်း၊ ပြည်မြို့၏ အရှေ့ဘက် (၉) မိုင်ခန့်အကွာအနက် ၁၇ ကီလိုမီတာကို...

ငလျင်ဒဏ်ထိ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူရှင်များဖိတ်ခေါ်

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူ ရှင်များဖိတ်ခေါ်ထားသည်။ မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင် စီနယ်မြေတို့တွင် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားနှင့် ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံ (၁၇၈၁)ဆူနှင့် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ(၄,၉၉၈)ခု၊ စုစုပေါင်း (၆,၇၇၉)ဆူ ထိခို-က်ပျ-က်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် ဘုရား၊ စေတီတစ်ဆူလုံးကိုဖြစ်စေ သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ စေတီ၊ ဘုရားများပြုပြင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071