Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeMoviesမိုးကောင်း၊ ဖားကန့်ဒေသများတွင် ရေကြီးနစ်မြုပ်မှုဆိုးရွားနေပြီး...

မိုးကောင်း၊ ဖားကန့်ဒေသများတွင် ရေကြီးနစ်မြုပ်မှုဆိုးရွားနေပြီး အရေးပေါ်အကူအညီများ အရေးတကြီးလိုအပ်

ကချင်ပြည်နယ်ရှိ မိုးကောင်းနှင့် ဖားကန့်ဒေသများအပါအဝင် ဒေသအချို့တွင် မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားလျက်ရှိပြီး ဒေသခံများအတွက် ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ မိုးကောင်းမြို့တွင် နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေများ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်အများစု ရေနစ်မြုပ်လျက်ရှိပြီး သွားလာရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“မိုးကောင်းဆိုရင် တစ်မြို့လုံးနီးပါး ရေမြုပ်နေပြီ။ ဆက်ပြီးနေလို့မရတဲ့ နေရာတွေလည်းရှိတယ်။ တချို့ရပ်ကွက်တွေက နေလို့ရသေးပေမယ့် ဘယ်မှသွားလာလို့မရတော့ဘူး” ဟု မိုးကောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မြို့ဦး၊ ကျွန်းတော၊ နောင်ကိုင်၊ ဘူတာစုနှင့် ဈေးကုန်းစသည့် ရပ်ကွက်အုပ်စုများအပါအဝင် မိုးကောင်းမြို့ပေါ် ရပ်ကွက်အားလုံးနီးပါးတွင် ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်းမှစတင်ကာ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်အထိ ရေကျဆင်းမှု မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ဖားကန့်၊ ကာမိုင်းနှင့် လုံးခင်းဒေသများတွင်လည်း ဥရုချောင်းရေ လျှံတက်လာမှုကြောင့် ဇွန် ၂၁ ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည်။

နမ့်မှော်နှင့် ဝေခါမှော်အပါအဝင် ကျောက်စိမ်းတူးဖော်ရာ မှော်ဒေသများနှင့် လူနေရပ်ကွက်အချို့တွင် ရေအနက် ၄ ပေကျော်အထိ နစ်မြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ရေက တော်တော်မြင့်နေတယ်။ အိမ်တချို့က အပေါ်ထပ်ကိုပဲ ရွှေ့နေရတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်” ဟု ဖားကန့်မြို့နယ် ကျောက်ဝိုင်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မော်လူး၊ အင်းတော်ကြီးနှင့် အနီးဝန်းကျင်ဒေသများတွင်လည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေမှုကြောင့် ရေကြီးနစ်မြုပ်မှုများ စတင်ဖြစ်ပွားလာနေကြောင်း သိရသည်။

ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များက ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရိက္ခာနှင့် ဆေးဝါးထောက်ပံ့မှုများ အမြန်ဆုံးလိုအပ်နေကြောင်း ပြောကြားထားသည်။

Photo- ကိုသန်းလွင်ဦး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071