ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) နှင့် ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေး ဒေသအကြား ငလျင်ဘေးအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် ဘိလပ်မြေ တန်ချိန် (၅၀)ကူညီထောက်ပံ့ရန် ယမန်နေ့က စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း အထူးဒေသ(၄) မိုင်းလားအဖွဲ့၏ အသိပေးကြေညာချက် အရသိရသည်။
အဆိုပါ ဘိလပ်မြေတန်ချိန် (၅၀)ကို အင်းလေးဒေသ ပြန်လည်ထူထောင်ရေးအတွက် ယခု မေလ (၈) ရက်၌ ကျွမ်းကျင်ပညာရှင်များ စမ်းသပ်ထားသည့် အဆင့်မြင့် ဘိလပ်မြေများဖြစ်သည်ဟု ဆိုသည်။
ယင်း ဘိလပ်မြေ တန်ချိန် (၅၀)သည် ငလျင်ဘေးဒဏ်သင့်ဒေသများ၏ အခြေခံအဆောက်အဦးများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် ရည်ရွှယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
“အထူးဒေသ (၄) သည် တသွေးတသားတည်းဖြစ်ခြင်း”ဆိုသည့် ခံယူချက်ဖြင့် အရေးပေါ် ဆောင်ရွက်ချက်များစွာကို ဆောင်ရွက်ခဲ့ပြီး၊ ယင်းသည် အုပ်ချုပ်ရေးနယ်နိမိတ်များကို ကျော်ဖြတ်ဆောင်ရွက်ရသည့် အသက်ကယ်လှုပ် ရှားမှုဖြစ်ရုံသာမက တိုင်းရင်းသားအချင်းချင်းအကြား မေတ္တာတရားများ ထုံကူးခြင်းဟူသည့် ယဉ်ကျေးမှုဆိုင်ရာ လက်တွေ့အကောင်အထည်ဖော်မှုတရပ်လည်းဖြစ်သည်”ဟု ဖော်ပြထား သည်။
ဆက်လက်ပြီး အထူးဒေသ (၄)အနေဖြင့် ရိက္ခာပစ္စည်းထောက်ပံ့မှုများကို ငလျင်ဘေးသင့်ဒေသများ ပုံမှန်နေထိုင်စားသောက်နိုင်သည့် အခြေအနေသို့ပြန်လည်ရောက်ရှိအောင် ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။