ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းယန်းမြို့နယ်တွင် ရှမ်းရိုးရာကျွဲခတ်ပွဲအား ဇန်နဝါရီ ၃၁ ရက်(ယနေ့) နံနက် ၇ နာရီမှစတင်၍ မြို့နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိသည်။
ရှမ်းရိုးရာကျွဲခတ်ပွဲအား ဒေသခံရှမ်းတိုင်းရင်းသားများက နှစ်စဥ်ကျင်းပခြင်းဖြစ်ပြီး လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကာ ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ ၆ ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းရိုးရာကျွဲခတ်ပွဲအား မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှလာရောက်ယှဉ်ပြိုင်ကြပြီး ကျွဲများသည် ကွင်းအတွင်း၌ တစ်ကောင်နှင့်တစ်ကောင် ခေါင်းချင်းဆိုင်ကာ ဦးချိုဖြင့်ခတ်ဝှေ့တိုက်ခိုက်ပြီး ကွင်းအတွင်းမှထွက်ပြေးသော ကျွဲများအားအရှုံးအဖြစ်သတ်မှတ်၍ အနိုင်ရရှိသောကျွဲများကို ဆုချီးမြှင့်ခြင်းဖြစ်သည်။



