မိုင်းဖုန်းဆရာတော်ကြီးအား “အရညဝါသီ တောပျော်မထေရ်ကျော်”ဘွဲတော်အား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့တွင် ကျိုင်းတုံမြို့၊ ကျိုင်းရင်းဆရာတော်ဦးဆောင်၍ အောက်တိုဘာ ၁၂ ရက်က မိုင်းလားစေတီကုန်းပေါ်တွင် ချီးမြှင့်ဆက်ကပ်ခဲ့သည်။
ထိုသို့ ချီးမြှင့်ဆက်ကပ်ခြင်းမပြုမှီ မိုင်းဖုန်းဆရာတော်ကြီးသည် မြို့တွင်း၌လှည့်လည်အပူဇော်ခံရာ ရပ်ဝေး/ရပ်နီးမှ ဧည့်ပရိသတ်များက လမ်းတစ်လျှောက်တွင်ပူဇော်ကန်တော့ခဲ့ကြပြီး ချီးမြှင့်ဆက်ကပ်ပွဲသို့လာရောက်သူများအတွက် တာဝန်ရှိသူများမှလည်း မြို့ပတ်လိုင်းကားများကို အခမဲ့ပြေးဆွဲပေးခြင်း၊ ကျန်းမာရေးစောင့်ရှောင်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြသည်။
ချီးမြှင့်ဆက်ကပ်ပွဲအပြီးတွင် မိုင်းဖုန်းဆရာတော်ကြီးသည် ရေစက်ချအမျှပေးဝေပြီးနောက် ဝေဿန္တရာ ဇာတ်တော်နောက်ဆုံးခန်းနှင့် ဓမ္မစကြာ ပါဠိတော်တို့ကို ရွတ်ဖတ်ပူဇော်ပြီး တရားဟောကြားတော်မူခဲ့သည်။
