ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၊ ပန်ဟိုင်းကျေး ရွာနှင့် မယ်ကျန့်ကျေးရွာကြား မိုင်းဆတ်- တာချီလိတ်သွားလမ်းပိုင်းရှိ တံတားတစ်စင်းမှာ ယမန်နေ့ ဇူလိုင် (၁၆) ရက် နံနက်ပိုင်းက ဒေသတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျ-က်ဆီးသွားခဲ့သဖြင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း သိရသည်။
အဆိုပါ တံတားမှာ မိုင်းဆတ်မြို့ မယ်ကျန့်ချောင်းတောင်ကျရေ စီးဆင်းမှုကြောင့် မိုင်းဆတ်ဘက်ခြမ်းရှိ တံတားချဉ်းကပ်လမ်းမှာ ချောင်းရေတိုက်စားပျ-က်ဆီး သွားခဲ့ခြင်းဖြစ်သည်။
တံတားအမျိုးအစားမှာ အရှည် (၁၃၀) ပေ၊ အကျယ်(၂၁)ပေ၊ သံကူကွန်ကရစ်တံတားဖြစ်ပြီး တံတားချဉ်းကပ်လမ်း တာဘောင် အရှည် (၁၅)ပေ၊ အကျယ် (၄၀) ပေ၊ အမြင့် (၁၀)ပေ ခန့် ပျ-က်ဆီးသွားခဲ့ခြင်းဖြစ်သည်။
ချောင်းရေကြီးမှု အခြေအနေကို စောင့်ကြည့်ကာ ချောင်းရေကျဆင်းပါက လမ်းတာဘောင်ဖို့ခြင်းလုပ်ငန်းအား အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပြီး လက်ရှိတွင် အဆိုပါလမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် ယာယီပိ-တ်ထားကြောင်း သိရသည်။
