Sunday, December 14, 2025

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊...

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊...

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊"...

အိန္ဒိယက တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် ဗီဇာကို ဖြေလျှော့ပေး

         အိန္ဒိယသည် တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် စီးပွားရေးလုပ်ငန်းဗီဇာကိုမြန်ဆန် စွာရရှိစေရန် ကြိုးနီစနစ်များကို ဖြေလျှော့ပေးခဲ့ကြောင်း အရာရှိနှစ်ဦးက ပြောကြားခဲ့ပြီး အဆိုပါ ဆောင်ရွက်ချက်သည် အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်ရန်နှင့်...
HomeNewsLocal News"မိုခါ"မုန်တိုင်းအပြီးပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းများလုပ်ဆောင်ရန် နစက...

“မိုခါ”မုန်တိုင်းအပြီးပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းများလုပ်ဆောင်ရန် နစက ဥက္ကဋ္ဌဦးဆောင်၍ အရေးပေါ်အစည်းအဝေးပြုလုပ်

“မိုခါ”မုန်တိုင်းတိုက်ခတ်ပြီးပါက မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် နစက ဥက္ကဋ္ဌဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအတွက် အရေးပေါ်အစည်းအဝေးအား မေ ၁၅ ရက်(ယနေ့)နံနက်ပိုင်းက ကျင်းပခဲ့သည်။

မုန်တိုင်းဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်စုပုံထားသည့် သွပ်နှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများကို လေယာဉ်များ၊ကားများ၊တပ်မတော်စစ်ရေယာဉ်များဖြင့် အမြန်ဆုံးပို့ဆောင်ပေးရန် နစက ဥက္ကဋ္ဌကမှာကြားသည်။

လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ရန်၊စားသောက်ဖွယ်ရာများနှင့်လူသုံးကုန်ပစ္စည်းများပို့ဆောင်ပေးရန်၊စားသောက်ဖွယ်ရာများနှင့်လူသုံးကုန်ပစ္စည်းများရောက်ရှိရာတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး စုပုံထားသည့်အချိန်၌ ယာယီတဲများဖြင့် ထားရှိရန်၊မုန်တိုင်းဒဏ်သင့်ဒေသများသို့ ကူညီရေးပစ္စည်းများ ပေးပို့လှူဒါန်းလိုသည့် အလှူရှင်များ လှူဒါန်းနိုင်ရေးဆောင်ရွက်၍ အမြန်ဆုံးပို့ဆောင်ပေးရန်လည်းမှာကြားခဲ့သည်။

“မုန်တိုင်းအန္တရာယ်သတိပေးချက်တွေကို အချိန်နဲ့တပြေးညီထုတ်ပြန်ပေးနိုင်ခဲ့လို့ မုန်တိုင်းတိုက်ခတ်ချိန်မှာ လူ့အသက်အန္တရာယ်ထိခိုက်မှုတွေကို အနည်းဆုံးအခြေအနေနဲ့ ကျော်လွှားနိုင်ခဲ့ပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေး၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကြိုတင်စုဖွဲ့ထားသည့် ကယ်ဆယ်ရေးအဖွဲ့များကို အမြန်ဆုံးစေလွှတ်ခြင်း၊စားသောက်ဖွယ်ရာများ၊ရေသန့်များ၊လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းကိုအမြန်ဆုံးပို့ဆောင်ပေးရမည်ဟုလည်း မှာကြားခဲ့သည်။

“ဆက်သွယ်မှုတွေပြတ်တောက်ခဲ့တဲ့ဒေသတွေမှာ ဆက်သွယ်မှုကွန်ရက်တွေ ပြန်လည်ကောင်းမွန်စေဖို့ အမြန်ဆုံးပြန်လည်ပြုပြင်ပေးရပါမယ် မုန်တိုင်းဆက်လက်ဖြစ်ပေါ်နေတဲ့ သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့တပြေးညီထုတ်ပြန်ပေးရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ပျက်ဆီးမှုဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများအား ပြုပြင်ထိန်းသိမ်းရန်လည်းပါဝင်သည်။

နစက ဥက္ကဋ္ဌအား လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား စစ်ထောက်ချုပ် ဒု-ဗိုလ် ချုပ်ကြီးကျော်စွာလင်း၊ပြည်ထောင်စုဝန်ကြီးများ ၊ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူးတို့က ကဏ္ဍအလိုက်အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

မိုးဇလ၏ ယနေ့နံနက် ၇ နာရီထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန်တိုင်းသည် ချင်းပြည်နယ်၊မတူပီမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ကသာမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ခေါင်းဆေးကျွန်းဆရာတော်ကြီး၏ ရုပ်ထုတော်မှာပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြ၍ နံ နက် ၈ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သော်လည်း ကျောင်း ဆောင်ကြီးမှာမူ ပျက်စီးဆုံးရှုံးခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများအားရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁၁ ရက်တွင်လည်း မွန်ပြည်နယ်ဝန် ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မီးလောင်ပျက်စီးသွားသည့် ကျောင်းဆောင်တော်ကြီးအား ကြည့်ရှုစစ်ဆေး၍...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းအနေဖြင့် ရေကူး၊ ကရာတေး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလပ်၊ ဝူရှူး၊ ဘိလိယက်နှင့် စနူကာ၊ ဘော်လီဘော၊ ကဘာဒီ၊ ဂျူဒို၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ မွေ၊ လက်ဝှေ့၊...

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့ စုဝေးရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊" "ထရမ့်ကို စွပ်စွဲပြစ်တင်ပါ၊" "ထရမ့်ကို ရပ်တန့်ပါ" စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာကြသည်။ မိန့်ခွန်းပြောကြားသူများက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ခြင်းကို ဝေဖန်ခဲ့ကြသည်။ ဆန္ဒပြသူများသည် လက်ရှိ ဝါရှင်တန်အစိုးရအား "ဖက်ဆစ်" ဟု ခေါ်ဝေါ်ကာ "ထရမ့် ထွက်သွားရမည်" ဟူ၍ ကြွေးကြော်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲကို စစ်ဆန့်ကျင်ရေး၊ လက်ဝဲယိမ်းနှင့် ရွှေ့ပြောင်းနေထိုင်သူများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071