Tuesday, April 22, 2025

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု...

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ...

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ...

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း...

စစ်ကိုင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု(၁၁၁)စုအား ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်သူများအနက် အိမ်ထောင်စု(၁၁၁)စုအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ယနေ့ ဧပြီ ၂၂ ရက်နံနက်ပိုင်းက IBEC ဆရာတော်တည်...
HomeArticlesမိမိကိုယ့်ကိုယ် အန္တရာယ်ဖြစ်စေတဲ့ လက်ကိုင်ဖုန်းအသုံးပြုရာမှာ...

မိမိကိုယ့်ကိုယ် အန္တရာယ်ဖြစ်စေတဲ့ လက်ကိုင်ဖုန်းအသုံးပြုရာမှာ မပြုလုပ်သင့်တဲ့အချက် (၅) ချက်

ဒီနေ့ခေတ်ကာလမှာတော့ လက်ကိုင်စမတ်ဖုန်း အသုံးပြုမှုဟာ နေ့စဉ် ဆိုသလို အချိန်နဲ့အမျှ အသက် အရွယ်တိုင်းရဲ့ကြားမှာတိုးတက် များပြား လာနေပါတယ်။ ဒါပေမယ့် တချို့က လက်ကိုင်ဖုန်းကို နည်းလမ်း မှန်ကန် စွာအသုံးမပြုတတ်ကြပဲ အဲ့ဒီလိုပြုလုပ်ခြင်းဟာ မိမိကိုယ်ကိုယ် အသက် အန္တရာယ်ဖြစ်စေတတ်တဲ့ အကြောင်း သေသေချာချာမသိကြပါဘူး။

ဒါ့ကြောင့် သင့်သတိမမူမိဘဲ မှားယွင်းစွာပြုလုပ်နေတတ်တဲ့ နည်းမမှန် လက်ကိုင်ဖုန်းအသုံးပြုပုံအချက်(၅) ချက်ကို ရှောင်ကြဉ်ဖို့ဖော်ပြပေး လိုက်ပါတယ်။

၁။ လမ်းလျှောက်နေရင်းစာရိုက်ခြင်း

ဒီအကြောင်းအရာအတွက်ဖော်ပြပေးတဲ့ ရုပ်သံကိုကြည့်ခြင်းအားဖြင့် ဘာကြောင့် လမ်းလျှောက်ရင်း စာမရိုက်သင့်သလဲဆိုတဲ့မေးခွန်းကို အဖြေပေးထားပါတယ်။ အကယ်၍ရှေ့မှာ ဆောက်လုပ်ရေး ဒါမှမဟုတ် ပြုပြင်ရေးလုပ်ငန်းခွင်ရှိနေရင် သင့်အတွက် အန္တရာယ်ဖြစ်စေနိုင်သလို တခြားသူများနဲ့တိုက်မိရင်လည်း တစ်စုံ တစ်ရာပျက်စီးဆုံးရံှူး မှုဖြစ်နိုင်လို့ပဲဖြစ်ပါတယ်။

၂။ ကားမောင်းနေရင်းဖုန်းအသုံးပြုခြင်း

ဒီလုပ်ရပ်ဟာ ယာဉ်စည်းကမ်းဥပဒေနဲ့ မညီသလို မတော်တဆ ယာဉ် တိုက်မှုဖြစ်နိုင်ခြေလည်းမြင့်မားစေပါတယ်။ ဒါကြောင့် ယာဉ်မောင်းနေ စဉ် မဖြစ်မနေ ဖုန်းအသုံးပြုဖို့လိုအပ်ခဲ့ရင် Bluetooth လိုတွဲဖက် အသုံးပြုနိုင်တဲ့ပစ္စည်းမျိုးကို အသုံးပြုနိုင်ပါတယ်။

၃။ ဖုန်းအားသွင်းနေရင်တန်းလန်းဖုန်းအသုံးပြုနေခြင်း

ဖုန်းအားသွင်းနေရင်းဖုန်အသုံးပြုလို့ ပေါက်ကွဲမှုဖြစ်ပွားတဲ့သတင်းဟာ လွန်ခဲ့နှစ်တွေမှာ တွေ့မြင်ကြားသိခဲ့ဖူး ကြမှာပါ။ ဒါဟာ ဖုန်းအားသွင်း ကြိုး အရည်အသွေးမကောင်းတာဖြစ်သလို ဖုန်းအားသွင်းလို့ ဖုန်းပူတာနဲ့ဖုန်း ဆော့လို့ဖုန်းပူတာနှစ်မျိုးပေါင်းပြီး အပူတွေသွားစုမိပြီး ပေါက်ကွဲ တာ လည်းဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းအား သွင်း နေချိန်မှာ ဖုန်းအသုံးပြုခြင်း မလုပ်သင့်သလိုဖုန်းအသုံးပြုဖို့လိုအပ်ရင်လည်း ဖုန်းအားသွင်း ်းကြိုးဖြုတ် ပြီး မှအသုံးပြု့သင့်ပါတယ်။ ထို့အတူ ဖုန်းအားသွင်းကြိုး ပေါက်ပြဲယို့ယွင်း ပျက်စီးနေရင်လည်း ဆက်အသုံးမပြု သင့် ေတော့ ပါ။

၄။ ဖုန်းနဲ့အတူပါလာတဲ့ app store / play store က မဟုတ်ပဲ တခြားနေရာကနေ ပရိုဂရမ် ဒေါင်းယူခြင်း

ဒါကတော့ အလကားရတိုင်းယူရင် မကောင်းတဲ့နိယာမပဲဖြစ်ပါတယ်။ ဒီApps တွေဟာ ဗားရှင်း အဟောင်း တွေဖြစ်ကြသလို အမှန်တကယ် အသုံးပြုလို့ရတာရှိသလို၊ လုပ်ဆောင်ချက်စနစ်မအောင်မြင် တာတွေ လည်း ဖြစ်တတ်တာမို့ လက်ဖုန်းထဲကအသင့် ပါလာပြီးသား Store ထဲကနေသာ ဒေါင်းလုပ်ဆွဲ ရယူသင့် ပါတယ်။

၅။ ဘတ်ထရီအတုနဲ့ လဲထည့်အသုံးပြုခြင်း

နောက်ဆုံးအရာကတော့ သင့်ကပ်စည်းအနည်းအများပေါ်မှုတည်ပြီး ရလာတဲ့အကျိုးဆက်ပဲဖြစ်ပါတယ်။ ဖုန်းအ သစ်တစ်လုံးဝယ်ဖို့ ပိုက်ဆံ အကုန်မခံချင်လို့ ဖုန်းအဟောင်းကိုပဲ အပြင်ဆိုင် ကရောင်းတဲ့ ဘတ်ထရီ နဲ့ လဲပြီး အသုံး ပြုတတ်ကြပါတယ်။ ဈေးသက်သာတဲ့ အပြင်ဘတ်ထရီ ဟာ ဈေးသက်သာသလို Short circuit ဖြက်တောက်တဲ့ ကြိုတင်ကာ ကွယ်မှု စနစ်မရှိလို့ ပေါက်ကွဲဖို့လည်းလွယ်ကူပါတယ်။

အထက်ကဖော်ပြခဲ့တဲ့နည်းအတိုင်း မပြုလုပ်ဖို့လိုက်နာနိုင်ရင် ဖုန်းသက် တမ်းရှည်ရှည်ခံသလို သင့်မမြင်နိုင်တဲ့က Software ရဲ့ စွမ်းဆောင်ရည် လည်း ပျက်စီးမှုမဖြစ်စေပါဘူး ။

Ref:sanook

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု ဆောင်ရွက်နေဟုဆို

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက‌ ပေါ်ပြူလာနယူးစ်ကို ပြောသည်။ " မြို့တွင်းမှာအေးဆေးပါဘဲ၊ အခု (၆၂၆)ထောက်ပို့တပ်နဲ့ ခလရ (၄၁) တပ်တွေမှာ တပ်နေရာချထားတာတွေလုပ်နေတာတွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယနေ့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတွင် တပ်မိသားစုဝင်များ ပါဝင်လာသည်ကို တွေ့ရသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများပါဝင်လာသည်ကိုမတွေ့ရှိရကြောင်း ၎င်းက သူမြင်တွေ့ရသည်ကို ပြောကြားသည်။ လားရှိုးမြို့အုပ်ချုပ်ရေးဆိုင်ရာအတွက် တပ်မတော်နှင့်...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ တည်ဆောက်မှု လုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၂၄၀၀) တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ဧပြီ (၂၀)...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ယနေ့ ဧပြီ ၂၂ ရက်ကထုတ်ပြန်ခဲ့သည်။ မြန်မာ့တပ်မတော်မှ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင် ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကိုရှေးရှု၍ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန် ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071