မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာကန်ဘောင်ပြုပြင်ထားမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇူလိုင် ၁၀ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ကန်ဘောင်အား ပြုပြင်ထားမှုအခြေ အနေတို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
နစက ဥက္ကဋ္ဌမှ ကန်ဘောင်ပတ်လမ်းနှင့် ပလက် ဖောင်းများစနစ်တကျဖြစ်စေရေး၊ ကန်ဘောင်ပေါ်၌ ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်နိုင်ရေး တို့ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် ခရိုင်အားကစားကွင်းသို့သွားရောက်၍ ပွဲကြည့်ပရိသတ်များအဆင့်မီမီကြည့်ရှုအားပေးနိုင်ရန် အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည့်အခြေအနေများကို မှာကြားခဲ့သည်။
