Wednesday, August 6, 2025

တိုင်းနှင့်ပြည်နယ်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်

သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ‌ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ယမန်နေ့ ဩဂုတ်...

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက(၃)ထောင်ကျော်ပျက်စီး

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာ သွန်းပြီး မြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ မိုးစပါးစိုက်ဧက (၃,၄၄၉)ဧက ပျက်စီးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း၌ စိုက်ပျိုးပြီးမိုးစပါး (၁၉၁,၅၃၁)ဧကအနက် (၂၉,၃၄၉)ဧကမှာ...

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသက အာမခံအလုပ်သမားများ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် လျှောက်လွှာများပေးပို့ရန်...

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တာရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန် ယနေ့ ဩဂုတ်(၆)ရက်နေ့တွင် အသိပေးကြေညာထားသည်။ ငလျင်ဘေးခံစားခဲ့ရသည့်...

ယူကရိန်းစစ်ပွဲကနေ အမေရိကန်ကို ရုန်းထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့...

"ဒါဟာ ဘိုင်ဒင်ရဲ့စစ်ပွဲပဲ၊ ဒါကျွန်တော့်စစ်ပွဲမဟုတ်ဘူး။ အမေရိကန်ကို ဒီစစ်ပွဲကနေ ရုန်းထွက်နိုင်ဖို့ ကျွန်တော်ဒီမှာရှိနေတာ" လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက...
HomeNewsLocal Newsစိတ်ဝေဒနာခံစားနေရတဲ့ သားဖြစ်သူက မိခင်ဖြစ်သူအား...

စိတ်ဝေဒနာခံစားနေရတဲ့ သားဖြစ်သူက မိခင်ဖြစ်သူအား ပေါက်ပြားဖြင့်ရိုက်သတ်၍ မိခင်ဖြစ်သူသေဆုံး

စိတ်ဝေဒနာခံစားနေရတဲ့ သားဖြစ်သူက မိခင်ဖြစ်သူအား ပေါက်ပြားဖြင့်ရိုက်သတ်၍ မိခင်ဖြစ်သူသေဆုံး

မွန်ပြည်နယ်၊သထုံမြို၊ပေါ်တော်မူကျေးရွာအုပ်စု၊ဂျိုင်းကျေးရွာတွင် ဇွန် ၈ ရက်ညပိုင်းက စိတ်ဝေဒနာခံစားနေရသည့် သားဖြစ်သူမှမိခင်အရင်းဖြစ်သူအား ပေါက်ပြားဖြင့်ရိုက်သတ်ခဲ့၍ သေဆုံးသွားကာ သားဖြစ်သူပါသွေးလန့်၍ထပ်မံသေဆုံးသွားခဲ့ကြောင်း အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ သိရသည်။

ယင်းနေ့ည ၁ နာရီခန့်က စိတ်ဝေဒနာခံစားနေရသည့် ဦးမြင့်ဆွေ(၅၀)နှစ်သည် တစ်အိမ်တည်းနေသည့် မိခင်အရင်းဖြင်သူ ဒေါ်ငွေရင်(၇၄)နှစ်အား ပေါက်ပြားဖြင့်ရိုက်သတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အိမ်တွင် အော်ဟစ်သံများကြားသဖြင့် ပတ်ဝန်းကျင်နေသူများမှလာရောက်ကူညီရာ မိ ခင်ဖြစ်သူဒေါ်ငွေရင်မှာ ပေါက်ပြားဖြင့်ရိုက်ခံရသည့် ဒဏ်ရာများရရှိကာအခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ရောက်သွားတော့ စိတ်ဝေဒနာဖြစ်နေတဲ့သားကိုကြိုးနဲ့တုတ်ထားတာတွေ့တယ် သေသွားတဲ့သူ့အမေအ လောင်းကိုသယ်ထုတ်ပြီးတော့ သူ့ကိုသွားကြည့်တဲ့အချိန် သူပါသေနေပြီ”ဟု အကြင်နာတွဲလက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသွားသည့် သားအမိ ၂ ဦး၏ ရုပ်အလောင်းများအား အကြင်နာတွဲလက်လူမှုကူညီရေးအသင်းကားဖြင့် သထုံပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကာ သက်ဆိုင်ရာရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“သေမှုသေခင်းဖွင့်ထားပါတယ် ပေါက် ပြားနဲ့ရိုက်သတ်ခဲ့တဲ့ ကိုမြင့်ဆွေကိုတော့ လူ သတ်မှုနဲ့ပါထပ်ဖွင့်ထားတယ်”ဖြစ်စဥ်အား လိုက်ပါကူ ညီပေးခဲ့သည့် ဂျိုင်းကျေးရွာမှရွာသားတစ်ဦးကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းနှင့်ပြည်နယ်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်

သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများတွင် အစားအသောက်များကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ‌ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ယမန်နေ့ ဩဂုတ် ၅ ရက်နေ့က တိုင်းဒေသကြီး၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူးများ၊ တာဝန်ခံများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုတို-က်ဖျ-က်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ တင်သွင်းမှုကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆေးဝါးများကို နယ်စပ်စခန်းများတွင် စနစ်တကျစစ်ဆေးရန် လိုအပ်ကြောင်းလည်း ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ဦးစီးဌာနအနေဖြင့် ဆေးဝါးဓာတုဓာတ်ခွဲခန်းများနှင့် အစားအသောက်ဓာတုဓာတ်ခွဲခန်းများအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO...

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက(၃)ထောင်ကျော်ပျက်စီး

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာ သွန်းပြီး မြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ မိုးစပါးစိုက်ဧက (၃,၄၄၉)ဧက ပျက်စီးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း၌ စိုက်ပျိုးပြီးမိုးစပါး (၁၉၁,၅၃၁)ဧကအနက် (၂၉,၃၄၉)ဧကမှာ ရေကြီးရေလျှံမှုဖြစ်ပွားစဥ် ရေဖုံးလွှမ်းခဲ့ရာမှ ဩဂုတ် ၄ ရက်အထိ (၁၁,၄၃၆)ဧကရေပြန်ပေါ်ခဲ့ပြီး (၃,၄၄၉)ဧကမှာပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အချိန်မီပြန်လည်ကုစားထွန်ယက်စိုက် ပျိုးနိုင်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် ၁၁၈၄၊ ထောင်ဝိကွင်း၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၊ ထန်းတပင်ကွင်း၊ ကွင်းအမှတ် ၁၂၀၇-က၊ ၁၂၀၇-ခ၊ ၁၂၀၈-က နှင့် ၁၂၀၈-ခ တို့တွင်...

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသက အာမခံအလုပ်သမားများ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် လျှောက်လွှာများပေးပို့ရန် အသိပေး

ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တာရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန် ယနေ့ ဩဂုတ်(၆)ရက်နေ့တွင် အသိပေးကြေညာထားသည်။ ငလျင်ဘေးခံစားခဲ့ရသည့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း ငလျင်ဘေးကျရောက်သည့် ဒေသများရှိ အာမခံအလုပ်သမားများကို မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထားသည်။ ထိုကြောင့် အာမခံအလုပ်သမားများအနေဖြင့် စက်တင်ဘာ(၆)ရက်နေ့နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန်လည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071