Friday, January 24, 2025

NSPNC နှင့် နိုင်ငံရေးပါတီများဆက်လက်ပူး ပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီများဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင်...

အမေရိကန်နှင့် နျူလက်နက်ဖျက်သိမ်းရေး ဆွေးနွေးရန် အသင့်ရှိနေပြီဟု...

မော်စကိုသည် ဝါရှင်တန်နှင့် နျူလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အမေရိကန်၏ မဟာမိတ်များဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့ကိုလည်း ယင်း‌ဆွေးနွေးပွဲအတွက် ထည့်သွင်းစဉ်းစားရန် အဆင်သင့်ရှိကြောင်း...

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိနေဟုဆို

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်များကို လာရော က်လျှောက်ထားနေကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။ လာရောက်လျှောက်ထားမှုများအရ ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ...

မန်းရွှေစက်တော် ဘုရားပွဲတော်အတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀)...

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြမည့် ဘုရားဖူးပြည်သူများအတွက် တည်းခိုဆောင်အလုံးပေါင်း (၁၄၀) ကျော်ထိ တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊...
HomeNewsLocal Newsမာရဝိဇယ ဗုဒ္ဓဥယျာဉ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား...

မာရဝိဇယ ဗုဒ္ဓဥယျာဉ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ် မာရဝိဇယ ဗုဒ္ဓဥယျာဥ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား နစက ဥက္ကဋ္ဌက ဇူလိုင် ၂၈ ရက်နံနက်ပိုင်းက ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခဲ့သည်။

ထို့ပြင် ဗုဒ္ဓဥယျာဥ် ဝတ္ထုကံတော် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်းနှင့်ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော်တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားများကိုလည်း နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်အတွင်းရှိ နောင်တော်ကြီးဗုဒ္ဓရုပ်ပွားတော်မြတ်၊မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်၊မာရဝိဇယ ကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ဥဏ္ဏလုံမွေးရှင်တော်မြတ်များစီသွင်းပူဇော်ပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပရိတ်နံ့သာ ရည်များပက်ဖျန်းပူဇော်ခဲ့သည်။

အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်မင်္ဂလာမော်ကွန်းကမ္ဗည်းကြေးပြားတော်အား စက်ခလုတ်နှိပ်၍ဖွင့်လှစ်ခဲ့သည်။

ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော်တည်ထားပူဇော်ခြင်းမင်္ဂလာအခမ်းအနားတွင် နစက ဥက္ကဋ္ဌမှ ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့်ရိုက်နှိပ်ပူဇော်ထားသည့် မော်ကွန်းကျောက်စာချပ်များကို ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်ခဲ့ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ကျောက်စာရုံစေတီတော်များထီးတော်တင်လှူခြင်းနှင့်ရေစက်ချမင်္ဂလာအခမ်းအနားများအား ဩဂုတ် ၁ ရက်တွင် နိုင်ငံတော်အဆင့်ခမ်းနားစွာကျင်းပသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NSPNC နှင့် နိုင်ငံရေးပါတီများဆက်လက်ပူး ပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီများဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ် ချုပ်ကြီးထွန်းထွန်းနောင်က ဖွဲ့စည်းပုံအခြေခံဥ ပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးညှိနှိုင်းခဲ့မှု၊ နိုင်ငံ ရေးပါတီများ၏ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အကြံပြုချက်များအပေါ် လိုအပ်သလို အရေးယူဆောင်ရွက်ပေးခဲ့မှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်သူ လူထုကြားပျံ့နှံ့ရောက်ရှိစေပြီး တည်ငြိမ်အေးချမ်းမှုရရှိရန် ဆောင်ရွက်နိုင်ရေး၊ NCA ကို...

အမေရိကန်နှင့် နျူလက်နက်ဖျက်သိမ်းရေး ဆွေးနွေးရန် အသင့်ရှိနေပြီဟု ရုရှားဆို

မော်စကိုသည် ဝါရှင်တန်နှင့် နျူလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အမေရိကန်၏ မဟာမိတ်များဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့ကိုလည်း ယင်း‌ဆွေးနွေးပွဲအတွက် ထည့်သွင်းစဉ်းစားရန် အဆင်သင့်ရှိကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒမီထရီပက်စ်ကော့ဗ်က ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါကိစ္စရပ်များကို ဆွေးနွေးလိုသည့် ဝါရှင်တန်၏ ဆန္ဒနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ပြောကြားချက်အပေါ် မှတ်ချက်ပေးရန် သတင်းထောက်များမှ မေးမြန်းရာတွင် ပက်စ်ကော့ဗ်က “ကျွန်ုပ်တို့၏နိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ပြည်သူများအတွက် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးစတင်ရန် ကျွန်ုပ်တို့ စိတ်ဝင်တစားရှိနေပါသည်"ဟု ပြန်လည်ဖြေကြားသည်။ "လက်ရှိအခြေအနေမှာ၊ နျူကလီးယားစွမ်းရည်အားလုံးကို...

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိနေဟုဆို

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်များကို လာရော က်လျှောက်ထားနေကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောသည်။ လာရောက်လျှောက်ထားမှုများအရ ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၃) အရ လျှောက်ထားသော ပါတီ (၁၉) ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၂၅) အရ နိုင်ငံရေးပါတီအဖြစ် ဆက်လ က် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၅၀) ၊ စုစုပေါင်း (၆၉) ပါတီရှိပြီဖြစ်သည်ဟုလည်း သိရသည်။ လျှောက်ထားသည့် အဖွဲ့များအားလည်း ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071