Thursday, May 22, 2025

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...

ငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa...

မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် မိုးကုတ်ကျောက်များကို ယနေ့ မေ(၂၂)ရက်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း...

အကျပ်အတည်းကြားမှတိုးတက်လာသောမြန်မာကိုမလေးကချီးကျူး

ပူထရာဂျယာ၊ မေ ၂၂ ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ် က မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို...

လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက်...

လျှပ်စစ်သုံးယာဉ် (EV) များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ (မူကြမ်း) အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဆွေးနွေးနေသည်။ ယင်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မေ(၂၁)ရက်က အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)...
HomeNewsLocal Newsမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့...

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊မာရဝိဇယ ဗုဒ္ဓဥယျာဥ်တော်အတွင်း၌ တည်ထားလျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တွဲဆက်ထားသည့် ဆင်းတုတော်အပိုင်း(၁/၂/၃)အား ဇန်နဝါရီ ၂၆ ရက်(ယနေ့) နံနက်ပိုင်းတွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်းမင်္ဂလာအခမ်းအနားအား ကျင်းပခဲ့သည်။ဤဘုရားတည်ထားမှုတွင် ယခုအပိုင်းလုပ်​ဆောင်မှုသည်အ​ရေးကြီးသည့်အပိုင်းတစ်ခုဖြစ်သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၊သီတဂူဆရာတော်ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့်ဆရာတော်၊သံဃာတော်များကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

ထို့အတူ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ နစက ဒု-ဥက္ကဋ္ဌနှင့်ဇနီး၊တာဝန်ရှိသူများနှင့်ဧည့်ပရိသတ်များလည်း တက်ရောက်ကြည်ညိုကာ ဆရာတော်ကြီးများမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူခဲ့ကြသည်။

ထို့နောက် ဦးဆောင် ဒါယိကာ နစက ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရတနာပလ္လင်တော် အထောက်အကူပြုသံမဏိစင်၊ဆင်းတုတော်ထည့်သွင်းထားသည့် သံမဏိ ပန်းတောင်း၊ ဆင်းတုတော်အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်မည့် သံမဏိမျှော်စင်ကရိန်း ၄ ခုအား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်၍ မင်္ဂလာအချိန်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့  စက်ခလုပ်နှိပ်၍ မင်္ဂလာစက်ယန္တရားများဖြင့်ပင့်ဆောင်ပူဇော်ခဲ့ကြသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ရာတွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ယနေ့ပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး၏ အလေးချိန်မှာ ၁၇၀၀ တန်ဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်အစိတ်အပိုင်းကြီးအား သံမဏိမျှော်စင်ဝန်ချီစက်အသုံးပြု၍ ရတနာပလ္လင်တော်ပေါ်သို့ရောက်ရှိရန် ပင့်ဆောင်ချိန် ၇၂ နာရီခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌမှ ဗုဒ္ဓဥယျာဉ်တော်အတွင်း ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ခြင်း၊ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိကအဆောက်အဦများထည့်သွင်းတည်ဆောက်ခြင်း၊ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ရန် စီမံဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ ကြွရောက်တော်မူလာကြသည့် ဗန်းမော်ဆရာတော်ဘုရားကြီး၊သီတဂူဆရာတော်ဘုရားကြီးနှင့် ဆရာတော်၊သံဃာတော်များအား ရှင်းလင်းလျှောက်ထား၍ ဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် ဗဟိုမဏ္ဍိုင်ဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားအား ဇန်နဝါရီ ၂၇ ရက်(မနက်ဖြန်)နံနက် ၈ နာရီ၌ ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံချက်ကို လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၁) နှင့် ချာနာဆွန်ကရမ်ရဲစခန်းတို့က ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံချက်သည် ဘန်ကောက်၏ အဓိကခရီးသွားခရိုင်များတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားဥပဒေများကို ချိုးဖောက်သည်ဟု သံသယရှိသော စီးပွားရေးလုပ်ငန်းများနှင့် ဈေးရောင်းသူများ အထူးသဖြင့် လူကု-န်ကူးမှုများနှင့် ပြည်ပအလုပ်သမားများကို ခေါင်းပုံဖြ-တ်သည့် လုပ်ရပ်များအပေါ် တာဝန်ရှိသူများက...

ငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် လက်ဝတ်ရတနာနှင့် မိုးကုတ်ကျောက်များ ထပ်မံတွေ့ရှိ

မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် မိုးကုတ်ကျောက်များကို ယနေ့ မေ(၂၂)ရက်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလေ-ာင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(B)အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလေ-ာင်းထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သည်။ ထိုသို့ရှာဖွေစဉ် (B)အဆောင်၊ G(8) အခန်းမှ တွေ့ရှိသော မြန်မာငွေ (၂၆၃၂၈၀၀၀)ကျပ်၊ ရွှေလက်ကောက် (၂၀)ကွင်း၊ ရွှေလက်စွပ်(၂၄)ကွင်း၊ရွှေဆွဲကြိုး (၉)ကုံး၊ ရွှေနားကပ် (၁၆)...

အကျပ်အတည်းကြားမှတိုးတက်လာသောမြန်မာကိုမလေးကချီးကျူး

ပူထရာဂျယာ၊ မေ ၂၂ ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ် က မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို “ထူးထူးခြားခြား တိုးတက်မှု” အဖြစ် ဖော်ပြခဲ့ပြီး အဓိက ပါဝင်ပတ်သက်နေသူအားလုံးနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုကို ကိုးကားပြီး ပြောကြားခဲ့သည်။ မလေးရှားသည် အာဆီယံက ချမှတ်ထားသော အချက် ငါးချက်ပါ သဘောတူညီချက် နှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံတွင်အားလုံးပါဝင်သောဆွေးနွေးပွဲများ ဖြစ်မြောက်ရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပိုမိုကောင်းမွန်စွာရရှိရေးတို့အတွက် တက်ကြွစွာ တွန်းအားပေးလုပ်ဆောင်နေကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071