ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက ဖုန်းလိုင်းများ ပြ-တ်တေ-ာက်ခဲ့သည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ နယ်၌ MPT ဖုန်းလိုင်းများ ပြန်လည်ရရှိအောင် ဆောင်ရွက်နေကြောင်း သိရသည်။
“အရင်က MEC ဖုန်းပဲ ဆက်ရတာ၊ အဲဒါတောင် အချိန်တိုင်းမရဘူး၊ ရန်ကုန်ကနေ မိသားစုတွေနဲ့ ဆက်သွယ်ဖို့အတွက် အဆင်ပြေမယ်ထင်တယ်” ဟု ရန်ကုန်မြို့ကို ရောက်ရှိနေသည့် ရခိုင်စစ်ရှောင်တစ်ဦးကလည်း လူမှုကွန်ရက်တွင် မှတ်ချက်ပေးသည်။
MPT ဖုန်းလိုင်းများ ပြန်လည်ရရှိစေရန် ဆောင်ရွက်ရမည့်အထောက်အကူပြုပစ္စည်းများလည်းရောက်ရှိနေပြီ ဖြစ်ကာ ယခုလအတွင်း တပ်ဆင်ဆောင်ရွက်မည်ဟုလည်း သိရသည်။
