Sunday, February 9, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsLocal Newsမဟာအောင်မြေမြို့နယ်၊မုဒုံမြို့နယ်၊မြိတ်မြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ...

မဟာအောင်မြေမြို့နယ်၊မုဒုံမြို့နယ်၊မြိတ်မြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မဟာအောင်မြေမြို့နယ်၊မုဒုံမြို့နယ်၊မြိတ်မြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဒီဇင်ဘာ ၁၀ရက်နေ့ နံနက် ၇နာရီ ၃၀မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီးမှရဲတပ်ဖွဲ့များပါဝင်သောပူးပေါင်းအဖွဲ့ဟာ သတင်းအရ မဟာအောင်မြေမြို့နယ်၊မဟာမြိုင်အပိုင်း(၂)ရပ် ကွက်၊၆၀x၆၁ကြား၊၄၃-Aလမ်းရှိ ဟိုတယ်တခုအတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

ကျော်မင်းသက်၊စိုင်းထွန်းလှ(ခ)ထွန်းလှနှင့် မဝေဝေထွန်းတို့ရဲ့ အခန်းအတွင်းရှိ ဘေးလွယ် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၀၀ ပြား(ကာလတန် ဖိုး၁၁၂သိန်း)၊စားပွဲပေါ်မှ ဆေးပြား၆၄ပြား(ကာလတန်ဖိုး ၁.၂၈သိန်း)၊မြန်မာကျပ်ငွေ ၃၅၀၀ ကျပ်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့ပါတာကြောင့် ၄င်းတို့ (၃)ဦးကို မဟာအောင်မြေ၊အမှတ်(၉)မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

အလားတူ ဒီဇင်ဘာ ၁၀ရက်နေ့၊မွန်းလွဲ ၁၂နာရီ ၄၅မိနစ်အချိန်က မွန်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ဟာ သတင်းအရမုဒုံမြို့၊မြို့မ၃ရပ်ကွက်၊မော်လမြိုင်-သံဖြူဇရပ်သွားလမ်း၊ရွှေဟင်္သာစျေးရှေ့တွင် မော်တော် ယာဉ်များကို ရှာဖွေစစ်ဆေးခဲ့ပါတယ်။

မော်လမြိုင်ဘက်မှ မုဒုံဘက်သို့ စောကလိုထူး (ခ)ကျော်ပုမောင်းနှင်ပြီး ထွန်းအုပ်လိုက်ပါလာတဲ့ မော်တော်ဆိုင်ကယ်ကို စစ်ဆေးရာမှာ ဆိုင် ကယ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၇၀ပြား(ကာလတန်ဖိုး ၁၀၁.၄သိန်း)အား သိမ်းဆည်းရမိခဲ့တာကြောင့် ၄င်းတို့ ၂ဦးအား မုဒုံမြို့မရဲ့စခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၀ရက်နေ့ ၊နံနက် ၁၀နာရီ ၃၀ မိနစ်အချိန်ကလည်း တင်္နသာရီတိုင်းဒေသကြီး၊မြိတ်မြို့မှ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မြိတ်မြို့၊နောက်လယ်ရပ်ကွက်၊ပိတောက်ရွှေဝါလမ်းကြီးပေါ်တွင် ကျော်မင်းဦး(ခ)ယူစွဖ်(ခ) ရီဆွတ် မောင်းနှင်လာသော ဆိုင်ကယ်ကို စစ် ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား(ကာလတန်ဖိုး ငွေကျပ်၇၅၀သိန်း)အား သိမ်းဆည်းရမိခဲ့ပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ၁နာ ရီ ၁၅မိနစ် အချိန်တွင် မြိတ်မြို့၊အလယ်ကျွန်းနယ်မြေ၊ပါရမီ(၂)၊ခွါညိုလမ်းနေ ဒေါ်အေးအေးသန်း(ခ)လာ ဟီမာဘီ၏ အိမ်ကို စစ်ဆေးရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား၆၀၀၀ပြား(ကာ လတန်ဖိုးငွေကျပ် ၉၀သိန်း) အား ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

ဆက်လက်ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်းလွဲ ၁နာရီ ၄၅မိနစ်အချိန်က မြိတ်မြို့၊ကန်ခေ့င်းရပ်ကွက်၊သန္တာလမ်းနေ ဒေါ်ဥမ္မာဆွေ(ခ) မရာဟီမာ၏ နေအိမ်ကို စစ်ဆေးရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား၂၀၀၀ပြား(ကာ
လတန်ဖိုး ၃၀သိန်း)အားထပ်မံသိမ်းဆည်းရမိခဲ့တာကြောင့် ၄င်းတို့ ၃ဦးကို မြိတ်မြို့မရဲစခန်းတွင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာဥပဒေအရ အမှုဖွင့် အရေးယူထားပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊တန့်ယန်းမြို့နယ်မှာလည်း ဒီဇင်ဘာ ၁၀ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ရက်၊ည ၇နာရီ ၃၀မိနစ် အချိန်က ပူးပေါင်းအဖွဲ့ဟာ သတင်းအရ တန့်ယန်းမြို့၊ရပ်ကွက် (၆)နေ ဒေါ်ပါနန်း၏နေအိမ်ကို စစ်ဆေးရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ စိတ် ကြွရူးသွပ်ဆေးပြား ၂၂၀၀၀ ပြား(ကာလတန် ဖိုး ငွေကျပ် ၁၁၀သိန်း)အား သိမ်းဆည်းရမိခဲ့
တာကြောင့် ဒေါ်ပါနန်းအား တန့်ယန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောသ်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

Zaw Gyi




အလားတူ ဒီဇင်ဘာ ၁၀ရက်နေ့၊မွန်းလွဲ ၁၂နာရီ ၄၅မိနစ်အချိန်က မွန်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ဟာ သတင်းအရမုဒုံမြို့၊မြို့မ၃ရပ်ကွက်၊မော်လမြိုင်-သံဖြူဇရပ်သွားလမ်း၊ရွှေဟင်္သာဈေးရှေ့တွင် မော်တော် ယာဉ်များကို ရှာဖွေစစ်ဆေးခဲ့ပါတယ်။







 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071